NLD အစိုးရ သဘောထားမှန်ရဲ့လား ?

ရွေးကောက်ပွဲလုပ်ဖို့ ရက်ပိုင်းအလိုမှာ သတင်းတွေ

ကမနည်းပါလား။ တပ်ရဲ့ ကြေညာချက်အပေါ်

သမ္မတရုံးက အထူးနာမည်တပ်သတင်းစာရှင်းပွဲ

လုပ်တာ။ အဲဒီသတင်းစာရှင်းပွဲကိုမှ တပ်က

ပြန်ဖြေရှင်းတာကတော့ ဒီနေ့အတွက် Special ပဲ။



တပ်ရဲ့ ကြေညာချက်အပေါ် ဥပဒေအရ 

မကိုက်ညီဘူးဆိုတဲ့စွပ်စွဲချက်အပြင် များပြားလှတဲ့အကြောင်းအရာ

တွေအပေါ် မီဒီယာကနေတစ်ဆင့် ပြန်ရှင်းတာ

ပေါ့လေ။ သတိထားမိလိုက်တာက အချက်အလက်၊ အကိုးအကားမြိုင်မြိုင်ကြီးနဲ့ ပြန်ရှင်းတာကို။

တပ်က ကြေညာချက်ပြန်ထုတ်လိုက်မယ်ထင်နေတဲ့

ကိုယ်တွေအတွေး မှားသွားတာတော့ ဝန်ခံရမယ်

ထင်တယ်။ ဆိုလိုတာက ပြင်းပြင်းထန်ထန်နဲ့

ပြန်တုန့်ပြန်မယ်လို့ ထင်ထားတာ။ သို့သော်

တပ်ဘက်က ထုတ်မပြောတဲ့ စေတနာကိုတော့

ကိုယ်သတိထားမိတယ်။ ဘာလဲဆိုတော့

ရွေးကောက်ပွဲကာလမှာ အစိုးရကို တိုက်ရိုက်ကြီး 

ဖိအားပေးလိုတဲ့ စိတ်ဆန္ဒမရှိဘူးလို့ မြင်လိုက်တာပဲ။

ခိုင်မာတဲ့အထောက်အထားရထားသူဆိုသော်ငြား

အခုလို မီဒီယာတွေကနေတစ်ဆင့်ပဲ အသိပေးတဲ့

အနေအထားလောက်ကိုခင်းသွားတာ။ ဘောမလို့

ကိုယ့်ကို သတ်မှတ်လိုက်ရင်လဲ ဒီတစ်ကြိမ်ကတော့ 

တည့်တည့်ကို မ တာလို့ ပြောချင်တယ်။ သူတို့ရဲ့

စာကို ဖတ်မှ ဦးဇော်ဌေးရဲ့ ပါတီတွေကို နှိမ့်ချ

သွားတာကွက်ကနဲပေါ်လာတယ်။ 



မနေ့ကတော့

သတိမထားမိလိုက်တဲ့အပိုင်းပေါ့လေ။

ဦးဇော်ဌေးက ပါတီနဲ့ လူအချို့ရဲ့ မသေချာတဲ့

ပြောကြားချက်အပေါ်အခြေခံထားတာလို့ စွပ်စွဲတာ။ 

ပါတီတွေက မရေရာတဲ့အဖွဲ့အစည်းတွေလား။

ပါတီအသီးသီးက ထုတ်ပြောခဲ့ကြတဲ့ တာဝန်ရှိသူ

တွေဟာ မရေရာသူတွေလား။ သိပ်ကို သတိထား

သင့်တဲ့အသုံးအနှုန်းပဲ။ တိတိကျကျ စွပ်စွဲရရင်

NLD မပါတဲ့ ကျန်ပါတီအားလုံးကို စော်ကားလိုက်တာ

ပေါ့။ ဘာလို့ NLD မပါတဲ့ပါတီတွေလို့ သုံးလိုက်ရ

သလဲဆိုရင် UEC ကို မကျေနပ်ချက်ရှိကြောင်း

ထုတ်ပြောတဲ့ပါတီတွေဟာ NLD မှအပ ကျန်ပါတီ

အကုန်လုံးဖြစ်နေလို့။UEC ကို ထောက်ခံတာ NLD ပဲရှိနေလို့ပဲ။

 ဒီတော့ ကိုယ်တွေရဲ့ ဦးဇော်ဌေးရဲ့ပြော

ကြားချက်အပေါ်အမြင်က နာမည်မတပ်သည့်တိုင်

NLD မှအပ ကျန်ပါတီတွေကို လုံးဝ စော်ကားတာလို့

မြင်လိုက်တာ။ ဟုတ်၊ မဟုတ်ကိုတော့ ပါတီတွေက

ပြန်ပြီး စဉ်းစား၊ ဆုံးဖြတ်ကြပေါ့လေ။

ငြိမ်ခံသင့်တယ်၊ တုန့်ပြန်သင့်တယ်။ ဒါတွေက

ပါတီတွေသဘော။ ကိုယ်တွေက အမြင်ကို

ထောက်ပြယုံပဲ။ ကိုယ့်အတွက် ထုတ်ထားတဲ့အဖြေကတော့ ရှင်းတယ်။ 

လက်ရှိရွေးကော်အပါအဝင်

လဒပါတီလွှမ်းမိုးနေသူခပ်များများရဲ့ တိုင်းပြည်

အပေါ် ထားတဲ့စေတနာ မူးလို့တောင် ရှုစရာမရှိဘူး။


Credit: Wai Oo Lwin 

Post a Comment

0 Comments

Total Pageviews