ကျောင်းအုပ်ကြီးတွေကို KNU မှ အဓမ္မဖမ်းဆီးခေါ်ဆောင်သွား

 KNU အဖွဲ့က မထောကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီးအား အဓမ္မဖမ်းဆီး

=================
နေပြည်တော်၊ အောက်တိုဘာ - ၂၆


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောကျေးရွာအုပ်စု၊ မထောကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီးအား KNU အဖွဲ့က အဓမ္မဖမ်းဆီး၍ KNU ၌ စစ်သားပြုလုပ်ရန်သားဖြစ်သူနှင့်လဲလှယ်ရေး အောက်တိုဘာ ၂၁ ရက်နေ့တွင် ထိကော်ထကျေးရွာ၌ဆောင်ရွက်နေကြောင်း ပညာရေးဆုံးရှုံးမည်ကိုမလိုလားသည့် ကျေးရွာသူ/ကျေးရွာများမှ နီးစပ်ရာတပ်စခန်းများမှတစ်ဆင့်တိုင်ကြားလာသဖြင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်က KNU ဗဟိုသို့ NCA အခန်း(၃)၊ အပိုဒ်(၆)၊ စာပိုဒ်(၉)/ စာပိုဒ်ခွဲ(ခ) ဖောက်ဖျက်မှုအတွက် အဓမ္မဖမ်းဆီးထားသည့် မထောကျေးရွာမူလတန်းကျောင်းအုပ် ဦးမြင့်ဇော်အားအမြန်ဆုံး ပြန်လည်စေလွှတ်ပေးရေး ကန့်ကွက်အကြောင်းကြားပြီးဖြစ်ကြောင်းနှင့် NRPC သို့လည်း အကြောင်းကြားထားကြောင်းသတင်းရရှိသည်။

Post a Comment

0 Comments

Total Pageviews