စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ အကြမ်းဖက်သူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စားသောက်ကုန်များတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီး ထိခိုက်ပျက်စီး

 စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ အကြမ်းဖက်သူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စားသောက်ကုန်များတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီး ထိခိုက်ပျက်စီး

နေပြည်တော်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ အကြမ်းဖက်သူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စားသောက်ကုန်များတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ခွန်ရွှေလှ (၃၃)နှစ်(ဘ) ဦးမောင်ငွေ မောင်းနှင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက်နေ ဆောမာ (၂၃)နှစ် (ဘ) ဦးဖိုးလျံ လိုက်ပါလာသည့် 3P-xxxx HIGH CLASS(VIP) ခရီးသည်တင်ယာဉ်သည် ကလေးမြို့မှ ဒေသထွက်စားသောက်ကုန်ပစ္စည်းများအား ရန်ကုန်မြို့သို့ ပို့ဆောင်ရန်အတွက် တင်ဆောင်ကာ နံနက် ၆ နာရီခွဲအချိန်တွင် ထွက်ခွာလာခဲ့ရာ နေ့လယ် ၁၂ နာရီ အချိန်တွင် ပုလဲမြို့နယ်၊ အင်တောပြန့်ကျေးရွာအနီး ကလေး-ဂန့်ဂေါ-ပုလဲကားလမ်း မိုင်တိုင်အမှတ် ၆၁ မိုင်အနီးအရောက် ကားလမ်း၏ဝဲဘက်အခြမ်းမှ အကြမ်းဖက်သူများ ဖောက်ခွဲခဲ့သည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါသည်။



အကြမ်းဖက်သူများ ဖောက်ခွဲခဲ့သည့် မိုင်းပေါက်ကွဲခဲ့မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်တို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ယာဉ်၏ အရှေ့လေကာမှန်၊ နောက်ကြည့်မှန်နှင့် ယာဉ်၏ ဝဲဘက်အခြမ်း လေကာမှန် ၃ ချပ် ကွဲအက် ပျက်စီးခဲ့ပါသည်။

ထိုကဲ့သို့ အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းမကြီးများဘေးတို့တွင် လက်လုပ်မိုင်းများ ဖောက်ခွဲခြင်းတို့ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

Post a Comment

0 Comments

Total Pageviews