Albendazole သန်ချဆေး

 ၁။ ဆရာရှင့် မင်္ဂလာပါ ကျွန်မ သမီးလေးက အသက် တနှစ်နဲ့ ကိုးလပါ ဝမ်းမကြာခန ပျက်နေပြီး ဝမ်းစစ်တော့ သန်ပြာကောင်ဉတွေ့ပါတယ်တဲ့ သန်ခြဆေးတိုက်ရပါတယ် သုံးရက် အခုဝမ်းပြန်စစ်တော့ ဒီအဖြေထွက်ပါတယ် ကလေးက နည်းနည်း အန်ပါတယ် အစာမကြေသလို ခုဘာဆက်လုပ်ရမလဲရှင့် ကျေးဇူးပြုပြီးဖြေပေးပါနော် သံ နဲ့ သန် မှားရေးမိတယ် sorry ပါဆရာ


မကြာခဏလို့ ရေးသင့်တယ်။ ဉ မဟုတ်။ ဥလို့ ရေးသင့်တယ်။ သန်ချဆေးလို့ ရေးသင့်တယ်။ သန်ပြားကောင်ကို ရေးလိုတာလား မသိ။


၂။ ဆရာရှင့်  ကျွန်မ အသက် ၃၄ ကလေးရှိ ၁၁ လသား မိခင်နို့တိုက် ကျွန်မ သံချဆေး သောက်လို့ရလားရှင့် ပြီးတော့ သွေးလှူလို့ကောရလား


သန်ချဆေးလို့ ရေးသင့်တယ်။ သံဆိုတာ သံချောင်း၊ သံမဏိ။


သန်ကောင်ဆိုတာ ပါးစပ်ကနေဝင်တယ်။ သန်ဥပါတာကို မသိပဲစားသောက်မိလို့ကူးစက်တယ်။ သန်ကောင်အမျိုးမျိုး ရှိတယ်။ အများဆုံးဖြစ်တာက သန်လုံးကောင် နဲ့ ပင်အပ်ပုံသန်ကောင်တွေဖြစ်တယ်။ အမျိုးမတူရင် ဆေးပေးတာလဲ မတူပါ။ အများဆုံးဖြစ်တာအတွက် တကြိမ်တည်းနဲ့ပြီးတယ်။ တချို့ကို ၂ ပါတ်အကြာမှာ တခါသောက်ရတယ်။ ပဌမအကြိမ်တုံးက ဥအနေနဲ့ ရှိနေခဲ့တာတွေ အကောင်ဖြစ်လာချိန်မှာ တခါထပ်သန်ချရတာပါ။ ၂ နှစ်အောက်ကို ဆေးတဝက်၊ ၂ နှစ်အထက် ဘယ်လောက်အသက်ကြီးကြီး ဆေးတလုံးသောက်ရတယ်။ ဆေးပြား၊ ဝါးစားရတဲ့ဆေးပြား၊ ဆေးရည်လာတယ်။ တိရစ္ဆာန်သုံးလည်းရှိတယ်။


သန်ကောင်ရှိနေရင် ခံစားရမှာ မတူပါ။ ဗိုက်နာတာ၊ ဝမ်းပျက်တာ နဲ့ စအိုယားတာတွေ။ ကလေးတွေမှာ ပိန်တယ်၊ ဗိုက်ပူတယ်။ ဒါက ဝမ်းပျက်လို့ ဆက်ဖြစ်တာပါ။ ဝက်သား မနူးတာစားလို့ တိပ်ပြာပုံသန်ကောင် ဖြစ်တတ်တယ်။ သေခြာချင်ရင် Stool ME ဝမ်းစစ်ရမယ်။



သန်ချဆေး Albendazole, Albenza, Albazole, Albendol, Albex, Mebendazole နာမည်အမျိုးမျိုးရှိတယ်။


• Roundworm အများဆုံးဖြစ်တဲ့သန်လုံးကောင် = Albendazole 400 mg တကြိမ်တည်း။ (သို့) ၂-၃ ရက်။ အသက် ၂ နှစ်အောက် ထက်ဝက်သောက်။ (သို့) Mebendazole 100 mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ သို့မဟုတ် 500 mg တခါတည်းသောက်။  Piperazine 3.5 Gm x 2-4 days ၂-၄ ရက်။ Livamisole 150 mg တခါတည်းသောက်။


• Pinworms (Enterobius vermicularis) စအိုယားစေသည့် ပင်အပ်ပုံသန်ကောင် = Albendazole 400 mg ညအိပ်ရာဝင် ၁ ကြိမ်။ ၂ ပါတ်နေရင် နောက်တခါထပ်သောက်။ (၃) ခါသောက်စေတယ်။ (သို့) Mebendazole 100 mg တနေ့ ၂ ကြိမ်သောက်။ ၂ နှစ်အောက် ထက်ဝက်သောက်။


• Giardiasis (ဂိုင်ယာဒီးယား) ပိုးဝင်၍ဝမ်းပျက်ခြင်း = Albendazole 400 mg တနေ့ ၁ ကြိမ်၊ ၅ ရက်။


• Hookworm (Ankylostomiasis) ချိတ်သန်ကောင် = Albendazole 400 mg တနေ့ ၂ ကြိမ်၊ ၃ ရက်ဆက်တိုက်။ သံဓါတ်ဆေးပါ ၂ဝဝ မီလီဂရမ် တနေ့ ၃ ကြိမ်၊ ၃ လသောက်။ (သို့) Mebendazole 100 mg တနေ့ ၂ ကြိမ်၊ ၃ ရက် + Ferrous sulfate 200 mg တနေ့ ၃ ကြိမ်၊ ၃ လသောက်။


• Neurocysticercosis အာရုံကြောထဲရောက်သော သံကောင် = Albendazole 400 mg BD လူကြီး တနေ့ ၂ ကြိမ်၊ Children 15 mg/kg BD x 8-30 days ကလေး တနေ့ ၂ ကြိမ်၊ ၈-၃ဝ ရက်သောက်။


• Strongyloides အရေပြားမှတဆင့်ဝင်သော သံကောင် = Albendazole Adult 400 mg OD/BD x 3 days တနေ့ ၁-၂ ကြိမ်၊ ၃ ရက်သောက်။


• Tapeworm (Echinococcosis, Hydatid disease, Hydatid cyst) တိပ်ပြားပုံသန်ကောင်၊ Albendazole 400 mg တနေ့ (အစာနဲ့) ၂ ကြိမ်၊ ၂၈ ရက်သောက်။ နောက် ၁၄ ရက်မှာတကြိမ်ထပ်သောက်။ (သို့) Praziquantel 10 mg/kg stat dose တကြိမ်တည်းသောက်။


• Threadworm (Seat worm, Strongyloides): Albendazole Adult = 400 mg အရေပြားကတဆင့်ဝင်သည့် သန်ကောင်၊ ညအိပ်ရာဝင် ၁-၂ ကြိမ်၊ ၃ ရက်။ ၂ နှစ်အောက် ထက်ဝက်သောက်။


•Whipworm (Trichuriasis) ကျာပွတ်နှင့်တူသော ဝမ်းပျက်စေသည့် သန်ကောင် = Albendazole 400 mg ညအိပ်ယာဝင် ၁ ကြိမ်၊ ၃ ရက်။ ၂ နှစ်အောက် ထက်ဝက်သောက်။


• Filariasis ဆင်ခြေထောက်သန်ကောင် = Albendazole 400 mg တကြိမ် + Ivermectin 200 μg/kg; 400 mg ဆင်ခြေထောက်ရောဂါ၊ တနေ့ ၂ ကြိမ်၊ ၃ ပါတ်။


Albendazole ဘေးထွက်သက်ရောက်မှုများ = ပျို့-အန်၊ ဆံပင်ကြွတ်၊ အစာအိမ်အောင့်၊ Albendazole နဲ့ Mebendazole သန်ချဆေးကို ကိုယ်ဝန်မှာ မသောက်သင့်ပါ။ တချို့တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်တွေကို သောက်စေတယ်။ နို့မတိုက်မီ ၁ ကြိမ်ပေးလို့ရတယ်။ Albendazole ဆေးတိုက်ရင် ကလေးကိုယ်အလေးချိန် ၂ဝ ပေါင် အနည်းဆုံးရှိရမယ်လို့ ဆေးသုတေသနကဆိုပါတယ်။


ဒေါက်တာတင့်ဆွေ

Post a Comment

0 Comments

Total Pageviews