မနေ့က မြန်မာနိုင်ငံရဲ့ သမိုင်းဝင်နေ့တွေထဲမှာ တစ်ရက်အနေနဲ့ တိုးတယ်။
မဲပေးရတဲ့နေ့မဟုတ်လား။ ကိုယ်တွေကတော့ နေ့လယ်မှ မဲသွားပေးတယ်။
မဲပေးနေရင်းနဲ့ တွေ့ရတာက ကျန်းမာရေးစည်းကမ်းဆိုတာတွေ၊
မဲစာရင်းတိကျမှုဆိုတာတွေမှာ ပြောစရာတွေ မနည်းဘူး။
တန်းစီနေတဲ့ လူတန်းရှည်ကြီးထဲမှာ ကိုဗစ်လူနာမပါပါစေနဲ့
ဆုတောင်းရတာကတော့ ကုသိုလ်ရမယ်ထင်ပါရဲ့။
ထားပါတော့လေ။
ကိုယ်တွေ မဲပေးပြီးအပြန်မှာ ကလေးအမေတစ်ယောက်ရဲ့ ငြီးသံကြားရတယ်။
ဆာလိုက်တာနော်တဲ့။
တစ်ဆက်တည်းကြားတာက အိမ်မှာကျန်နေတဲ့ကလေးတော့ နို့ဆာနေမှာပဲ။
ဘယ်လောက်တောင်ကြာဦးမလဲ မသိဘူးဆိုတဲ့ ငြီးသံ။
ဖြတ်ကနဲ ဒေါက်တာမျိုးညွန့်မျက်နှာကို မြင်မိတယ်။
တစ်ဆက်တစ်စပ်တည်းမြင်တာက တပ်ချုပ်မျက်နှာ။
မဲပေးလာတဲ့သူတွေ အဆာပြေစားလို့ရအောင်
စားစရာနဲ့ ရေလေးတွေ စီစဉ်ပေးထားလိုက်ပါလို့
တပ်ချုပ်က သူ့တပည့်တွေကို မှာထားတာကိုလဲ သတိရမိလိုက်တာ။
ကုသိုလ်ကို ရှေးရှုတဲ့လမ်းညွှန်ချက်။
ကောင်းပါ့။ သာဓုခေါ်မိပါရဲ့။ ပြောပြီးမှမကြာသေးဘူး။
ဒေါက်တာကြီးက တပ်ကအခုလိုလုပ်တာဟာ
ရွေးကောက်ပွဲကို ထိခိုက်နိုင်လို့ စိတ်ပူသတဲ့။
နိမ့်လိုက်တဲ့အတွေးအခေါ်။
တပ်ကို ပါတီတစ်ခုလို့ ထင်နေလေသလား။
တပ်က ပါတီတစ်ခုအတွက် မဲဆွယ်နေတယ်လို့ ထင်လေသလား။
ဆာလောင်နေသူတွေ၊ ရေလေးတစ်ပေါက်လောက်
သောက်ပါရစေဆိုသူတွေ မြန်မာမှာ နည်းလိမ့်မယ်တော့မထင်။
တစ်နပ်စာသောဒါန၊ တစ်ခွက်စာသော ကုသိုလ်ကိုတောင်
ကိုယ့်ပါတီကို ထိခိုက်မယ်ထင်လို့ ကန့်ကွက်သံ
ထွက်လာတာဟာ ပြည်သူကို မျက်နှာမူတာမှ
ဟုတ်ပါလေစလို့ တွေးစရာကိုမလိုတာ။
ငါတို့ပါတီအာဏာရရင် ပြီးရော။
ဆာယုံမက သေသေလို့များ သဘောထားခဲ့လေသလား။
ကိုယ်တွေအတွေးကတော့ ရှင်းတယ်။
လဒပါတီအနေနဲ့အနိုင်ရလို့
အစိုးရထပ်ဖွဲ့ခွင့်ရခဲ့ရင်တောင် အာဏာလိုချင်ယုံမှအပ
ပြည်သူအပေါ် ထားတဲ့စေတနာ မူးလို့တောင် ရှုစရာ မရှိဘူး။
0 Comments