မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ

 မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ

===================================
နေပြည်တော်၊ နိုဝင်ဘာ - ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ဦးဟန်ဝင်း၏ နေအိမ်အနီးသို့ နိုဝင်ဘာ ၂၅ ရက်၊ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် နမ့်ခမ်းဘက်မှ ဆိုင်ကယ်ဖြင့်အမျိုးသား ၂ ဦးရောက်ရှိလာပြီး နေအိမ်ရှေ့ကားလမ်းပေါ်မှနေ၍ လက်လုပ်မိုင်းတစ်လုံးအား နေအိမ်ဝန်း အတွင်းသို့ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။


အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် လူများထိခိုက်မှုမရှိဘဲ ခြံစည်းရိုးနှင့် ကပ်လျက် အလုပ်သမားတန်းလျားကော်ရစ်တာ မျက်နှာကျက်အလျား ၃၀ ပေ၊ အနံ ၄ ပေနှင့် ပြတင်းပေါက်မှန် ၂ ချပ် ကွဲအက်ပျက်စီးခဲ့ပြီး အဆိုပါဆိုင် ကယ်မောင်းနှင်လာသူ ၂ ဦးမှာ မူဆယ်ဘက်သို့မောင်းနှင်ထွက်ပြေးသွား ခဲ့သည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားခံများအားဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Post a Comment

0 Comments

Total Pageviews