မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအနီး ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၈၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

 မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအနီး ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၈၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

==============================

နေပြည်တော်၊ နိုဝင်ဘာ - ၂၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီခန့်တွင် ကြိမ်ချောင်းကျေးရွာ၏အနောက်ဘက် မီတာ ၉၀၀၀ ခန့်အကွာ ဖက်လိပ်ပြင်-ကျောက်ချောင်းလူသွားလမ်းပေါ်မှ တောင်မှမြောက်သို့အထုပ်ကိုယ် စီသယ်ဆောင်လာသည့် မသင်္ကာဖွယ်ဘင်္ဂါလီ ၄ ဦးအားတွေ့ရှိရသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ ၎င်းတို့သယ်ဆောင်လာသည့် အထုပ်များအားပစ်ချ၍ ထွက်ပြေးသွားခဲ့သည်။



အဆိုပါ အထုပ် ၄ ထုပ်အားစစ်ဆေးရာ အထုပ်များအတွင်းမှ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၄၀၀၀၀၀ ပြား(ကာလတန်ဖိုး ခန့်မှန်းငွေကျပ် သိန်း ၈၀၀၀ ခန့်) အားသိမ်းဆည်းရမိခဲ့သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့သို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်းသတင်းရရှိသည်။

http://dsinfo.org/node/692

Post a Comment

0 Comments

Total Pageviews