စစ်သားဟာ စစ်သားအတွေးနဲ့ပဲတွေးပြီး ဆောင်ရွက်တယ်
=========================
မှတ်မိသလောက်ဆိုရင် ကိုဗစ်ရောဂါ
မြန်မာနိုင်ငံမှာ စဖြစ်တဲ့အချိန်ကနေ
လက်ရှိအချိန်ထိ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့
ညှိနှိုင်းအစည်းအဝေးကို (၉)ကြိမ် အထိ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးစီးပြီး ဆောင်ရွက်ခဲ့တယ်။
-------------
ကျန်းမာရေးဝန်ကြီးဌာနက
မြန်မာနိုင်ငံမှာ အတည်ပြုလူနာမရှိသေးဘူးလို့ ကြေငြာနေတုန်းမှာ
တပ်မတော်က အမိန့်ညွှန်ကြားချက်တွေထုတ်ပြန်ပြီးတော့
သူ့တပ်တွေကို လော့ဒေါင်းစလုပ်စေခဲ့သလို
လွှတ်တော်ထဲက ကိုယ်စားလှယ်တွေကိုလည်း မက်စ်တွေတပ်စေပြီးခဲ့ပြီ။
ဒါကြောင့်လည်း စစ်သည်အင်အား (၅)သိန်းပတ်ခြာလည်ရှိတဲ့
တပ်မတော်မှာ Second Wave ဖြစ်တဲ့အချိန်ထိ
ပြည်ပကူးစက်မှု ၁၈ ဦး၊ ပြည်တွင်းကူးစက်မှု ၂၈ ဦးသာ ရှိခဲ့တယ်။
-------------
တပ်မတော်ရဲ့ Q စင်တာတွေမှာ လူပေါင်း (၆)ထောင်ကျော်အထိ
စားရေး နေရေး၊ ထိုင်ရေး အဆင်ပြေအောင်
အခမဲ့(အခမဲ့) စီစဉ်ဆောင်ရွက်ပေးခဲ့သလို
တိုင်းစစ်ဌာနချုပ်က နယ်မြေအသီးသီးမှာလည်း
အရပ်ဖက်ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းတွေကို လိုအပ်တဲ့
ထောက်ပံ့မှုတွေ အပြည့်အဝဆောင်ရွက်စေခဲ့တယ်။
တိုင်းစစ်ဌာနချုပ်အလိုက် သက်သာတဲ့ တန်ဖိုးသင့်ထမင်းဟင်းတွေ
ရောင်းချပေးစေခဲ့တယ်။
တပ်ပိုင်မွေးမြူရေးက ထွက်တဲ့သား/ငါးတွေကို ဈေးနှုန်းချိုသာစွာနဲ့
ပြည်သူတွေအတွက်ရောင်းချပေးစေခဲ့တယ်။
------------------
ကိုဗစ်လူနာတွေထားတဲ့ အစိုးရရဲ့ဖောင်ကြီး ကိုဗစ်စင်တာကိုလည်း
တပ်မတော်ရဲ့ ပါရဂူ၊ ဆရာဝန်၊ အထက်တန်းသူနာပြုတွေကို
(၈)ကြိမ်အထိ အရပ်ဖက် ဆရာဝန်တွေနဲ့ ပူးတွဲပြီး
တာဝန်ကူညီဆောင်ရွက်စေခဲ့တယ်။
--------------
RT ၊ PCR ၊ COBAS 6800 စက်တွေကိုလည်း
ရန်ကုန်၊ နေပြည်တော်၊ ကျိုင်းတုံနဲ့စစ်တွေတွေကို ပို့ဆောင်ပြီး
ပြည်သူတွေ စစ်ဆေးနိုင်ဖို့အတွက် ဖြန့်ခွဲဆောင်ရွက်စေခဲ့တယ်။
------------------
တပ်မတော်သားတွေဆီကရတဲ့ လှူဒါန်းငွေတွေနဲ့
မြို့မိမြို့ဖတွေကို လှူပေးတာက ငွေကျပ်သိန်း ၃၉၀၀။
တိုင်းရင်းသားနယ်မြေတွေကို လှူပေးတာက ငွေကျပ်သိန်း ၄၃၀၀။
လူမှုအဖွဲ့အစည်းများကို လှူတာက ငွေကျပ်သိန်း ၆၀၀။
ဘာသာရေးအသင်းအဖွဲ့တွေကို လှူပေးတာက ငွေကျပ်သိန်း ၁၇၀၀။
စစ်မှုထမ်းဟောင်းနဲ့ရဲမှုထမ်းဟောင်းအဖွဲ့တွေကို လှူပေးတာက
ငွေကျပ်သန်း ၇၄၀၀ စသဖြင့်
တပ်မတော်က လှူဒါန်းပေးခဲ့တယ်။
--------------
ရခိုင်မှာ ကိုဗစ်စပြီး အကြီးအကျယ် ပြန့်လာတဲ့အချိန်မှာ
ကိုဗစ်ကုသရေး ပစ္စည်းတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေကို
နေ့/ည မဆိုင်းပဲ ချက်ခြင်း
တပ်မတော်လေယာဉ်နဲ့ ပို့ဆောင်စေခဲ့တယ်။
---------------------
ကိုဗစ်ကာလမှာ တပ်မတော်ဟာ
-ကာကွယ်ရေးအတွက် သူ့တပ်တွေကို စည်းကမ်းတကျနေစေဖို့
အမိန့်ညွှန်ကြားချက်တွေထုတ်ပြန်ပြီး စနစ်တကျ တုန့်ပြန်ခဲ့တယ်။
-ကုသရေးအတွက် Q စင်တာတွေလုပ်ပြီး
စနစ်တကျ တုန့်ပြန်ခဲ့တယ်။
-ထိန်းချုပ်ရေးအတွက် လည်း လိုအပ်တဲ့
စက်တွေတပ်ဆင်ပြီးဆောင်ရွက်သလို
တပ်မတော်ဆေးအဖွဲ့ကိုလည်း အရပ်ဖက်ဆေးအဖွဲ့တွေနဲ့
ပူးပေါင်းဆောင်ရွက်စေခဲ့တယ်။
-ဘာသာရေးအတွက် ဘူမိဖဿဘုရားကို
ဧရာဝတီမြစ်ရေတက်တဲ့ ဝါခေါင်လအတွင်း
စနစ်တကျ သယ်ဆောင်ဖို့ကြိုးစားခဲ့သလို
ဆွမ်းအခက်အခဲဖြစ်နေတဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း
လိုအပ်တဲ့ လှူဒါန်းမှုတွေကို တိုင်းစစ်ဌာနချုပ်အသီးသီးအလိုက်
ဆောင်ရွက်စေခဲ့တယ်။
----------------------
ကူးစက်မှုနှုန်း လျော့နည်းသွားတဲ့အခါ
ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီလို့
တပ်မတော်က မကြွေးကျော်ခဲ့သလို
ကူးစက်မှုနှုန်း များလာတဲ့အခါ
ပြည်သူတွေ စည်းကမ်းမရှိလို့ဆိုပြီးအပြစ်မတင်ခဲ့ဘူး။
ပြည်သူတွေ လိုအပ်တဲ့အခါ
လိုအပ်သလို အကူအညီပေးနိုင်ဖို့အတွက်သာ
အဆင်သင့်ဖြစ်နေအောင် စနစ်တကျ စီမံဆောင်ရွက်ခဲ့တယ်။
ဒါကြောင့်လည်း ကာကွယ်ရေးဘတ်ဂျက်မဟုတ်တဲ့
တပ်မတော်သားတွေရဲ့ အလှူငွေ ၄. ၅ ဘီလီယံကို
ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးချခဲ့တယ်။
တကယ်တော့
နိုင်ငံရေးအသွေးအရောင်မပါတဲ့
တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေဟာ
စစ်သားပီပီ တချိန်ကောင်းအတွက်တင်မဟုတ်ဘဲ
အနာဂတ်အထိပါ မျှော်တွေးကြည့်ပြီးလုပ်ပါတယ်။
တချို့ကြတော့လည်း တပ်မတော် နာမည်ရမှာစိုးလို့
မနိုင်ဝန်တွေလည်း ထမ်းနေကြတုန်းပဲ။
#ဖိုးစည်
0 Comments