Nothing lady နဲ့ ဘာရမလဲသာဝရာ
Chair NLD ပေစ့်ကနေ
ဘာရမလဲ သာဝရာ မင်းလောက်တော့
ငါပါးပါသေးတယ်ကွာ ဆိုပြီး ရေးထားတော့
ဟာ!
သမပြီဟ !
တပ်ကကြေငြာချက်ထုတ်တာကို ပြန်သမပြီ
တပ်ကအလူးအလဲခံရပွီပေါ့။ သာဝ ထက်သာတဲ့ ပြည်သူတွေပါဆိုပြီး
ထပ်ရေးထားတော့
ဒီ သာဝ က ဘာတုန်း
ဘယ်သူလဲ ဆိုပြီး အတော်လည်း
စိတ်ဝင်စားလာတယ်။
-
ဒါနဲ့ မောင်သာဝကို ရှာပုံတော်ဖွင့်ရတော့တာပဲ
ရှာရင်း ရှာရင်းနဲ့ တွေ့ပါပြီဗျာ မောင်သာဝ ကို
တေးရေး ချိုတေးဆက် ကိုအောင်ကိုး ရေးပြီး
တေးသံရှင် ရီလေး ဆိုထားတဲ့ မောင်သာဝသီချင်း။
-
နားထောင်ကြည့်တော့
`အသစ်ကိုတွေ့ မေ့ကာနေမှာ
အချစ်ကိုလဲ ရှေ့တွင်သာချွဲကာဘဲ ´ နဲ့
ဘယ်နှယ့် သာဝ က ဘယ်လိုကြီးတုန်း။
-
`ဘာရမလဲ သာဝရာ မောင့်လောက်များ
မေကလဲ ပါးပါသေးတယ်ကွာ´ နဲ့
အံသြပဗျာ ခင်ဗျားသာဝ က
လျောက်လည်လို့ မေက စိတ်မချပဲ
မျှော်လင့်တကြီးနဲ့ မျှော်နေတဲ့
မေမျှော်သာဝကြီး
လင်မျှော်သာဝကြီးဗျ။
#Nothing_Lady ရယ်
ဒီအရွယ်ကြီးကျမှ မမျှော်သင့်တော့ပါဘူးဗျာ
0 Comments