မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းသို့ ဝင်ရောက်စစ်ဆေးစဉ် AA အကြမ်းဖက် သောင်းကျန်းသူတရားခံပြေးတစ်ဦးအား ဖမ်းဆီးရမိ

 မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းသို့ ဝင်ရောက်စစ်ဆေးစဉ် AA အကြမ်းဖက် သောင်းကျန်းသူတရားခံပြေးတစ်ဦးအား ဖမ်းဆီးရမိ


နေပြည်တော်၊ နိုဝင်ဘာ - ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ မြောက်ဦးမြို့ရှိမြောက်ဦးကျောင်း တိုက်ပွဲရှောင်စခန်းသို့ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် စစ်ဆေးမှုများဆောင်ရွက်စဉ် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း မြောက်ဦးမြို့အနီးရှိ နယ်မြေခံရဲတပ်ဖွဲ့စခန်းအား AA အကြမ်းဖက် သောင်းကျန်းသူများမှ တိုက်ခိုက်သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အမှုအမှတ် (ပ-၄၉/၂၀၁၉)/အကြမ်းဖက်ဥပဒေပုဒ်မ၊ ၅၀-ဃ/ဈ/၅၄ အမှုမှ တရားခံပြေး အမှတ် (၂၇/၂၀၁၉)ဖြင့် ကြေညာထားသူ တရားခံပြေး လှတင်နု၊ ၃၈ နှစ်၊ (ဘ) ဦးမောင်လှအောင်၊ လက္ကာကျေးရွာနေသူအား ဖမ်းဆီးရမိခဲ့သည်။

 အဆိုပါဖမ်းဆီးရမိ တရားခံပြေး လှတင်နုအား စစ်တွေတရားရုံးသို့ လွှဲပြောင်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments

Total Pageviews