မြန်မာ့တပ်မတော်(လေ)က ရုရှားထုတ် SU 30SME များ မကြာခင်လက်ခံရရှိတော့မည်၊ ၎င်းနှင့်အတူ ဒုံးကျည်စနစ် ၄ မျိုးပါမှာယူထား

 မြန်မာ့တပ်မတော်(လေ)က ရုရှားထုတ် SU 30SME များ မကြာခင်လက်ခံရရှိတော့မည်၊ ၎င်းနှင့်အတူ ဒုံးကျည်စနစ် ၄ မျိုးပါမှာယူထား

ပထမအသုတ်အဖြစ်မှာယူထားတဲ့ SU 30SME တိုက်လေယာဉ်တွေရဲ့ နမူနာ စမ်းသပ်ပျံသန်းမှုတွေ ပြီးစီးခဲ့ပြီဖြစ်တာကြောင့် မကြာမီအချိန်အတွင်းမှာ ရုရှားကနေ မြန်မာ့တပ်မတော်(လေ)ကို ပို့ဆောင်ပေးတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။
တပ်မတော်(လေ) အနေနဲ့ အဆိုပါတိုက်လေယာဉ်အမျိုးအစား ၆ စီးကို ၂၀၁၈ ခုနှစ်က ပထမအသုတ်အဖြစ်စတင်မှာယူခဲ့ခြင်းဖြစ်ပြီး နောက်ထပ် ၆ စီးကိုတော့ ၂၀၁၉ ခုနှစ်မှာ ထပ်မံ မှာယူခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒုတိယအသုတ်ကိုတော့ ၂၀၂၄ ခုနှစ်မှာ စတင်ရရှိလိမ့်မယ်လို့လည်း မျှော်မှန်းရပါတယ်။


SU 30SME တိုက်လေယာဉ်စနစ်ဟာ လှုပ်ရှားပျံသန်းမှုစွမ်းရည် ကောင်းမွန်လှတဲ့ ဘက်စုံသုံးတိုက်လေယာဉ်စနစ်ပါ။ အဆင့်မြှင့် Phased-Array ရေဒါစနစ်၊ thrust vector ထိန်းချုပ်မှု ပြုလုပ်နိုင်တဲ့ အင်ဂျင်စနစ်နဲ့ အဆင့်မြှင့်မြင်ကွင်းပြသမှုစနစ်တွေပါဝင်ပါတယ်။
ဒါ့အပြင် တိကျမှုမြင့်မားတဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်၊ ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်စနစ်နဲ့ သင်္ဘောဖျက်ဒုံးကျည်စနစ်တို့ကိုလည်း တပ်ဆင်အသုံးပြုနိုင်စွမ်းရှိပါတယ်။
တပ်မတော်(လေ) အနေနဲ့ Su 30SME အတွက် ဝေဟင်မှမြေပြင်ပစ် Kh 59ME ဒုံးကျည်စနစ်၊ ရေဒါလှိုင်းဖျက်ဒုံးကျည်စနစ် Kh 31P၊ သင်္ဘောဖျက် Kh 31A ဒုံးကျည်စနစ်နဲ့ ဝေဟင်မှဝေဟင်ပစ် R 77(RVV AE) ဒုံးကျည်စနစ် ၄ မျိုးကိုလည်း မှာယူထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
Su 30SME စနစ်ဟာ အကွာအဝေး ၄၀၀ ကီလိုမီတာက ပစ်မှတ်ကို ထောက်လှမ်းနိုင်တဲ့အပြင် ကီလိုမီတာ ၁၁၀ အကွာက ပစ်မှတ်ကို ချိန်ရွယ်ပစ်ခတ်နိုင်စွမ်းရှိတဲ့ တိုက်လေယာဉ်စနစ်ပါ။
တပ်မတော်(လေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကတော့ ၂၀၁၈ ခုနှစ် မော်စကိုမှာကျင်းပပြုလုပ်တဲ့ Su-30SM တိုက်လေယာဉ် စနစ်ကိုပျံသန်းခဲ့ဖူးသလို ၂၀၁၉ ခုနှစ်ကလည်း အိန္ဒိယလေတပ်ရဲ့ Sukhoi-30 MKI စနစ်ကိုလည်း ပျံသန်းခဲ့ဖူးတယ်လို့ သိရှိရပါတယ်။
တည်ရှိပြီးဖြစ်တဲ့ MiG 29UB/SE/SM တိုက်လေယာဉ် ၃၁ စီး၊ JF 17 Block II တိုက်လေယာဉ် ၁၆ စီးနဲ့ ယခုထပ်မံရောက်ရှိလာတော့မယ့် Su 30SME စနစ်တွေသာ ပေါင်းလိုက်မယ်ဆိုရင် ဒေသတွင်းနိုင်ငံတွေ အတွက်တော့ရင်လေးစရာ ဖြစ်လာပါလိမ့်မယ်။
Ref-MyanmarDefenceReview
MyanmarNews24

Post a Comment

0 Comments

Total Pageviews