NLD ဝန်းရံသူ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က တပ်မတော်တစ်ရပ်လုံးအား စစ်ခွေးများဟု သုံးနှုံးမှု ပြည်သူများက အပြင်းအထန်ဝေဖန်နေကြပြီး ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပေးရန်တောင်းဆိုနေကြ
နေပြည်တော်၊ အောက်တိုဘာ ၂၄
အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း(UBP ပါတီဥက္ကဋ္ဌ)၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ "ဦးကျော်ကျော်လှိုင်နှင့် တိုက်ရိုက်ဆွေးနွေးမှု ထုန်လွှင့်မည်ဖြစ်ကြောင်း" အသိပေးဖော်ပြထားသည့် အကြောင်းအရာအောက်တွင် NLD ဝန်းရံသူ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က စစ်ခွေးတွေကိုအရောမဝင်ပါနဲ့ဟု မှတ်ချက်ရေးသားခဲ့မှုအပေါ် လူမှုကွန်ရက်သုံးစွဲသူပြည်သူများ၊ တပ်မတော်အပေါ်ထောက်ခံသူများ၊ တပ်မတော်သားများနှင့် စစ်မှုထမ်းဟောင်းများက အပြင်းအထန် ရှုတ်ချဝေဖန်နေကြမှုများမှာ မြင့်တက်လျက်ရှိပါတယ်။
ဦးညီညီထွန်းလွင်က "ကိုကျော်ကျော်လှိုင်ရေ လုံးဝအားမပေးပါ။ ကိုယ်ပါရောပြီးနာမည်ပျက်မယ်။ နောက်ကိုဆင်ခြင်ပါ။ စစ်ခွေးတွေနဲ့ အရောမဝင်ပါနဲ့"ဟု တပ်မတော်တစ်ရပ်လုံးကိုပါ သိမ်းကြုံးပြီး မှတ်ချက်ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ယူထားသည့်ရာထူး ရောက်နေသည့်နေရာနှင့် မလျော်ညီစွာ လူကြီးလူကောင်းမဆန်ပဲ အောက်တန်းကျသော စိတ်ထားဖြင့် မှတ်ချက်ပြုခဲ့မှုအပေါ် ဝိုင်းဆဲနေကြပြီး ဝေဖန်မှုများမြင့်တက်လာရာ မကြာမီတွင် မှတ်ချက်အား ပြန်ဖျက်သွားပါတယ်။
ညီညီထွန်းလွင်၏ပြောဆိုမှုအပေါ် "ဒါလားလူကြီး အသက်ကြီးပြီးအချိန်မစီးဘူး" ဟုလည်းကောင်း၊ "Nyi Nyi လူကြီးလူကောင်းမှတ်နေတာ.. ထမိန်ခြုံပြီးစုံလုံးကန်းနေတဲ့သူဘဲ" ဟုလည်းကောင်း။ " ထမိန်ခြုံနီပိန်း ငှက်ကဋ္ဌ" ဟုလည်းကောင်း၊ " ထမိန်ရှူ ငဖားကြီး "ဟုလည်းကောင်း ဦးညီညီထွန်းလွင်၏ မှတ်ချက်အောက်တွင် ပြန်လည် တုံ့ပြန်ရေးသားထားသည်ကို တွေ့ရသည်။
ထိုသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တစ်ယောက်က လူကြီးလူကောင်းမဆန်ဘဲ စိတ်ဓာတ်အောက်တန်းကျစွာဖြင့်ပြောကြားမှုအပေါ် လူမှုကွန်ရက်တွင် ပြည်သူများက အပြင်းအထန် ဝေဖန်ရှုတ်ချ ဆဲဆိုနေကြသည့်အပြင် ၎င်းကို ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌရာထူးမှဖယ်ရှားပေးရန်လည်း ပြန်ကြာရေးဝန်ကြီးဌာနကို တောင်းဆိုနေကြသည်။
#ရွှေမြန်မာမီဒီယာ #တပ်မတော် #သူရဦးရွှေမန်း #ညီညီထွန်းလွင် #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #ဥက္ကဋ္ဌ
Credit: Shwe Myanmar Media
0 Comments