တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကြိုတင်မဲပေးမည်မဟုတ် ၊ ရွေးကောက်ပွဲပြုလုပ်သည့် ရက်မှသာ ပေးမည်

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကြိုတင်မဲပေးမည်မဟုတ် ၊ ရွေးကောက်ပွဲပြုလုပ်သည့် ရက်မှသာ ပေးမည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မှ အရာရှိကြိးများ အနေဖြင့် ရွေးကောက်ပွဲ အတွက် ကြိုတင် ဆန္ဒ မဲ ပေးမည် မဟုတ်ပဲ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ မှသာ မဲပေးမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုပြောကြားလိုက်သည်။



၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည်ဖြစ်ပြီး ထိနေ့ ရက်မတိုင်ခင် အကြောင်း တခုခုကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကြိုတင် မဲ ပေးမည်ဆိုပါက လည်း အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်တော့ အစီအစဉ်မရှိဘူး။ ကြိုတင် မဲပေးဖို့ ကို ယခင် ကတည်းက အစီအစဉ်မရှိဘူး။ ရွေးကောက်ပွဲနေ့မှာပဲ သာမန်ပြည်သူ လူထုလိုပဲ ပေးမှာဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။
နိုင်ငံတော်သမ္မတက တာမွေမြို့နယ်အတွက်ကြိုတင်ဆန္ဒမဲပေးမည်ဖြစ်ပြီး၊ အတိုင်ပင်ခံပုဂ္ဂိုလ်က ဗဟန်းမြို့နယ်အတွက် နေပြည်တော်တွင် ကြိုတင်ဆန္ဒမဲပေးမည်ဖြစ်ကြောင်း သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကအတည်ပြု ဖြေကြားထားပြီး ဖြစ်သည်။
ကြိုတင် မဲများကို အောက်တိုဘာလ ၂၉ ရက်တွင် စတင်ပေးနိုင်ပြီး နေပြည်တော်ကောင်စီ နယ်မြေတွင် ကြိုတင် မဲပေးမည့်သူ ဦးရေ တစ်သိန်းကျော် ရှိကြောင်း နှင့် ကောင်စီနယ်မြေ တွင် မဲပေးခွင့်ရှိသူ ၉ သိန်းကျော် ၊ မဲရုံပေါင်း ၆၄၆ ရုံ ပြင်ဆင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Credit: fifth wave

Post a Comment

0 Comments

Total Pageviews