ကျေးဇူးမတင်ချင်နေပါ... ကျေးဇူးတော့မကန်းပါနဲ့

 ကျေးဇူးမတင်ချင်နေပါ... ကျေးဇူးတော့မကန်းပါနဲ့



ရုပ်ရှင်ငှက်ကဌ ကြီး ဦးညီညီထွန်းလွင်ကတော့ 

တမင်တကာ လုပ်သလား.... မရည်ရွယ်ပဲ လုပ်မိသလားတော့မသိပေမယ့်

တပ်မတော်တစ်ရပ်လုံးကို စော်ကားလိုက်သလိုပဲ

တပ်မတော်သားတွေကို စစ်ခွေးလို့ သုံးနှုန်းလိုက်တယ်...

.

ရွေးကောက်ပွဲနီးလာတော့ မဆီမဆိုင်တဲ့ တပ်မတော်ကို 

တိုက်ခိုက်သူတွေလည်း များလာတော့ 

တိုက်ဆိုင်မှုဆိုတာ အလကားမဟုတ်ဖူးလို့လည်း တွေးမိတယ်

.

သူရဦးရွှေမန်းရဲ့ facebook post တစ်ခုရဲ့အောက်မှာ

" ကိုကျော်ကျော်လှိုင်ရေ လုံးဝအားမပေးပါ ကိုယ်ပါရောပြီး

နာမည်ပျက်မယ်.. နောက်ကိုဆင်ခြင်ပါ... စစ်ခွေးတွေနဲ့ 

အရောမဝင်ပါနဲ့ " လို့ မှတ်ချက်ပေးထားတာဟာ မတော်တဆ

ရေးမိတယ်လိုတော့ မထင်ပါဘူး....


.

လက်ရှိကိုဗစ်ဖြစ်နေတဲ့ ကာလမှာတောင် တပ်မတော်က 

ရုပ်ရှင်အဖွဲ့အစည်းအတွက် အခြေခံစားသောက်ကုန်တွေ

လှူဒါန်းပေးခဲ့တာလည်း ဖြစ်ပါတယ်...

အရင်က တပ်မတော်အပေါ် ဖားခဲ့တဲ့သူက ခုချိန်မှာ

ကိုယ်တိုင် သာကူးလုပ်တာမပြောလိုပေမယ့်...

ကျေးဇူးရှိခဲ့ဖူးတာတွေကိုတော့ ထောက်ထားဖို့ ပြောချင်ပါတယ်...



Post a Comment

0 Comments

Total Pageviews