ငြိမ်းချမ်းရေးက မဲဆွယ်ပွဲလောက် အရေးမကြီးလို့လား?

 ဒီနေ့ အောက်တိုဘာ ၁၅ ရက်က

NCA လက်မှတ်ထိုးတာ ၅ နှစ်ပြည့် 

တစ်နှစ်ကနေ လေးနှစ်အထိ နှစ်ပတ်လည်

အခမ်းအနားတွေကို ကျင်းပခဲ့ပေမယ့်

အခု ၅ နှစ်ပြည့်မှာ COVID ကြောင့်

လက်ရှိအစိုးရက မကျင်းပပေးပါဘူး

NO ပါတဲ့။


မ NO လို့လဲ မရဘူးလေ

NCA အသွင်ပြောင်း ပင်လုံကလဲ ပလုံဖြစ်

ဟိုက အဓိကအဖွဲ့ ၈ ဖွဲ့နဲ့ လက်မှတ်ထိုးခဲ့တာ

သူတို့က ပါချီပါချက် ၂ ဖွဲ့နဲ့

အရေးထဲ UWSA က ထပြန်၊

မြောက်ပိုင်းမဟာမိတ်က မတက်ရောက်နဲ့

အရှက်က ရသေး။

အခုချိန် ရွေးကောက်ပွဲနီးမှ

NCA နှစ်ပတ်လည်လုပ်ရင်

ဦးသိန်းစိန်အောင်မြင်မှုကို ဂုဏ်ပြုရမှာဆိုတော့

သူတို့ပါတီ ပုံရိပ်ကျမှာ ကြောက်ပြီး 

COVID ကို အကြောင်းပြရတာပေါ့။


အခုမှ COVID ကို အကြောင်းပြတာ

နေပြည်တော် NLD မဲဆွယ်လှည့်လည်ပွဲမှာ

လက်ကလေးတပြပြ၊ ရုံးဖွင့်ပွဲမှာ အလံကြီးစိုက်လို့ စိုက်၊

မဲပေးပုံ သရုပ်ပြပွဲတောင် မော့တော့ မော့တော့နဲ့

သွားခဲ့တာတွေကျတော့ 

COVID မကြောက်ဘူးလားဗျာ။

လုပ်ချင်ရင်များ အလွယ်လေး

COVID ကာလ Video Conferencing နဲ့

ဆွေးနွေးသလို တိုင်းရင်းသားလက်နက်ကိုင်တွေကို

Video Conferencing နဲ့ အားပေးစကားပြော

ငြိမ်းချမ်းရေးအဓွန့်ရှည်တည်တံ့အောင်

တည်ဆောက်ကြပါစို့လို့ စည်းရုံးရင်

မရဘူးလားဗျာ။

ဪ… အရင်က တိုင်းရင်းသားလက်နက်ကိုင်တွေကို 

အလျင်စလို လက်မှတ်မထိုးကြနဲ့လို့ ပြောခဲ့တာကို

ပြန်တွေးပြီး ရှက်လို့ဖြစ်မယ်။


ကိုမိုးဆွေ

၁၅/၁၀/၂၀၂၀


Post a Comment

0 Comments

Total Pageviews