တပ်မတော်က ရေငုပ်သင်္ဘောကို တရားဝင်ထုတ်ပြလိုက်ပြီ

 တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း(Fleet Exercise-2020) (လေ့ကျင့် ခန်း-ဗန္ဓုလ) လေ့ကျင့်ဆောင်ရွက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ - ၁၅

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်ပိုင်နက်နယ်မြေကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းရည်ထက်မြက်မြင့်မားစေရန် တပ်မတော်(ကြည်း၊ရေ၊လေ)လေ့ကျင့်ခန်းများကို အမြဲမပြတ်လေ့ကျင့်ဆောင်ရွက် လျက်ရှိသည်။


ယနေ့တွင် မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်၌ တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း (Fleet Exercise-2020) (လေ့ကျင့်ခန်း-ဗန္ဓုလ)ကို ဆောင်ရွက်ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တပ်မတော်(ရေ)ဝတ်စုံအားဂုဏ်ပြုဝတ်ဆင်၍  လေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Credit: https://cincds.gov.mm/node/9382 

Post a Comment

0 Comments

Total Pageviews