ရွေးကောက်ပွဲမှာ တိုင်းပြည်ကို စေတနာထားပြီး ဥပဒေကိုအလေးထားသည့် ကိုယ်စားလှယ်ကောင်းများကို ဂရုစိုက်ရွေးချယ်ရန် ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း

 ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းပြည်ကို စေတနာထားပြီး ဥပဒေကိုအလေးထားသည့် ကိုယ်စားလှယ်ကောင်းများကို  ဂရုစိုက်ရွေးချယ်ရန် ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းပြည်ကို စေတနာထားပြီး ဥပဒေကိုအလေးထားသည့် ကိုယ်စားလှယ်ကောင်းများကို  ဂရုစိုက်ရွေးချယ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။


ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အသက်ပင်ဖြစ်သည့်အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုအပ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

“ပြည်ထောင်စုစိတ်ဓာတ်စစ်စစ်ဖြင့် တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်ဆောင်မည့်၊ ဥပဒေကိုစိတ်ဝင်စားအလေးထားသည့် ကိုယ်စားလှယ်ကောင်းများရရှိရေးကို ဂရုတစိုက်စိစစ်ရွေးချယ်သွားရန် ” အသိပေးလိုပါသည်။ ရွေးချယ်မှုမှန်ကန်မှသာ တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးတို့ကို ပြည့်ပြည့်ဝဝခံစားနိုင်မည်ဖြစ်မည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း  (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ထို့ပြင် COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးတွင်ဖြစ်ပွားနေပြီး သန်း ၇၀၀၀ သောလူသားများ၏ လူမှုစီးပွားကျဆင်းနေမှုရှိသော်လည်း စားနပ်ရိက္ခာရောင်းဝယ်မှုသည် ကျဆင်းမှုမရှိဘဲ စားရေးသည်လူတိုင်းအတွက် လိုအပ်ချက်ဖြစ်သဖြင့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက်ကြိုးစားထုတ်လုပ်ပြီး တစ်ဦးချင်းဝင်ငွေမှ နိုင်ငံ့ဝင်ငွေရရှိအောင် လုပ်ဆောင်သွားကြရန်နှင့် ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မိဘပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် တပ်မတော်အနေဖြင့် စွမ်းအား ရှိသမျှ ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည် ဟုလည်း ပြောခဲ့သည်။

Post a Comment

0 Comments

Total Pageviews