“သဝဏ်လွှာ” ဒီနေ့မှ အန်တီ စု ရဲ့ NCA ၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို ပေးပို့တဲ့ သဝဏ်လွှာ ဖတ်မိတာ နည်းနည်းတော့ ထူးဆန်းနေတယ်ဗျ။ ငြိမ်းချမ်းရေးအတွက် သဝဏ်လွှာလား သူတို့ NLD ပါတီရဲ့ လုပ်ချင်တာတွေ ပြောသွားတာလား မသဲကွဲဘူး။
- သဝဏ်လွှာအပိုဒ် ၂ မှာ NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပတာဟာ ကတိကဝတ်ပြုခြင်းတို့ ခိုင်မာသည့် ယုံကြည်ချက်ဖြင့်သက်သေပြုခြင်း တို့ဆိုပြီး လူဖတ်ကောင်းအောင်သာ ရေးထားတာ ပြီးတော့ COVID-19 ကြောင့် အခမ်းအနား ကျင်းပပေးနိုင်ခြင်းမရှိတဲ့၊ ဒီလောက် နိုင်ငံအတွက် အရေးကြီးပြီး ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ အခမ်းအနားကျတော့ COVID-19 ကြောင့် မကျင်းပနိုင် မြန်မာ့ ရုပ်ရှင် နှစ် ၁၀၀ ပြည့် ကျတော့ ဒေါ်စုကိုယ်တိုင် အားကြိုးမာန်တက် တကူးတက လုပ်ဆောင်ခဲ့တယ် ရုပ်ရှင်က အရေးကြီးတာ လား ငြိမ်းချမ်းရေးက အရေးကြီးတာလားဗျ။
- သဝဏ်လွှာ အပိုဒ် ၃ မှာ ရေးထားတာက သဘောတူညီချက်တွေ ရယူနိုင်ပြီ၊ သဘောတူညီနိုင်ခဲ့ပြီ လို့သာရေးထားတာ တိုင်းရင်းသားလက်နက်ကိုင်တွေက အချက်(၅၁) ချက်သာ သဘောတူရသေးတယ် အရေးကြီးတဲ့ ဖက်ဒရယ်၊ နိုင်ငံရေး ၊ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးတွေ အများကြီးကျန်သေးတယ်တဲ့ ကျွန်တော်တို့က ဘာကိုယုံကြည်ရမှာလဲ။
- သဝဏ်လွှာ အပိုဒ် ၄ မှာလဲ ၅ နှစ်အတွင်း ပင်လုံအစည်းအဝေး (၄) ကြိမ် ကျင်းပနိုင်တယ်နဲ့ အစချီထားပြီး အရင်က NLD ရဲ့ မျှော်မှန်းချက် (၆) ကြိမ် မကျင်းပ နိုင်တာကိုကျ ထည့်မပြောဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေက အစိုးရကို ရည်မှန်းချက်ထားသလောက် အကောင်အထည်ဖော်နိုင်မှု အားနည်းတယ် လို့ အားထုတ်မှုမရှိဘူးတို့ ဝေဖန်ခံနေရလဲ အေးဆေးပဲ မနာတတ်လို့လား မသိ။
- သဝဏ်လွှာ အပိုဒ် ၅ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၃ ရပ်မဟုတ်ဘဲ NLD ပါတီရဲ့ မဲဆွယ်ချက်တွေ ဖြစ်နေတယ်။ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အကြောင်းပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ပဲ အဓိက ပြောသွား တယ်။ ဖွဲ့စည်းပုံကို မထိခိုက်ရရင် မနေနိုင်တဲ့သဘော။ အစောကြီး ကတည်းက ခွဲထွက်ချင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ သမိုင်းမှာလဲ အကြိမ်ကြိမ် ခွဲထွက်ဖို့ ကြိုးစားရင်း လက်နက်ကိုင်လာတဲ့ အဖွဲ့တွေကို ပင်လုံအစမှာ “ ၂၁ ရာစု ပင်လုံမှ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသို့” ဆိုပြီး ဆောင်ပုဒ် တွေချမှတ် ကြီးကြီးကျယ်ကျယ်တွေလုပ်တော့ ပိုဆိုးမှာပေါ့ဗျာ။
တိုင်းရင်းသား ၁၃၅ မျိုးနဲ့ သွေးခွဲခံခဲ့ရတဲ့ နိုင်ငံဗျ။ ဖက်ဒရယ်ကို သေခြာမလေ့လာဘဲ လူကြားကောင်းအောင် အပြောနဲ့ လုပ်လို့မရဘူး။ - အံမယ်….. လုပ်ငန်းကော်မတီအဆင့်ဆင့်မှာ တတ်သိ ပညာရှင်များ ပါဝင်စေရေးတဲ့ ဒီစာသားမြင်တော့ NLD ကိုကြောက်တယ် တတ်သိပညာရှင်ဆိုတာနဲ့ နိုင်ငံခြားသား ကို ငှားတော့တာပဲ။ အခုတောင် နိုင်ငံခြားသား အကြံပေး ၉၀ ကျော်နဲ့ လစာ မနည်း မနော ပေးနေရတာ တော်ပါတော့ဗျာ။
- သဝဏ်လွှာ အပိုဒ် ၆ ကျတော့ “၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်” တဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကို ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ဆိုတဲ့ စကားလုံးတွေနဲ့ မဲကဆွယ်လိုက်သေး အံ့ဩစရာကောင်းချက်။
- သဝဏ်လွှာ အပိုဒ် ၇ ကတော့ NLD ရဲ့ လက်ရှိ အရေးကြီးသဘောထားကို ချပြသွားတယ် COVID ရောဂါ ဘယ်လောက်ဖြစ်ဖြစ် ဘယ်လောက်လောက်သေသေ ရွေးကောက်ပွဲက အရေးကြီးတယ် အောင်မြင်အောင်ကျင်းပမယ်တဲ့။
- သဝဏ်လွှာ ကို ဖတ်ရင်းဖတ်ရင်း ငြိမ်းချမ်းရေးအတွက် သဝဏ်လွှာလား NLD ပါတီအတွက် မဲဆွယ်တာလား ဝေခွဲမရဘူး အဖြေကိုတော့ အန်တီ စု သာလျှင် သိပါလိမ့်မယ်။
ကိုမိုးဆွေ ၁၅/၁၀/၂၀၂၀
0 Comments