ကိုဗစ်နဲ့ပတ်သက်ပြီး တပ်ချုပ်ကြီးရဲ့မှတ်ချက်စကား

 “ COVID-19 ကတော့ စက်တင်ဘာလရဲ့အခြေအနေနဲ့ ဒီအောက်တိုဘာလ ၅ ရက်နေ့အထိ အခြေအနေကတော့ တော်တော်တော့ စိုးရိမ်ကြောင့်ကြမှုရှိနိုင်တယ်။ ဒါကြောင့် ဘယ်လိုမှကို မပေါ့ဆဖို့လိုတယ်။ အားလုံးက ဒါနဲ့ပတ်သက်ရင် အချိန်နဲ့တပြေးညီ အသိပေးပြီး ဖြေရှင်းဆောင်ရွက်ပေးနေဖို့လိုတယ်။ အမိန့်စောင့်နေလို့မရဘူး။ အချိန်နဲ့တပြေးညီအသိပေးပြီး တစ်ဖက်က လုပ်လို့ရတဲ့နည်းလမ်းမှန်သမျှနှင့် အကုန်လုံးဖြေရှင်းဆောင်ရွက်မယ်။ တစ်ဖက်ကလည်း ဝိုင်းပြီးအကြံပေး။ လူဆိုတာတော့ တစ်ယောက်တည်းဆိုရင်တော့ ဆုံးဖြတ်ချက်တစ်မျိုးအတွက် Wavering ဖြစ်တာတွေဘာတွေရှိမယ်။

၂ ယောက် ၃ ယောက်ဆိုရင်တော့ အဖြေတစ်ခုထွက်နိုင်တယ်။ ၅ ယောက်လောက်ဆိုရင် ပိုပြီးဒီထက်ကောင်းတဲ့အဖြေထွက်နိုင်တယ်။ ၇ ယောက် ၈ ယောက် ၉ ယောက် ၁၀ ယောက်ဆိုရင် ဒီထက်ကောင်းတဲ့ ပြည့်စုံတဲ့ အဖြေတစ်မျိုးထွက်မယ်။ ပြည့်စုံတဲ့အဖြေကို စဉ်းစားတွေးခေါ်နိုင်တဲ့ဟာရမယ်။ ဒါကြောင့် နံပါတ် ၁ အချက်ကတော့ သိတာနဲ့တာဝန်ရှိသူက ချက်ချင်းအရေးယူဖြေရှင်းဆောင်ရွက်ပါ။ ပြီးရင်းအသိပေးပါ။ တိုင်ပင်ပြီးဆောင်ရွက်ပါ။ ပြီးရင်လိုအပ်တဲ့ဟာကို ခိုင်ခိုင်မာမာဖြစ်အောင်ဆောင်ရွက်ဖို့လိုမယ်ဆိုတာပြောလိုတယ်။

အရေးအကြီးဆုံးအချက်ကတော့ ကာကွယ်ရေးအပိုင်းလုံး၀ မပေါ့ကြနဲ့ စားရေးသောက်ရေးနဲ့ပတ်သက်လာရင် လုံး၀လျှော့ပေးလို့မရဘူး။ လုပ်စရာရှိတာကို တပ်ရင်း၊ တပ်ဖွဲ့တွေရော နယ်ဘက်ကိုရောလုပ်လို့ရတဲ့နေရာတွေမှာ လုပ်လို့ရတာမှန်သမျှကိုလုပ်နိုင်အောင် တပ်မတော်အနေနဲ့ ကူညီပံ့ပိုးဆောင်ရွက်ပေးဖို့လိုမယ်ဆိုတာကို ဆွေးနွေးချင်ပါတယ်။” [ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်(၆-၁၀-၂၀၂၀)]

Post a Comment

0 Comments

Total Pageviews