ပြည်သူတွေကို ကူညီဖို့ အမိန့်စောင့်စရာမလိုကြောင်း ပြောလိုက်တဲ့ တပ်ချုပ်ကြီး

 (၁)ပြည်သူတွေကိုအတတ်နိုင်ဆုံးကူညီဖေးမပါ။ အမိန့်စောင့်စရာမလို။

(၂)တပ်မတော်ပိုင်အထည်ချူပ်စက်ရုံများမှ ထွက်ရှိသည့်Facial Masks-များကိုလူတိုင်းဝယ်နိုင်သည့်စျေးနှင့်ရောင်းပါ။ မဝယ်နိုင်သည့်ပြည်သူများကို အခမဲ့ပေးနိုင်အောင်လုပ်ပါ။


(၃)ပြည်သူတွေ၊အခြေခံလူတန်းစားတွေ၊ ပင်စင်စားတွေကို ကိုဗစ်၁၉-ရောဂါ အခမဲ့စစ်ဆေးနိုင်အောင် ဆောင်ရွက်ပေးပါ။ စားသောက်ရေးကို ဘယ်လိုကူညီနိုင်ကြမလဲ ဆိုတာကို အဖြေရှာထားပါ။

(၄)စားရေးအတွက်၊အခြေခံလူတန်းစားတွေအတွက် အတတ်နိုင်ဆုံး အကူအညီပေးရမည်။

(၅)-အောက်ဆီဂျင်လိုအပ်နေသော ဆေးရုံများအတွက် တပ်မတော် အောက်ဆီဂျင်စက်ရုံများမှကားများနှင့် တိုက်ရိုက်ကူညီမည်။

(၆)ကိုဗစ်၁၉ရောဂါ ကာလကြာရှည်လာသည်နှင့်အမျှ အလုပ်အကိုင်မရှိသည့် အခြေခံလူတန်းစားများကို ဘယ်လိုကူညီပေးနိုင်မည်လဲ။ ထောက်ပံ့ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြပါရန်။

Post a Comment

0 Comments

Total Pageviews