အရပ်ဘက်ဆေးရုံတွေမှာ အောက်ဆီဂျင်အိုးတွေ ပို့မယ်လို့ တပ်ချုပ်ကြီးပြော

 “ အောက်ဆီဂျင်နှင့်ပတ်သက်လို့ တပ်မတော်မှာရှိတဲ့ အောက်ဆီဂျင်ထုတ်တဲ့စက်တွေကောင်းဖို့လိုမယ်။ ပြီးလို့ရှိရင် အရပ်ဘက်မှာ လိုလို့ရှိရင် အောက်ဆီဂျင်အိုးတွေ လှူဖို့လိုမယ်။ တောက်လျှောက် ပို့ပေးနေဖို့လိုမယ်။ 


ခုအရပ်ဘက်မှာ အောက်ဆီဂျင်အိုးမပေးနိုင်ဘူးပြောတယ်။ တော်တော်အသက်ရှူရခက်တဲ့လူတွေဘဲ အောက်ဆီဂျင်အိုးပေးနိုင်တယ်ဆိုပြီး  Online မှာလျှောက်ရေးနေတာတွေ့တယ်။ ဟုတ်သည် မဟုတ်သည် မပြောလိုဘူး။ သို့သော် တပ်မတော်က အောက်ဆီဂျင်အိုးတွေ ပို့ပေးနိုင်ရင် အောက်ဆီဂျင်အိုးတွေ ပို့ပေးပါ။ 

ရန်ကုန်ဆေးရုံကြီးနဲ့ဆက်သွယ်။ ဒီမှာ အောက်ဆီဂျင်အိုးတွေရှိတယ်။ ကျွန်တော်တို့ပေးမယ်။ တပ်က ကားနဲ့သွားပို့ ပေးလိုက်။ ရန်ကုန်ဆေးရုံကြီး၊ ကုတင်(၅၀၀)ဆေးရုံကြီးရှိမယ်။ ဒီလိုဘဲ နေပြည်တော်မှာ ရှိမယ်။ လိုလို့ရှိရင် ကားနဲ့ပို့မယ်။ အောက်ဆီဂျင် Plant တွေရှိမယ်။ ပြင်ဦးလွင်မှာရှိမယ်။ အောင်ပန်းမှာရှိမယ်။ 

ဒီလူတွေက အဆုတ်နဲ့ပတ်သက်ပြီး ဖြစ်တာများတယ်။ အသက်ရှူ ရခက်ခဲတယ်။ ဒီတော့ အောက်ဆီဂျင်ပေးဖို့လှူဖို့တော့ လိုလိမ့်မယ် ”

[ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်(၆-၁၀-၂၀၂၀)]

Post a Comment

0 Comments

Total Pageviews