သိဖို့လိုလာပြီဖြစ်တဲ့ Proportional Representation-PR

ကိုဗစ်၊ ကိုဗစ်။ အတော်စိတ်ညစ်အောင် လုပ်ရက်တာပဲ။ တစ်နေ့တစ်နေ့ ဘယ်တော့ ငါတို့အပိုင်းကို ကူးလာလိမ့်မလဲ။ ညွှန်ကြားချက်၊ အမိန့်တွေကြားမှာ နေအိမ် အကျယ်ချုပ်ကျမလဲ တွေးနေရတာကိုက ရောဂါပဲ။
အပြင်မထွက်တာအကောင်းဆုံးဆိုတော့ အိမ်မှာပဲ တစ်နေကုန်နေ။ အားရင် ဖုန်းပွတ်။ ရှင်းရှင်းလေးနဲ့ ရှုပ်နေတာပေါ့လေ။ 

အခုရက်ပိုင်းမှာ တပ်ကသတင်းတွေကို စိတ်ဝင်စား နေမိရဲ့။ အင်းစိန်ရွာမကျောင်းပိုးတွေ့ကိုယ်တော်တွေကို စောင့်ရှောက်တာကနေ စပြီး စိတ်ဝင်စားလာတာ။ ဒါနဲ့ပဲ တပ်က သတင်းမှန်ပြန်ကြားရေးကို ကြည့်ဖြစ်တယ်။ မနေ့ညကတော့ ကာချုပ်ကြီးရဲ့ မိန့်ခွန်းကို အပိုင်းတစ်ခုအနေနဲ့ ဖတ်ရတယ်။ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ပြောကြားချက်ပေါ့လေ။ 

 အဲဒီအထဲမှာ နောက်ဆုံးအပိတ်နားမှာပါတဲ့ အချိုးကျကိုယ်စားပြုစနစ်ဆိုတာကို စိတ်ဝင်စားမိတယ်။ အလွယ်ပြောရရင်တော့  (Proportional Representation-PR) ပေါ့။ ကိုယ်တွေလဲ အနည်းအကျဉ်းတော့ နားလည်ထားတာရှိတယ်။ မဲပေးသူကို အလေးထားပြီး ကိုယ်စားပြုခွင့်ကို ခွဲဝေ ပေးထားတဲ့စနစ်။ 

ကိုယ်ပေးလိုက်တဲ့ပါတီ၊ ကိုယ်ရွေးလိုက်တဲ့ကိုယ်စားလှယ်က အပြတ်အသတ်အနိုင်ရပါမှ ကိုယ်စားလှယ်ဖြစ်ရမယ်ဆိုတဲ့နိုင်သူအကုန်ယူစနစ်ကို တိုက်ဖျက်မဲ့စနစ်။ ဒါက ကိုယ်တွေအကြမ်းဖျင်းသိထားတာ။ ရည်ရွယ်ရင်းပျက်သွားမှာ စိုးရိမ်လို့ ဒီလောက်နဲ့ပဲရပ်ထားမယ်။ ဒီစနစ်ကို လိုသူတွေရှိသလို၊ မလိုသူတွေလဲ ရှိနေမှာတော့အမှန်ပဲ။ လဒပါတီအမတ်တွေက မကောင်းဘူးဆိုတာနဲ့ ရောယောင်ပြီး မကောင်းဆိုသူတွေလည်း မနည်းလှဘူး။
ဒီတော့  (Proportional Representation-PR)ဆိုတာ ဘာလဲဆိုတာကို ပြည်သူတွေအကုန်သိအောင် ရှင်းပြသင့်တယ် ထင်ပါရဲ့။ 

မားသားကြီးကလဲ မကြိုက်တဲ့ အပြင် သူကိုယ်တိုင်မဲဆွယ်နေရတာဆိုတော့ အဆင်မပြေနိုင်။ ခြင်းခတ်နေသူကြီးကလဲ စတက်ကတည်းက စတေးအက်အိမ်တော် ဆိုတော့ ရှင်းပြလိမ့်မယ်မဟုတ်။ အခြား  (Proportional Representation-PR) ကို သဘောကျသူတွေကလဲ တစ်နိုင်ငံလုံး သိအောင်ရှင်းပြနိုင်မဲ့ platform မရှိ။ ဒီတော့ ကိုယ်တွေဂျီကျချင်တာပေါ်လာရော။ ဘာလဲဆိုတော့ လတ်တလောမှာ PR ကိစ္စကို ပြောသွားတဲ့ ကာချုပ်ကြီးက ရှင်းပြ သင့်တယ်ထင်တာပဲ။

 ကိုယ်တွေအဆင့်နဲ့ ပြောပေး ပါလားရှင့်လဲ လုပ်လို့က အဆင်မပြေ။ ဒီတော့ ဖေ့စဘုတ်ကြီးကနေပဲ ကာချုပ်ကြီးက PR ဆိုတာဘာလဲ၊ ဘယ်လဲ။ ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုးရှိသလဲဆိုတာကို ရှင်းပြ သင့်တယ်လို့ဂျီကျချင်ပါရဲ့။ ကျွန်မနဲ့ မိတ်ဆွေဖြစ်နေသူတွေကလဲ တောင်းဆိုကြည့် ပေါ့လေ။ ပြည်သူကို မျက်နှာမူရင် ရှင်းပြမယ်လို့ ထင်ပါတယ်။ ဒီတော့ ကာချုပ်ကြီးအနေနဲ့  PR ကိစ္စ ပြည်သူသိအောင် ရှင်းပြပေးပါလို့ တောင်းဆိုလိုက်ရပါ တယ်ရှင့်။ 
 Credit: Khin May Win
  • Zawgyi Version
ကိုဗစ္၊ ကိုဗစ္။ အေတာ္စိတ္ညစ္ေအာင္ လုပ္ရက္တာပဲ။ တစ္ေန႔တစ္ေန႔ ဘယ္ေတာ့ ငါတို႔အပိုင္းကို ကူးလာလိမ့္မလဲ။ ၫႊန္ၾကားခ်က္၊ အမိန႔္ေတြၾကားမွာ ေနအိမ္ အက်ယ္ခ်ဳပ္က်မလဲ ေတြးေနရတာကိုက ေရာဂါပဲ။
အျပင္မထြက္တာအေကာင္းဆုံးဆိုေတာ့ အိမ္မွာပဲ တစ္ေနကုန္ေန။ အားရင္ ဖုန္းပြတ္။ ရွင္းရွင္းေလးနဲ႔ ရႈပ္ေနတာေပါ့ေလ။ 

အခုရက္ပိုင္းမွာ တပ္ကသတင္းေတြကို စိတ္ဝင္စား ေနမိရဲ႕။ အင္းစိန္႐ြာမေက်ာင္းပိုးေတြ႕ကိုယ္ေတာ္ေတြကို ေစာင့္ေရွာက္တာကေန စၿပီး စိတ္ဝင္စားလာတာ။ ဒါနဲ႔ပဲ တပ္က သတင္းမွန္ျပန္ၾကားေရးကို ၾကည့္ျဖစ္တယ္။ မေန႔ညကေတာ့ ကာခ်ဳပ္ႀကီးရဲ႕ မိန႔္ခြန္းကို အပိုင္းတစ္ခုအေနနဲ႔ ဖတ္ရတယ္။ တိုင္းရင္းသားေတြနဲ႔ပတ္သက္တဲ့ေျပာၾကားခ်က္ေပါ့ေလ။ 

 အဲဒီအထဲမွာ ေနာက္ဆုံးအပိတ္နားမွာပါတဲ့ အခ်ိဳးက်ကိုယ္စားျပဳစနစ္ဆိုတာကို စိတ္ဝင္စားမိတယ္။ အလြယ္ေျပာရရင္ေတာ့  (Proportional Representation-PR) ေပါ့။ ကိုယ္ေတြလဲ အနည္းအက်ဥ္းေတာ့ နားလည္ထားတာရွိတယ္။ မဲေပးသူကို အေလးထားၿပီး ကိုယ္စားျပဳခြင့္ကို ခြဲေဝ ေပးထားတဲ့စနစ္။ 

ကိုယ္ေပးလိုက္တဲ့ပါတီ၊ ကိုယ္ေ႐ြးလိုက္တဲ့ကိုယ္စားလွယ္က အျပတ္အသတ္အႏိုင္ရပါမွ ကိုယ္စားလွယ္ျဖစ္ရမယ္ဆိုတဲ့ႏိုင္သူအကုန္ယူစနစ္ကို တိုက္ဖ်က္မဲ့စနစ္။ ဒါက ကိုယ္ေတြအၾကမ္းဖ်င္းသိထားတာ။ ရည္႐ြယ္ရင္းပ်က္သြားမွာ စိုးရိမ္လို႔ ဒီေလာက္နဲ႔ပဲရပ္ထားမယ္။ ဒီစနစ္ကို လိုသူေတြရွိသလို၊ မလိုသူေတြလဲ ရွိေနမွာေတာ့အမွန္ပဲ။ လဒပါတီအမတ္ေတြက မေကာင္းဘူးဆိုတာနဲ႔ ေရာေယာင္ၿပီး မေကာင္းဆိုသူေတြလည္း မနည္းလွဘူး။
ဒီေတာ့  (Proportional Representation-PR)ဆိုတာ ဘာလဲဆိုတာကို ျပည္သူေတြအကုန္သိေအာင္ ရွင္းျပသင့္တယ္ ထင္ပါရဲ႕။ 

မားသားႀကီးကလဲ မႀကိဳက္တဲ့ အျပင္ သူကိုယ္တိုင္မဲဆြယ္ေနရတာဆိုေတာ့ အဆင္မေျပႏိုင္။ ျခင္းခတ္ေနသူႀကီးကလဲ စတက္ကတည္းက စေတးအက္အိမ္ေတာ္ ဆိုေတာ့ ရွင္းျပလိမ့္မယ္မဟုတ္။ အျခား  (Proportional Representation-PR) ကို သေဘာက်သူေတြကလဲ တစ္ႏိုင္ငံလုံး သိေအာင္ရွင္းျပႏိုင္မဲ့ platform မရွိ။ ဒီေတာ့ ကိုယ္ေတြဂ်ီက်ခ်င္တာေပၚလာေရာ။ ဘာလဲဆိုေတာ့ လတ္တေလာမွာ PR ကိစၥကို ေျပာသြားတဲ့ ကာခ်ဳပ္ႀကီးက ရွင္းျပ သင့္တယ္ထင္တာပဲ။

 ကိုယ္ေတြအဆင့္နဲ႔ ေျပာေပး ပါလားရွင့္လဲ လုပ္လို႔က အဆင္မေျပ။ ဒီေတာ့ ေဖ့စဘုတ္ႀကီးကေနပဲ ကာခ်ဳပ္ႀကီးက PR ဆိုတာဘာလဲ၊ ဘယ္လဲ။ ဘယ္လို ေကာင္းက်ိဳး၊ ဆိုးက်ိဳးရွိသလဲဆိုတာကို ရွင္းျပ သင့္တယ္လို႔ဂ်ီက်ခ်င္ပါရဲ႕။ ကြၽန္မနဲ႔ မိတ္ေဆြျဖစ္ေနသူေတြကလဲ ေတာင္းဆိုၾကည့္ ေပါ့ေလ။ ျပည္သူကို မ်က္ႏွာမူရင္ ရွင္းျပမယ္လို႔ ထင္ပါတယ္။ ဒီေတာ့ ကာခ်ဳပ္ႀကီးအေနနဲ႔  PR ကိစၥ ျပည္သူသိေအာင္ ရွင္းျပေပးပါလို႔ ေတာင္းဆိုလိုက္ရပါ တယ္ရွင့္။ 
 Credit: Khin May Win

Post a Comment

0 Comments

Total Pageviews