AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးအားစစ်ဆေးမှုများဆောင်ရွက်နေစဉ် မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွား

 AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးအားစစ်ဆေးမှုများဆောင်ရွက်နေစဉ် မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွား

နေပြည်တော်၊ စက်တင်ဘာ - ၂၉

မြောက်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက် လုံခြုံရေးဆိုင်ရာရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်လျက်ရှိစဉ် နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့မှ ဘောင်းဒွတ်ကျေးရွာဘက်သို့ အေးကျော် (၃၅)နှစ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ မြောက်ဦးမြို့နေသူမောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အားစစ်ဆေးရာ အေးကျော်၏လက်ကိုင်ဖုန်းအတွင်းမှ AA အကြမ်းဖက် သောင်းကျန်းသူများ၏ အချက်အလက်များနှင့် ဆက်သွယ်ထားမှုများအား တွေ့ရှိရသဖြင့် ထိန်းသိမ်း၍ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်။

ပဏာမစစ်ဆေးချက်အရ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ AA-၃၂၅၆ တပ်ကြပ်ကြီးအဆင့်ရှိသူ အေးကျော်ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ မြောက်ဦးမြို့နယ်အတွင်း မြောက်ဦးတပ်နယ်မှ စစ်သည် ၁ ဦးဈေးဝယ်စဉ် ဖမ်းဆီးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း တပ်နယ်မိသားစုမှအရပ်သား လူငယ် ၂ ဦးဖမ်းဆီးခြင်းအား ၎င်းဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်းဝန်ခံခဲ့သည်။

အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ အေးကျော်အား စက်တင်ဘာ ၂၈ ရက်နေ့ နံနက်စာကျွေးမွေးရန်ဆောင်ရွက်စဉ် စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတို သေနတ်အားလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ တပ်ကြပ်ကြီးအဆင့်ရှိ အေးကျော် ၏ အလောင်းအား မြောက်ဦးမြို့နယ်ရဲစခန်းသို့အပ်နှံ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments

Total Pageviews