"အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာ ၇၅ ပါး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၊ တပ်မတော်အစီအစဉ်ဖြင့် စစ်ဆေးကုသ​​"

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာ ၇၅ ပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး တပ်မတော်အစီအစဉ်ဖြင့် စစ်ဆေးကုသပေးလျက်ရှိကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကြေညာချက်အရ ယနေ့တွင် အင်းစိန်မြို့နယ်မှ ပိုး​တွေ့အတည်ပြုလူနာ ၈၈ ဦးရှိရာ ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်အရှင်သူမြတ် ၇၅ ပါး ပါဝင်နေခြင်းဖြစ်​ကြောင်း ၎င်းက​ပြောသည်။ အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များ ရောဂါပိုးကူးစက်ခံရသည်ဟု သတင်းကြား၍ အင်းစိန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရဲများသည် ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက်က ကျောင်းတိုက်သို့ သွားရောက်ခဲ့ရာ အဝင်အထွက်ပိတ်ထား၍ ဝင်ခွင့်မရခဲ့ကြောင်း ဦးဝေဖြိုးဟန်ကပြောသည်။
“ကျွန်တော်တို့ကြားရတာတော့ တပ်မတော်ဘက်ကို အကူအညီတောင်းထားလို့ တပ်မတော်က ကူညီပြီးတော့ စစ်ဆေးမှုတွေ လုပ်ပေးတယ် ကုသမှုတွေ လုပ်ပေးတယ်။ အခုလည်း ပေါ့စတစ်တွေ့တဲ့ သံဃာတော်များကို မှော်ဘီမှာ ကုသမှုပေးမယ်လို့ ဒီလိုပဲ ကြားရပါတယ်” ဟု ၎င်းကပြောသည်။ အဆိုပါကျောင်းတိုက်၌ သံဃာတော်အပါး ၆၀၀ ကျော်ရှိကြောင်း ဦးဝေဖြိုးဟန်က ခန့်မှန်းပြောကြားပြီး ယင်းကျောင်းတိုက်မှ သံဃာတော်များအနေဖြင့် ယခုရက်ပိုင်းအတွင်း ဆွမ်းခံမထွက်ဟု သိရကြောင်း ပြောသည်။ “ကျောင်းကတော့ ဆရာတော်သံဃာတော်များကပဲ စီမံကွပ်ကဲကြပုံရပါတယ်။ ပိတ်လည်းပိတ်ထားတယ်။ ကျောင်းထဲကို သူတို့ဆီကလည်း မထွက်ဘူး။ အပြင်လူ ဘယ်သူမှ ပေးမဝင်ဘူး။ ဆေးစစ်တာတို့ ဘာတို့လုပ်တဲ့ အဖွဲ့တွေလောက်ပဲ အဝင်အထွက်လုပ်တယ်ထင်ပါတယ်” ဟု ဦးဝေဖြိုးဟန်က ဆက်ပြောသည်။ သံဃာတော်များ ရောဂါကူးစက်ခံရသည့်အပေါ် စိတ်မကောင်းကြောင်း၊ အင်းစိန်မြို့နယ်အနေဖြင့် ကူညီနိုင်စရာရှိသည်များကို ကူညီရန် အဆင်သင့်ရှိကြောင်း ၎င်းက ဆက်​ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။ ဧရာဝတီသတင်းဌာနသို့ ဗိုလ်မှူးချုပ်​ဇော်မင်းထွန်းက အဆိုပါစာသင်တိုက်မှ သံဃာ​တော်အချို့ ပိုးတွေ့သည်မှာ မှန်ကန်ပြီး မှော်ဘီ​ဆေးဘက်ဆိုင်ရာ သင်တန်း​ကျောင်းတွင် ထားရှိကုသ​ပေး​နေ​ကြောင်း အတည်ပြု​ပေးထားသည်။
အဆိုပါကျောင်းတိုက်၏ ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန် အမည်ရှိ Facebook စာမျက်နှာတွင်လည်း ကျောင်းတိုက်အတွင်း သီတင်းသုံးနေသော ကိုရင်/ဦးဇင်းများ COVID-19 ကူးစက်ခံခဲ့ရကြောင်း ယနေ့ညနေပိုင်း၌ သတင်းထုတ်ပြန်ခဲ့သည်။ ကျောင်းအတွင်း သီတင်းသုံးနေသော စာချ/စာသင် သံဃာတော်များအတွက် အစိုးရ ကျန်းမာရေးနှင့် တပ်မတော် ကျန်းမာရေးတို့က ပူးပေါင်းဆောင်ရွက်၍ ပိုးတွေ့သူများကို တပ်မတော်ကျန်းမာရေးကုသစင်တာများမှာ ကုသပေးလျက်ရှိပါသည်ဟု ဖော်ပြထားသည်။ ပိုးတွေ့သံဃာများအားလုံး အစစအရာရာ အဆင်ပြေကြကြောင်းနှင့် အဆိုပါကျောင်းတိုက်ဆရာတော်ကြီးကို ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးကြည့်ရာ ပိုးမတွေ့ရကြောင်း အသိပေးခဲ့သည်။ (7day)
  • Zawgyi Version
ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္ရွိ ႐ြာမပရိယတၱိစာသင္တိုက္မွ သံဃာ ၇၅ ပါး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီး တပ္မေတာ္အစီအစဥ္ျဖင့္ စစ္ေဆးကုသေပးလ်က္ရွိေၾကာင္း အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာၾကားသည္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ေၾကညာခ်က္အရ ယေန႔တြင္ အင္းစိန္ၿမိဳ႕နယ္မွ ပိုး​ေတြ႕အတည္ျပဳလူနာ ၈၈ ဦးရွိရာ ႐ြာမပရိယတၱိစာသင္တိုက္မွ သံဃာေတာ္အရွင္သူျမတ္ ၇၅ ပါး ပါဝင္ေနျခင္းျဖစ္​ေၾကာင္း ၎က​ေျပာသည္။ အဆိုပါေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ား ေရာဂါပိုးကူးစက္ခံရသည္ဟု သတင္းၾကား၍ အင္းစိန္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ရဲမ်ားသည္ ယေန႔ (စက္တင္ဘာ ၂၄ ရက္) နံနက္က ေက်ာင္းတိုက္သို႔ သြားေရာက္ခဲ့ရာ အဝင္အထြက္ပိတ္ထား၍ ဝင္ခြင့္မရခဲ့ေၾကာင္း ဦးေဝၿဖိဳးဟန္ကေျပာသည္။
“ကြၽန္ေတာ္တို႔ၾကားရတာေတာ့ တပ္မေတာ္ဘက္ကို အကူအညီေတာင္းထားလို႔ တပ္မေတာ္က ကူညီၿပီးေတာ့ စစ္ေဆးမႈေတြ လုပ္ေပးတယ္ ကုသမႈေတြ လုပ္ေပးတယ္။ အခုလည္း ေပါ့စတစ္ေတြ႕တဲ့ သံဃာေတာ္မ်ားကို ေမွာ္ဘီမွာ ကုသမႈေပးမယ္လို႔ ဒီလိုပဲ ၾကားရပါတယ္” ဟု ၎ကေျပာသည္။ အဆိုပါေက်ာင္းတိုက္၌ သံဃာေတာ္အပါး ၆၀၀ ေက်ာ္ရွိေၾကာင္း ဦးေဝၿဖိဳးဟန္က ခန႔္မွန္းေျပာၾကားၿပီး ယင္းေက်ာင္းတိုက္မွ သံဃာေတာ္မ်ားအေနျဖင့္ ယခုရက္ပိုင္းအတြင္း ဆြမ္းခံမထြက္ဟု သိရေၾကာင္း ေျပာသည္။ “ေက်ာင္းကေတာ့ ဆရာေတာ္သံဃာေတာ္မ်ားကပဲ စီမံကြပ္ကဲၾကပုံရပါတယ္။ ပိတ္လည္းပိတ္ထားတယ္။ ေက်ာင္းထဲကို သူတို႔ဆီကလည္း မထြက္ဘူး။ အျပင္လူ ဘယ္သူမွ ေပးမဝင္ဘူး။ ေဆးစစ္တာတို႔ ဘာတို႔လုပ္တဲ့ အဖြဲ႕ေတြေလာက္ပဲ အဝင္အထြက္လုပ္တယ္ထင္ပါတယ္” ဟု ဦးေဝၿဖိဳးဟန္က ဆက္ေျပာသည္။ သံဃာေတာ္မ်ား ေရာဂါကူးစက္ခံရသည့္အေပၚ စိတ္မေကာင္းေၾကာင္း၊ အင္းစိန္ၿမိဳ႕နယ္အေနျဖင့္ ကူညီႏိုင္စရာရွိသည္မ်ားကို ကူညီရန္ အဆင္သင့္ရွိေၾကာင္း ၎က ဆက္​ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေမးျမန္းရန္ တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းထံသို႔ ဆက္သြယ္ရာ အဆက္အသြယ္မရေပ။ ဧရာဝတီသတင္းဌာနသို႔ ဗိုလ္မႉးခ်ဳပ္​ေဇာ္မင္းထြန္းက အဆိုပါစာသင္တိုက္မွ သံဃာ​ေတာ္အခ်ိဳ႕ ပိုးေတြ႕သည္မွာ မွန္ကန္ၿပီး ေမွာ္ဘီ​ေဆးဘက္ဆိုင္ရာ သင္တန္း​ေက်ာင္းတြင္ ထားရွိကုသ​ေပး​ေန​ေၾကာင္း အတည္ျပဳ​ေပးထားသည္။
အဆိုပါေက်ာင္းတိုက္၏ ႐ြာမပရိယတၱိစာသင္တိုက္-အင္းစိန္ အမည္ရွိ Facebook စာမ်က္ႏွာတြင္လည္း ေက်ာင္းတိုက္အတြင္း သီတင္းသုံးေနေသာ ကိုရင္/ဦးဇင္းမ်ား COVID-19 ကူးစက္ခံခဲ့ရေၾကာင္း ယေန႔ညေနပိုင္း၌ သတင္းထုတ္ျပန္ခဲ့သည္။ ေက်ာင္းအတြင္း သီတင္းသုံးေနေသာ စာခ်/စာသင္ သံဃာေတာ္မ်ားအတြက္ အစိုးရ က်န္းမာေရးႏွင့္ တပ္မေတာ္ က်န္းမာေရးတို႔က ပူးေပါင္းေဆာင္႐ြက္၍ ပိုးေတြ႕သူမ်ားကို တပ္မေတာ္က်န္းမာေရးကုသစင္တာမ်ားမွာ ကုသေပးလ်က္ရွိပါသည္ဟု ေဖာ္ျပထားသည္။ ပိုးေတြ႕သံဃာမ်ားအားလုံး အစစအရာရာ အဆင္ေျပၾကေၾကာင္းႏွင့္ အဆိုပါေက်ာင္းတိုက္ဆရာေတာ္ႀကီးကို ေရာဂါကူးစက္ခံရမႈ ရွိ၊ မရွိ စစ္ေဆးၾကည့္ရာ ပိုးမေတြ႕ရေၾကာင္း အသိေပးခဲ့သည္။ (7day)

Post a Comment

0 Comments

Total Pageviews