စစ်ဘက်ဆိုင်ရာအရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးပြုရန်လိုအပ်

စစ်ဘက်ဆိုင်ရာအရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးပြုရန်လိုအပ် ================================================ COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် လူသားမျိုးနွယ်စုအားလုံးကို ကြီးမားစွာခြိမ်းခြောက်လျက်ရှိသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုဖြစ်သည့်အတွက် နိုင်ငံအလိုက် ထိရောက်သော နည်းလမ်းများ အသုံးပြု၍ တားဆီးကာကွယ်ခြင်းသာမက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို ထိထိရောက်ရောက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်သည်။ ထိုသို့ဖြေရှင်းရာတွင် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များဖြင့်လည်း ထိထိရောက်ရောက် အသုံးပြုရန် လိုအပ်မည်ဖြစ်သည်။
ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလိုက် COVID-19 ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ၏ အတွေ့အကြုံများ၊ အောင်မြင်ခဲ့သည့်နည်းလမ်းများ၊ အားသားချက်၊ အားနည်းချက်များအား အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်မျှဝေခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး ဆွေးနွေးမှုမှ ကောက်နုတ်ချက်)
  • Zawgyi Version
စစ္ဘက္ဆိုင္ရာအရင္းအျမစ္မ်ားကို ထိထိေရာက္ေရာက္ အသုံးျပဳရန္လိုအပ္ ================================================ COVID-19 ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါသည္ လူသားမ်ိဳးႏြယ္စုအားလုံးကို ႀကီးမားစြာၿခိမ္းေျခာက္လ်က္ရွိသည့္ သမား႐ိုးက်မဟုတ္ေသာ လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈျဖစ္သည့္အတြက္ ႏိုင္ငံအလိုက္ ထိေရာက္ေသာ နည္းလမ္းမ်ား အသုံးျပဳ၍ တားဆီးကာကြယ္ျခင္းသာမက ေဒသတြင္းပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ထိထိေရာက္ေရာက္ေဆာင္႐ြက္သြားရန္လိုအပ္မည္ျဖစ္သည္။ ထိုသို႔ေျဖရွင္းရာတြင္ စစ္ဘက္ဆိုင္ရာ အရင္းအျမစ္မ်ားကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ရည္႐ြယ္ခ်က္မ်ားျဖင့္လည္း ထိထိေရာက္ေရာက္ အသုံးျပဳရန္ လိုအပ္မည္ျဖစ္သည္။
ထို႔အျပင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား အလိုက္ COVID-19 ကမာၻလုံး ဆိုင္ရာကပ္ေရာဂါကာကြယ္တားဆီးေရး၊ ထိန္းခ်ဳပ္ေရးႏွင့္ ကုသေရးဆိုင္ရာလုပ္ငန္းမ်ား၏ အေတြ႕အႀကဳံမ်ား၊ ေအာင္ျမင္ခဲ့သည့္နည္းလမ္းမ်ား၊ အားသားခ်က္၊ အားနည္းခ်က္မ်ားအား အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း အျပန္အလွန္မွ်ေဝျခင္းမ်ားကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ရန္ လိုအပ္လ်က္ရွိသည္။ (တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ (၁၇)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအေဝး ေဆြးေႏြးမႈမွ ေကာက္ႏုတ္ခ်က္)

Post a Comment

0 Comments

Total Pageviews