မင်းဒင်… မင်းဒင်… မင်းကတော့ အပိုင်ပေါ့လေ။ တပ်နဲ့ပါတီ၊ တပ်နဲ့အစိုးရ အကုန်လုံးကို ပတ်ရန်တိုက်ပေးတဲ့စာရေးပြီး ကျေနပ်နေတာပေါ့။ ကျေနပ်တာလဲ ကျေနပ်ရပေမပေါ့ကွာ။ ပေးစာကမ်းစာစားနေရပြီပဲ မဟုတ်လား။ မင်းကိုအားပေးနေတဲ့ ပြည်သူတွေကတော့ ထင်ရှာ လိမ့်မယ်။ စာရေးဆရာကြီးပဲ၊ တော်လှန်ရေးသမားကြီးပဲ စသည်ပေါ့လေ.. မင်းဒင်ရဲ့သက်ခိုင် ဆိုတဲ့စာအုပ်အစွမ်းပေါ့။ စာအုပ်မှာပါတဲ့ အချက်အလက်တွေထဲက လွဲမှားနေတာတွေ၊ လိမ်ထား တာတွေကို သူတို့မှမစိစစ်နိုင်တာပဲ။
အတိတ်သမိုင်းကိုလဲ မသိကြလေတော့ ယုံကြည်ကြတာ မဆန်းပါဘူးလေ။ စာအုပ်အပျိုးမှာကတည်းက ထောက်လှမ်းရေတပ်မှူးဆိုတာတွေ၊ လက်ရှိ ခေတ် တိုက်ကွန်းကြီးတွေ၊ အမည်မပါတဲ့ဗိုလ်ချုပ်ကြီးဆိုသူတွေကို လှိုင်လှိုင်ကြီးသုံးထားလေ တော့ ရိုးသားတဲ့စာဖတ်သူတွေအဖို့တော့ အထင်ကြီးစိတ်နဲ့ဖတ်ကြပေမပေါ့။ ထားပါတော့ ကြည်ညွန့်ရာ မင်းနာမည်အရင်းထုတ်ပြောလိုက်လို့ စိတ်ထဲမှာတစ်မျိုးဖြစ်သွားသလား။ စိတ်ချပါကွာ။ မင်းရဲ့မိသားစုကိုတစ်ဖက်ကနေလှမ်းပြီး ကူပံ့ပေးနေတာတွေရှိနေတာရယ်၊ လုပ်ဖော်ကိုင်ဖက် မင်းခဏခဏသုံးနေတဲ့ ရဲဘော်ရဲဘက်တွေမို့ ငါအကုန်မပြောပါဘူး။
မင်း GTI ကနေ ဆင်းပြီးကတည်းက မန္တလေးက ဒေါ်ဆယ်အပါအဝင် ဆယ်နဲ့ချီတဲ့လူတွေဆီက ငွေတွေလိမ်သွားတာတော့ မှတ်မိမှာပေါ့၊ တရားအစွဲခံရတာ၊ တရားရုံးမှာ မင်းထွက်ဆိုချက် ပေးထားတာတွေကိုတော့ အကျယ်မချဲ့လိုတော့ပါဘူး။ မင်းကုမ္ပဏီစာရွက်စာတမ်း အတုလုပ်တာအပါအဝင် ငွေလိမ်မှုတွေအတွက် ထောင်ကျတယ်ဆိုတာတော့ ငါပြောသင့်ပြီထင်လို့ ပြောလိုက်တယ်။ မသိတဲ့ ပြည်သူတွေအတွက်တော့ မင်းရဲ့သမီး ပညာတတ်ကြီးဖြစ်ဖို့ မင်းရဲ့ ရိုးသားစွာ ရထားတဲ့ငွေတွေနဲ့ ထောက်ပံ့ခဲ့တယ်ထင်မှာပဲ။ မင်းသမီး ရခဲ့တဲ့ဘွဲ့ရဲ့နောက်မှာ ဒေါ်ဆယ်နှင့် မိတ်ဆွေများကောင်းမှုလို့ စာတပ်ထားသင့်တယ် ထင်တာပဲ ကွာ။ မင်း ထောင်ကျတော့ ထောင်ထဲမှာ ကြာကြာမနေနိုင်တဲ့အတွက် မအူပင်ရဲဘက်စခန်း ကနေပြေးခဲ့တာလဲ ပြောသင့်တယ်ထင်ပါရဲ့။ အသေးစိတ် အထိတော့လဲ ငါမစွက်ဖက်လိုဘူး ကြည်ညွန့်။
မင်းရဲဘက်ပြေးဖြစ်ပြီးမှ တော်လှန်ရေးသမားလိုလို၊ သူပုန်လိုလိုနဲ့ အသွင်ပြောင်း လိုက်နိုင်တာတော့ ချီူကျူးတာအမှန်ပဲ၊ ခရိုနီတွေဆီကနေ မင်းနည်းလမ်းမျိုးစုံနဲ့ လည်ပင်းညှစ် ခဲ့တာတွေ ငါ့မှာအထောက်အထားနဲ့ရှိတယ် ကြည်ညွန့်၊ မင်းနိုင်ကွက် ကိုင်ထားနိုင်လို့ သူတို့ကထုတ်မပြောရင်တောင် ငါ့မှာတော့သက်သေနဲ့ပါပြနိုင်တယ်ဆိုတာ မမေ့သင့်ဘူး။ ငါစာသိပ်မရေးချင်ဘူးကွာ။ မင်းရဲ့အခု NLD ကိုလော်ဘီလုပ်တာကို ငါလက်ခံတယ်၊ ငါလဲ ရဲရဲတောက်နေတာကိုး။ သို့သော်လည်းမင်းရဲ့အရှုပ်ထုတ်တွေပေါ်လာရင် မင်းရဲ့ အရေးအသားက ငါတို့ချစ်တဲ့ပါတီကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေတာ ပြည်သူ တော်တော်များများက သတိထားမိသွားပြီ။ မင်းလုပ်ရပ်တွေရပ်လိုက်ပါ။ ငါတို့ချစ်တဲ့ပါတီအတွက် ငါတို့ရှိတယ်။ မင်းရပ်လိုက်ပါတော့။ တစ်ချိန်ကမော်ကြီး။
မင္းဒင္… မင္းဒင္… မင္းကေတာ့ အပိုင္ေပါ့ေလ။ တပ္နဲ႔ပါတီ၊ တပ္နဲ႔အစိုးရ အကုန္လုံးကို ပတ္ရန္တိုက္ေပးတဲ့စာေရးၿပီး ေက်နပ္ေနတာေပါ့။ ေက်နပ္တာလဲ ေက်နပ္ရေပမေပါ့ကြာ။ ေပးစာကမ္းစာစားေနရၿပီပဲ မဟုတ္လား။ မင္းကိုအားေပးေနတဲ့ ျပည္သူေတြကေတာ့ ထင္ရွာ လိမ့္မယ္။ စာေရးဆရာႀကီးပဲ၊ ေတာ္လွန္ေရးသမားႀကီးပဲ စသည္ေပါ့ေလ.. မင္းဒင္ရဲ႕သက္ခိုင္ ဆိုတဲ့စာအုပ္အစြမ္းေပါ့။ စာအုပ္မွာပါတဲ့ အခ်က္အလက္ေတြထဲက လြဲမွားေနတာေတြ၊ လိမ္ထား တာေတြကို သူတို႔မွမစိစစ္ႏိုင္တာပဲ။
အတိတ္သမိုင္းကိုလဲ မသိၾကေလေတာ့ ယုံၾကည္ၾကတာ မဆန္းပါဘူးေလ။ စာအုပ္အပ်ိဳးမွာကတည္းက ေထာက္လွမ္းေရတပ္မႉးဆိုတာေတြ၊ လက္ရွိ ေခတ္ တိုက္ကြန္းႀကီးေတြ၊ အမည္မပါတဲ့ဗိုလ္ခ်ဳပ္ႀကီးဆိုသူေတြကို လႈိင္လႈိင္ႀကီးသုံးထားေလ ေတာ့ ႐ိုးသားတဲ့စာဖတ္သူေတြအဖို႔ေတာ့ အထင္ႀကီးစိတ္နဲ႔ဖတ္ၾကေပမေပါ့။ ထားပါေတာ့ ၾကည္ၫြန႔္ရာ မင္းနာမည္အရင္းထုတ္ေျပာလိုက္လို႔ စိတ္ထဲမွာတစ္မ်ိဳးျဖစ္သြားသလား။ စိတ္ခ်ပါကြာ။ မင္းရဲ႕မိသားစုကိုတစ္ဖက္ကေနလွမ္းၿပီး ကူပံ့ေပးေနတာေတြရွိေနတာရယ္၊ လုပ္ေဖာ္ကိုင္ဖက္ မင္းခဏခဏသုံးေနတဲ့ ရဲေဘာ္ရဲဘက္ေတြမို႔ ငါအကုန္မေျပာပါဘူး။
မင္း GTI ကေန ဆင္းၿပီးကတည္းက မႏၲေလးက ေဒၚဆယ္အပါအဝင္ ဆယ္နဲ႔ခ်ီတဲ့လူေတြဆီက ေငြေတြလိမ္သြားတာေတာ့ မွတ္မိမွာေပါ့၊ တရားအစြဲခံရတာ၊ တရား႐ုံးမွာ မင္းထြက္ဆိုခ်က္ ေပးထားတာေတြကိုေတာ့ အက်ယ္မခ်ဲ႕လိုေတာ့ပါဘူး။ မင္းကုမၸဏီစာ႐ြက္စာတမ္း အတုလုပ္တာအပါအဝင္ ေငြလိမ္မႈေတြအတြက္ ေထာင္က်တယ္ဆိုတာေတာ့ ငါေျပာသင့္ၿပီထင္လို႔ ေျပာလိုက္တယ္။ မသိတဲ့ ျပည္သူေတြအတြက္ေတာ့ မင္းရဲ႕သမီး ပညာတတ္ႀကီးျဖစ္ဖို႔ မင္းရဲ႕ ႐ိုးသားစြာ ရထားတဲ့ေငြေတြနဲ႔ ေထာက္ပံ့ခဲ့တယ္ထင္မွာပဲ။ မင္းသမီး ရခဲ့တဲ့ဘြဲ႕ရဲ႕ေနာက္မွာ ေဒၚဆယ္ႏွင့္ မိတ္ေဆြမ်ားေကာင္းမႈလို႔ စာတပ္ထားသင့္တယ္ ထင္တာပဲ ကြာ။ မင္း ေထာင္က်ေတာ့ ေထာင္ထဲမွာ ၾကာၾကာမေနႏိုင္တဲ့အတြက္ မအူပင္ရဲဘက္စခန္း ကေနေျပးခဲ့တာလဲ ေျပာသင့္တယ္ထင္ပါရဲ႕။ အေသးစိတ္ အထိေတာ့လဲ ငါမစြက္ဖက္လိုဘူး ၾကည္ၫြန႔္။
မင္းရဲဘက္ေျပးျဖစ္ၿပီးမွ ေတာ္လွန္ေရးသမားလိုလို၊ သူပုန္လိုလိုနဲ႔ အသြင္ေျပာင္း လိုက္ႏိုင္တာေတာ့ ခ်ီဴက်ဴးတာအမွန္ပဲ၊ ခ႐ိုနီေတြဆီကေန မင္းနည္းလမ္းမ်ိဳးစုံနဲ႔ လည္ပင္းညႇစ္ ခဲ့တာေတြ ငါ့မွာအေထာက္အထားနဲ႔ရွိတယ္ ၾကည္ၫြန႔္၊ မင္းႏိုင္ကြက္ ကိုင္ထားႏိုင္လို႔ သူတို႔ကထုတ္မေျပာရင္ေတာင္ ငါ့မွာေတာ့သက္ေသနဲ႔ပါျပႏိုင္တယ္ဆိုတာ မေမ့သင့္ဘူး။ ငါစာသိပ္မေရးခ်င္ဘူးကြာ။ မင္းရဲ႕အခု NLD ကိုေလာ္ဘီလုပ္တာကို ငါလက္ခံတယ္၊ ငါလဲ ရဲရဲေတာက္ေနတာကိုး။ သို႔ေသာ္လည္းမင္းရဲ႕အရႈပ္ထုတ္ေတြေပၚလာရင္ မင္းရဲ႕ အေရးအသားက ငါတို႔ခ်စ္တဲ့ပါတီကို ခ်စ္ရာမေရာက္ဘဲ ႏွစ္ရာေရာက္ေနတာ ျပည္သူ ေတာ္ေတာ္မ်ားမ်ားက သတိထားမိသြားၿပီ။ မင္းလုပ္ရပ္ေတြရပ္လိုက္ပါ။ ငါတို႔ခ်စ္တဲ့ပါတီအတြက္ ငါတို႔ရွိတယ္။ မင္းရပ္လိုက္ပါေတာ့။ တစ္ခ်ိန္ကေမာ္ႀကီး။
0 Comments