အောက်တန်းကျကျ အတုလုပ်ပြီး အချိန်ကိုက် တိုက်ခိုက်တဲ့ သာဒင် သိစေဖို့

Unicode Version COVID ဆိုတဲ့ရောဂါကပ်ဆိုးကြီးအောက်မှာ သိပ်မကြာခင် ရွေးကောက်ပွဲဆိုတာကြီး ကို ကျင်းပတော့မတဲ့။ ကပ်ရောဂါကို အကျိုးရှိစွာ အသုံးချနေသူတွေရှိသလို ကပ်ရောဂါကြောင့် ရွေးကောက်ပွဲကို ဆုတ်ပေးဖို့ တောင်းဆိုသူတွေလဲ မနည်းဘူး ပေါ့ခင်ဗျာ။ ဘက်နှစ်ဘက်ရဲ့လွန်ဆွဲပွဲမှာ ကျွန်တော်တို့ ပြည်သူတွေကတော့ ထားရာနေ၊ စေရာသွား အနေနဲ့ ပါဝင်ရုံပေါ့။ မဲဆွယ်ပွဲတွေကလည်း ခြိမ့်ခြိမ့်သဲပါပဲ။ သင်္ကြန်ကိုမကဲရ သူတွေဆိုတော့ မဲဆွယ်တာကို သင်္ကြန်လိုနွှဲကြတာမှ တပျော်တပါး ကြီးဆိုသလို နွှဲကြတာလား။
အဲ .. အခုနောက်ပိုင်းတော့ မဲဆွယ်တာအပြင် ထွင်လုံးတွေနဲ့ ညစ်လုံးတွေသုံးပြီး တိုက်ခိုက်တာတွေပါ ပါလာသဗျ။ ဘယ်ပါတီက လူတွေလုပ်သလဲဆိုရင် ပါတီ ၁၀၀ ဝန်းကျင်မှာ တစ်ခုတည်းသော ပါတီဝင်တွေ၊ ပါတီဝန်းရံသူတွေက လုပ်ကြတာ။ သူတို့ခင်ဗျာလည်း ကျန်တဲ့ပါတီမှန်သမျှကို ရန်သူလို့ မြင်ရုံသာမက ရဟန်းသံဃာတွေ တပ်မတော်ကလူတွေ အမျိုး၊ဘာသာ၊ သာသနာရေး လုပ်ရှားသူတွေကိုပါ ပတ်ပြီးတိုက်ခိုက်နေရရှာတာ အတော်သနား စရာပဲ။ အခုရက် ပိုင်းလေးမှာတင် ကြံ့ခိုင်ရေးပါတီနဲ့ ပြဿနာတွေတက်ခဲ့သလို တပ်မတော်ကပဲ လုပ်နေသယောင်နဲ့ အဖျက်အမှောင့်တွေလုပ်လာတာ စိပ်လာသဗျ။ အခုလည်း မင်းဒင်ဆိုသူက တပ်ကပဲ ကြံ့ခိုင်ရေးပါတီကို မဲဆွယ်ပေးနေသယောင်၊ အောင်နိုင်ရေးအတွက် လုပ်ပေးနေသယောင် ရေးလာတာတွေ့မိပါရဲ့။ သူတို့ပါတီ ထောက်ခံသူတွေရဲ့ ဦးနှောက်ကို ထိန်းချုပ်နိုင်ဖို့ ညွှန်ကြားချက် စာတစ်စောင်နဲ့ ဖွဲ့စည်းတာဝန်ပေးအပ်မှုဆိုတဲ့ စာတစ်စောင်ပါ တွဲတင်ပေးလိုက်သေးတာ။ သူတို့ အသိုင်းအဝိုင်းမှာတော့ ဟိုအတန်း ရဲဝင်ဖမ်းသလို ရှိသွားတာပေါ့လေ။ ကိုယ်တွေလို စစ်မှုထမ်း (ငြိမ်း)တစ်ယောက်အနေနဲ့ ရယ်စရာပဲ။ ပထမတော့ ရယ်ပြီးကြည့်နေရုံ နေလိုက်မယ် ကြံမိသေးပါရဲ့။ သို့ပေသိ အမှားကိုမြင်ပါလျက်နဲ့ အမှန်ကို မပြောရင် တာဝန်မကင်းဘူးလို့ ယူဆပြီး ထပ်ရေးလိုက်ပါသဗျာ။ မင်းဒင်ရဲ့ စာအရတော့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က ထွက်တဲ့စာဆိုပြီး ပုံတွဲတင်ထားလေရဲ့။ လုံခြုံရေးအဆင့်က ထိပ်တန်းလျှို့ဝှက်။ အဲဒီအဆင့်ဆိုတာနဲ့ စာအိတ် တောင် ၂ထပ် ပိတ်ရတယ်။ ပိတ်တဲ့စနစ်က ချိတ်ပိတ်။ စာအိပ်ဖောက်ရင်တောင် ဦးစီး အရာရှိအဆင့်ပဲဖောက်ရတာ။ မှတ်ပုံတင်တာလဲ ဦးစီးအရာရှိ ကိုယ်တိုင်ပဲလုပ်ရ တယ်။ ကိုယ်တွေလို ရုံးအုပ်အဆင့်က စာလာတာကို ဝင်စာမှတ်ပုံတင်၊ စာပေး ဒီအဆင့်ပဲ လုပ်ရတာ။ ဖတ်ဖို့မပြောနဲ့။ ဖောက်တောင်ဖောက်ခွင့်မရှိ။ မင်းဒင်ခင်မျာ မယ် လူတွေအများကြီးသိကုန်ပြီ။
အောက်ခြေစစ်သည်တွေပါ သိတယ်လို့ ပုံဖော်ချင် တော့ စာရဲ့အောက်ဆုံးမှာ တာဝန်ကျစာရေးတို့ ရုံးအုပ်တို့ကိုပါ ထည့်ပြီးရိုက်ထားရ ရှာတယ်။ ဒါကတစ်ချက်ပေါ့လေ ။ စာကိုဖောက်ဖတ်ပြီးရင်တော့ အောက်ကရုံးအဖွဲ့ တွေကို ပြန်ချပေးတယ်လို့ ထင်နေရင်လည်း မှားသေးသဗျို့။ ဦးစီးအရာရှိကပဲ စာကိုသိမ်းတယ်။ မီးခံသေတ္တာထဲမှာ ဒါမှမဟုတ်ရင် လုံခြုံမှုရှိတဲ့ သေတ္တာထဲမှာ သိမ်းတာ။ မသိမ်းခင်မှာ စာကိုအမှတ်စဉ်တပ်၊ မှတ်ပုံတင်၊ လက်မှတ်ထိုး စတာ တွေကို လုပ်ရသေးတာ။ အခုထုတ်ပြလာတဲ့စာမှာ အမှတ်စဉ်တပ်မထားတာ ကို သတိပြုမိကြမယ် ထင်ပါရဲ့။ ဒေါင့်မစေ့လိုက်စေခြင်းလို့ပဲ ပြောရမှာပဲ။ နောက်ဆုံး လက်မှတ်ကိစ္စတွေကို ပြောချင်တယ်။ တိုင်းမှုးရဲ့ကိုယ်စားလက်မှတ်ထိုးသူက ဒုမှူးကြီးဆိုတာပါတော့ ဂျီဝမ်း ပေါ့လေ။ လက်မှတ်ထိုးတဲ့ ရက်စွဲကို သေချာကြည့် ။ ၂၁ လိုလို ၂၈ လိုလိုနဲ့ လုံးချထားတာ။ ထိပ်တန်းလျှို့ဝှက်အဆင့်စာရဲ့ ရက်စွဲကို လက်မှတ်ထိုးသူကိုယ်တိုင်က တပ်ရတယ်။ ကိုယ်တိုင်တပ်ရတဲ့စာအမှတ်က ရက်စွဲနဲ့လက်မှတ်ထိုးတဲ့ရက်ဟာ တစ်ထပ်တည်း ကျနေရတယ်။ လွဲလိုက်လေခြင်း မင်းဒင်ရယ်။ ထိပ်တန်းလျှို့ဝှက်ကို ငွေချေးစာချုပ် လက်မှတ်ထိုးသလောက် လွယ်တယ်ထင်နေသလားကွာ။ အောက်ကရုံးအုပ်က မျဉ်းတိုလေးနဲ့ဘာမှန်းမသိတဲ့စာလေးနဲ့ဆိုတော့ ပိုဆိုးပါရဲ့။ ရုံးအုပ်က ထိပ်တန်းလျှို့ ဝှက်ကို လက်မှတ်ထိုးဖို့အသာထား ဖတ်ခွင့်တောင်မရှိဘူးဟ။
နောက်ဆုံးတစ်ချက် ပူးတွဲပါကိစ္စ။ အမည်စာရင်း ဆိုပါတော့။ နောက်ကပူးတွဲပါစာမှာတော့ အမည်စာရင်း ကမပါ။ အဲသလောက်တောင် လွဲရလေသလား မင်းဒင်ရယ်။ ထိပ်တန်းလျှို့ဝှက် အဆင့် တပ်ထားပြီး အမည်မပါ ဖွဲ့စည်းပုံမပါတာကြီး တွဲပြမှတော့ လွဲလိုက်သမှ ဟိုဘက်ကမ်းထိလို့ ဆိုရပေမပေါ့။ ကဲပါလေ… မင်းဒင်ဆိုတဲ့ သူကောင့်သားကို ပြောလိုက်ကြစမ်းပါဗျာ။
တပ်မတော်ဆိုတာ သူတို့အမေလို အခုတမျိုးပြော ခဏနေတစ်မျိုးလုပ်လို့ရတဲ့ နေရာမဟုတ်ဘူး။ ရုံးကိစ္စအဝဝအတွက် ဦးစီးတာဝန် ဆိုတဲ့ စာအုပ်နဲ့ တစ်ပုံစံ၊ တသတ်မတ်တည်း စနစ်တကျလိုက်နာနေရ တဲ့အဖွဲ့ အစည်းကြီးဖြစ်ကြောင်း ပြောလိုက်စမ်းပါဗျာ။ နောက်ပြီး တပ်မတော်ဆိုတာ အမျိုးသားနိူင်ငံရေးကိုသာ ဦးထိပ်ထားလို့ ပါတီနိုင်ငံရေးဆိုတာ ကင်းရှင်းကြောင်းကို ပါ ပြောလိုက်စေချင်ပါရဲ့ဗျာ။ ကျေးဇူးပါဗျို့ …..
  • ZAWGYI VERSION
COVID ဆိုတဲ့ေရာဂါကပ္ဆိုးႀကီးေအာက္မွာ သိပ္မၾကာခင္ ေ႐ြးေကာက္ပြဲဆိုတာႀကီး ကို က်င္းပေတာ့မတဲ့။ ကပ္ေရာဂါကို အက်ိဳးရွိစြာ အသုံးခ်ေနသူေတြရွိသလို ကပ္ေရာဂါေၾကာင့္ ေ႐ြးေကာက္ပြဲကို ဆုတ္ေပးဖို႔ ေတာင္းဆိုသူေတြလဲ မနည္းဘူး ေပါ့ခင္ဗ်ာ။ ဘက္ႏွစ္ဘက္ရဲ႕လြန္ဆြဲပြဲမွာ ကြၽန္ေတာ္တို႔ ျပည္သူေတြကေတာ့ ထားရာေန၊ ေစရာသြား အေနနဲ႔ ပါဝင္႐ုံေပါ့။ မဲဆြယ္ပြဲေတြကလည္း ၿခိမ့္ၿခိမ့္သဲပါပဲ။ သၾကၤန္ကိုမကဲရ သူေတြဆိုေတာ့ မဲဆြယ္တာကို သၾကၤန္လိုႏႊဲၾကတာမွ တေပ်ာ္တပါး ႀကီးဆိုသလို ႏႊဲၾကတာလား။
အဲ .. အခုေနာက္ပိုင္းေတာ့ မဲဆြယ္တာအျပင္ ထြင္လုံးေတြနဲ႔ ညစ္လုံးေတြသုံးၿပီး တိုက္ခိုက္တာေတြပါ ပါလာသဗ်။ ဘယ္ပါတီက လူေတြလုပ္သလဲဆိုရင္ ပါတီ ၁၀၀ ဝန္းက်င္မွာ တစ္ခုတည္းေသာ ပါတီဝင္ေတြ၊ ပါတီဝန္းရံသူေတြက လုပ္ၾကတာ။ သူတို႔ခင္ဗ်ာလည္း က်န္တဲ့ပါတီမွန္သမွ်ကို ရန္သူလို႔ ျမင္႐ုံသာမက ရဟန္းသံဃာေတြ တပ္မေတာ္ကလူေတြ အမ်ိဳး၊ဘာသာ၊ သာသနာေရး လုပ္ရွားသူေတြကိုပါ ပတ္ၿပီးတိုက္ခိုက္ေနရရွာတာ အေတာ္သနား စရာပဲ။ အခုရက္ ပိုင္းေလးမွာတင္ ႀကံ့ခိုင္ေရးပါတီနဲ႔ ျပႆနာေတြတက္ခဲ့သလို တပ္မေတာ္ကပဲ လုပ္ေနသေယာင္နဲ႔ အဖ်က္အေမွာင့္ေတြလုပ္လာတာ စိပ္လာသဗ်။ အခုလည္း မင္းဒင္ဆိုသူက တပ္ကပဲ ႀကံ့ခိုင္ေရးပါတီကို မဲဆြယ္ေပးေနသေယာင္၊ ေအာင္ႏိုင္ေရးအတြက္ လုပ္ေပးေနသေယာင္ ေရးလာတာေတြ႕မိပါရဲ႕။ သူတို႔ပါတီ ေထာက္ခံသူေတြရဲ႕ ဦးေႏွာက္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ၫႊန္ၾကားခ်က္ စာတစ္ေစာင္နဲ႔ ဖြဲ႕စည္းတာဝန္ေပးအပ္မႈဆိုတဲ့ စာတစ္ေစာင္ပါ တြဲတင္ေပးလိုက္ေသးတာ။ သူတို႔ အသိုင္းအဝိုင္းမွာေတာ့ ဟိုအတန္း ရဲဝင္ဖမ္းသလို ရွိသြားတာေပါ့ေလ။ ကိုယ္ေတြလို စစ္မႈထမ္း (ၿငိမ္း)တစ္ေယာက္အေနနဲ႔ ရယ္စရာပဲ။ ပထမေတာ့ ရယ္ၿပီးၾကည့္ေန႐ုံ ေနလိုက္မယ္ ႀကံမိေသးပါရဲ႕။ သို႔ေပသိ အမွားကိုျမင္ပါလ်က္နဲ႔ အမွန္ကို မေျပာရင္ တာဝန္မကင္းဘူးလို႔ ယူဆၿပီး ထပ္ေရးလိုက္ပါသဗ်ာ။ မင္းဒင္ရဲ႕ စာအရေတာ့ ကမ္း႐ိုးတန္းေဒသ တိုင္းစစ္ဌာနခ်ဳပ္က ထြက္တဲ့စာဆိုၿပီး ပုံတြဲတင္ထားေလရဲ႕။ လုံၿခဳံေရးအဆင့္က ထိပ္တန္းလွ်ိဳ႕ဝွက္။ အဲဒီအဆင့္ဆိုတာနဲ႔ စာအိတ္ ေတာင္ ၂ထပ္ ပိတ္ရတယ္။ ပိတ္တဲ့စနစ္က ခ်ိတ္ပိတ္။ စာအိပ္ေဖာက္ရင္ေတာင္ ဦးစီး အရာရွိအဆင့္ပဲေဖာက္ရတာ။ မွတ္ပုံတင္တာလဲ ဦးစီးအရာရွိ ကိုယ္တိုင္ပဲလုပ္ရ တယ္။ ကိုယ္ေတြလို ႐ုံးအုပ္အဆင့္က စာလာတာကို ဝင္စာမွတ္ပုံတင္၊ စာေပး ဒီအဆင့္ပဲ လုပ္ရတာ။ ဖတ္ဖို႔မေျပာနဲ႔။ ေဖာက္ေတာင္ေဖာက္ခြင့္မရွိ။ မင္းဒင္ခင္မ်ာ မယ္ လူေတြအမ်ားႀကီးသိကုန္ၿပီ။
ေအာက္ေျခစစ္သည္ေတြပါ သိတယ္လို႔ ပုံေဖာ္ခ်င္ ေတာ့ စာရဲ႕ေအာက္ဆုံးမွာ တာဝန္က်စာေရးတို႔ ႐ုံးအုပ္တို႔ကိုပါ ထည့္ၿပီး႐ိုက္ထားရ ရွာတယ္။ ဒါကတစ္ခ်က္ေပါ့ေလ ။ စာကိုေဖာက္ဖတ္ၿပီးရင္ေတာ့ ေအာက္က႐ုံးအဖြဲ႕ ေတြကို ျပန္ခ်ေပးတယ္လို႔ ထင္ေနရင္လည္း မွားေသးသဗ်ိဳ႕။ ဦးစီးအရာရွိကပဲ စာကိုသိမ္းတယ္။ မီးခံေသတၱာထဲမွာ ဒါမွမဟုတ္ရင္ လုံၿခဳံမႈရွိတဲ့ ေသတၱာထဲမွာ သိမ္းတာ။ မသိမ္းခင္မွာ စာကိုအမွတ္စဥ္တပ္၊ မွတ္ပုံတင္၊ လက္မွတ္ထိုး စတာ ေတြကို လုပ္ရေသးတာ။ အခုထုတ္ျပလာတဲ့စာမွာ အမွတ္စဥ္တပ္မထားတာ ကို သတိျပဳမိၾကမယ္ ထင္ပါရဲ႕။ ေဒါင့္မေစ့လိုက္ေစျခင္းလို႔ပဲ ေျပာရမွာပဲ။ ေနာက္ဆုံး လက္မွတ္ကိစၥေတြကို ေျပာခ်င္တယ္။ တိုင္းမႈးရဲ႕ကိုယ္စားလက္မွတ္ထိုးသူက ဒုမႉးႀကီးဆိုတာပါေတာ့ ဂ်ီဝမ္း ေပါ့ေလ။ လက္မွတ္ထိုးတဲ့ ရက္စြဲကို ေသခ်ာၾကည့္ ။ ၂၁ လိုလို ၂၈ လိုလိုနဲ႔ လုံးခ်ထားတာ။ ထိပ္တန္းလွ်ိဳ႕ဝွက္အဆင့္စာရဲ႕ ရက္စြဲကို လက္မွတ္ထိုးသူကိုယ္တိုင္က တပ္ရတယ္။ ကိုယ္တိုင္တပ္ရတဲ့စာအမွတ္က ရက္စြဲနဲ႔လက္မွတ္ထိုးတဲ့ရက္ဟာ တစ္ထပ္တည္း က်ေနရတယ္။ လြဲလိုက္ေလျခင္း မင္းဒင္ရယ္။ ထိပ္တန္းလွ်ိဳ႕ဝွက္ကို ေငြေခ်းစာခ်ဳပ္ လက္မွတ္ထိုးသေလာက္ လြယ္တယ္ထင္ေနသလားကြာ။ ေအာက္က႐ုံးအုပ္က မ်ဥ္းတိုေလးနဲ႔ဘာမွန္းမသိတဲ့စာေလးနဲ႔ဆိုေတာ့ ပိုဆိုးပါရဲ႕။ ႐ုံးအုပ္က ထိပ္တန္းလွ်ိဳ႕ ဝွက္ကို လက္မွတ္ထိုးဖို႔အသာထား ဖတ္ခြင့္ေတာင္မရွိဘူးဟ။
ေနာက္ဆုံးတစ္ခ်က္ ပူးတြဲပါကိစၥ။ အမည္စာရင္း ဆိုပါေတာ့။ ေနာက္ကပူးတြဲပါစာမွာေတာ့ အမည္စာရင္း ကမပါ။ အဲသေလာက္ေတာင္ လြဲရေလသလား မင္းဒင္ရယ္။ ထိပ္တန္းလွ်ိဳ႕ဝွက္ အဆင့္ တပ္ထားၿပီး အမည္မပါ ဖြဲ႕စည္းပုံမပါတာႀကီး တြဲျပမွေတာ့ လြဲလိုက္သမွ ဟိုဘက္ကမ္းထိလို႔ ဆိုရေပမေပါ့။ ကဲပါေလ… မင္းဒင္ဆိုတဲ့ သူေကာင့္သားကို ေျပာလိုက္ၾကစမ္းပါဗ်ာ။
တပ္မေတာ္ဆိုတာ သူတို႔အေမလို အခုတမ်ိဳးေျပာ ခဏေနတစ္မ်ိဳးလုပ္လို႔ရတဲ့ ေနရာမဟုတ္ဘူး။ ႐ုံးကိစၥအဝဝအတြက္ ဦးစီးတာဝန္ ဆိုတဲ့ စာအုပ္နဲ႔ တစ္ပုံစံ၊ တသတ္မတ္တည္း စနစ္တက်လိုက္နာေနရ တဲ့အဖြဲ႕ အစည္းႀကီးျဖစ္ေၾကာင္း ေျပာလိုက္စမ္းပါဗ်ာ။ ေနာက္ၿပီး တပ္မေတာ္ဆိုတာ အမ်ိဳးသားႏိူင္ငံေရးကိုသာ ဦးထိပ္ထားလို႔ ပါတီႏိုင္ငံေရးဆိုတာ ကင္းရွင္းေၾကာင္းကို ပါ ေျပာလိုက္ေစခ်င္ပါရဲ႕ဗ်ာ။ ေက်းဇူးပါဗ်ိဳ႕ …..

Post a Comment

0 Comments

Total Pageviews