လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာ

လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာ ======================================================
ဗီယန်ကျင်း သြဂုတ် ၃၁ ပြီးခဲ့သည့် ဇန်နဝါရီလနောက်ပိုင်း လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၆၇၇ ဦးအထိ မြင့်တက်လာခဲ့ပြီး ၁၀ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အစီရင်ခံစာတစ်စောင်အရ သိရသည်။ လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သူ ၁၃၁၃ ဦးဖြင့် အရေအတွက်အများဆုံးဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် ကြေညာချက်တစ်ခုအတွင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။ ဘိုလစ်ခမ်ဇေ ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၆၉ ဦး၊ ဗီယန်ကျင်းပြည်နယ်တွင် ၆၀၀ နှင့် ဘိုကီယိုပြည်နယ်တွင် ၅၆၀ ကူးစက်မှု ဖြစ်ပွားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀ ဦးတွင် ဗီယန်ကျင်းမြို့မှ လေးဦး၊ ဘိုလစ်ခမ်ဇေပြည်နယ်မှ နှစ်ဦးနှင့် ကမ်မွမ်၊ ရှာယာဘော်ရီ၊ ကျန်ကောင် နှင့် ဆဗန်နာခတ်ပြည်နယ်တို့မှ တစ်ဦးစီတို့ဖြစ်သည်။

Post a Comment

0 Comments

Total Pageviews