COVID - 19 စံချိန်တင် လူနာသစ် (၁၀၀) ကျော်ဖြစ်ပွားခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ ၁။ ယမန်နေ့၊ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၁၅၂) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၀၀) ဦး တွေ့ရှိခဲ့ပါသည်။ ၂။ အဆိုပါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၀) ဦးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ ၃။ (၁-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၈၇) ဦး ရှိပြီဖြစ်ပါသည်။

 

Post a Comment

0 Comments

Total Pageviews