အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်မှ လက်နက်/ခဲယမ်းများ ထုတ်ပေး၍ ရန်ကုန်မြို့ အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအချို့အား ဆက်လက်ဖော်ထုတ်ရရှိ

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်မှ လက်နက်/ခဲယမ်းများ ထုတ်ပေး၍ ရန်ကုန်မြို့ အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအချို့အား ဆက်လက်ဖော်ထုတ်ရရှိ

နေပြည်တော်၊ နို ၂၂

                 အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ ရန်ကုန်မြို့ အတွင်း အကြမ်းဖက်လုပ်ငန်းများ  ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့ သော ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် အပါအဝင် ကျား ၄၃ ဦး၊ မ ၇ ဦး၊ ပေါင်း ၅၀ ဦးတို့အား လက်နက်မျိုးစုံ ၁၂၇ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၇၆ ခု၊ ကျည်မျိုးစုံ ၁၆၀၅၇ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံး ၁၁ လုံး၊ ရီမုဒ်မိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ်  ၂ လုံး၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး) ၃ လုံး၊  မီးရှို့ လက်လုပ်ဗုံး ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ TNT ယမ်း (၀.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁.၂၅) ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ကီးပတ်ဖုန်း ၁၆ လုံး၊ နာရီ ၇ လုံး၊ လမ်းလျောက် စကားပြောစက် ၄ လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၁ လုံး၊ ၂.၅ လက်မသံ ၅ ပိဿာ၊ မှန်ပြောင်း ၂ ခု၊ ဂြိုလ်တုဖုန်း ၁၃ လုံး၊ Laptop ၂ လုံး၊  Hard Disk ၁ ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက်မှတ်စာအုပ် ၁ အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီးရေး ပြုလုပ်မည့်စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့် စာရင်းများပြုစုထားသည့် မှတ်တမ်းစာအုပ်များ၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အခြားဆက်စပ်ပစ္စည်း များအား သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ်အား နိုဝင်ဘာလ ၂၀ ရက်တွင် သတင်း ထုတ်ပြန် ခဲ့ပြီး ဖြစ်သည်၊၊





တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်အား (ဘ) ဒေါက်တာ မြသော် (မိ) ဒေါက်တာ ဒေါ်ခင်ဝင်းမေတို့မှ ၁၉၈၁ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွား ခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ရတနာပုံတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)အား ရရှိခဲ့ပြီး အနုပညာ(အဆိုတော်)လုပ်ငန်းအား လုပ်ကိုင် ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် တရားမဝင်အသင်းဖွဲ့စည်းမှု၊ တရားမဝင် ငွေကြေး ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရသော်လည်း ၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် NLD ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည် စိတ်ချရသူ တစ်ယောက်အနေဖြင့် တာဝန်ထမ်းဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း/ပြည်ပခရီးစဉ်များ၊ စည်းရုံးရေးလှုပ်ရှားမှုများတွင် အနီးကပ်လိုက်ပါခဲ့သည်။

                 တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်သည် ၂၀၂၀  ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဆူပူ ဆန္ဒပြမှု များအား ဦးစီး ဆောင်ရွက်ခဲ့သည်။

                 ထို့ပြင် ဧပြီလမှစ၍ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ ရည်မွန်၊ ဇော်ဝေစိုး၊ လွင်ကိုလတ်တို့နှင့် ချိတ်ဆက်၍ ရန်ကုန်တိုင်းတာဝန်ခံအဖြစ် ဆောင်ရွက်ပြီး အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော Special Tesk Force- STF နှင့် People Defence Force-PDF အဖွဲ့တို့အား ဦးစီးကာ အကြမ်းဖက်လုပ်ငန်းများအား ဆောင်ရွက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် တာဝန်ထမ်းဆောင်နေသော မြို့နယ်/ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုးပါတီ ဝင်များအပါအဝင် အခြားဆန့်ကျင်ဘက်ပါတီဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များအား လုပ်ကြံသတ်ဖြတ်ရန်နှင့် အပြစ်မဲ့ပြည်သူလူထု ထိတ်လန့် ကြောက်ရွံ့စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦများအပါအဝင် ပညာသင်ကြားမှုများ ရပ်တန့်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများကိုပါ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များအား Mission ဆောင်ရွက်မည့် တင်ပြချက်အပေါ် မူတည်၍ လက်နက်/ခဲယမ်းများ ထုတ်ပေးခဲ့ကြောင်း  ဖော်ထုတ်သိရှိရသည်။

                 တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ လက်နက်/ ခဲယမ်းများ ထုတ်ပေး၍ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုများအား ကနဦး ဖော်ထုတ်ရရှိမှုအနေဖြင့် ၁၅ ကြိမ်ရှိကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် မေလ ၁၈ ရက်တွင် လမ်းမတော်မြို့နယ်၊ (၃)ရပ်ကွက်၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးမျိုးလွင် အား သတ်ဖြတ်ရန်အတွက် (STF)အဖွဲ့ဝင် ကိုဂျီ ထံ ပစ္စတို ၁ လက် ထုတ်ပေးခဲ့ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ အကြမ်းဖက်အဖွဲ့ဝင်အချို့မှ လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်အား  စစ်ဆေးရန် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးမျိုးလွင်(၅၂)နှစ်သည် နေအိမ် တိုက်ခန်းမှ ရုံးသို့ ထွက်လာစဉ် တိုက်ခန်း အောက်လှေကား အရောက်၌ စိစစ်ဆဲ လူတစ်စုမှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးမျိုးလွင်တွင် ဦးခေါင်း ၁ ချက် ထိမှန် သေဆုံးခဲ့သည်။

မေလ ၁၉ ရက်တွင် စမ်းချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား ဝင်ရောက်ပစ်ခတ်ရန် အတွက် (STF)အဖွဲ့ဝင် လင်းပိုင်ထံ ပစ္စတို ၂ လက်အား ထုတ်ပေးခဲ့ရာ မေလ ၂၁ ရက်တွင် စမ်းချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ ပစ္စတို သေနတ်၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မေလ ၁၉ ရက်တွင် သာကေတမြို့နယ်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်ရန် အတွက် သာကေတမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကျော်သီဟထံ ပစ္စတို ၁ လက်ထုတ် ပေးခဲ့ရာ မေလ ၂၇ ရက်တွင် အမှတ်(၃၄)၊ မာန်ပြေ(၂၀)လမ်း၊ ၃ မာန်ပြေရပ်ကွက်၊ သာကေတမြို့နယ်နေ အပြစ်မဲ့ပြည်သူ ၁ ဦးအား ၎င်း၏ နေအိမ်အရှေ့တွင်  အကြမ်းဖက်သူ ကျား ၂ ဦးမှ  သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

မေလ ၂၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ဦးအောင်မင်းအား ပစ်ခတ်ရန်အတွက် (STF) အဖွဲ့ဝင် Sky ထံ ပစ္စတို ၁ လက်ထုတ်ပေးခဲ့ရာ ဇွန်လ ၁ ရက်တွင် ဦးအောင်မင်းအား MCC ခန်းမရှေ့၌ အငှားယာဉ်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ဇွန်လ ၃ ရက်တွင် ဒေါပုံမြို့နယ်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးထွန်းရီ အား ပစ်ခတ်ရန်အတွက် ဒေါပုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးထံ ပစ္စတို ၁ လက်ထုတ်ပေးခဲ့ရာ ဦးထွန်းရီသည် ဒေါပုံမြို့နယ်မှ သန်လျင်မြို့နယ်သို့ မော်တော် ယာဉ်ဖြင့် ထွက်ခွာလာစဉ် မင်းနန္ဒာလမ်းနှင့် ရွှေးဖူးမျှော်လမ်းထိပ် အရောက် အကြမ်းဖက်သမား ၃ ဦးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ဇွန်လ ၄ ရက်တွင် သာကေတမြို့နယ်၊ ၃ မာန်ပြေရပ်ကွက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များအား ပစ်ခတ်ရန်အတွက် (STF) အဖွဲ့ဝင် ကြွက် ထံ ပစ္စတို ၁ လက်ထုတ် ပေးခဲ့ရာ ဇွန်လ ၇ ရက်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် များအား အဖြူရောင်မော်တော်ယာဉ်ပေါ်မှ အကြမ်းဖက်သမား ၄ ဦးမှ ပစ်ခတ်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၁၁ ရက်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၂)ရပ်ကွက်ရှိ “လှသီတာ” ရွှေဆိုင်အား ဓါးပြတိုက်ရန်အတွက် STF အဖွဲ့မှ ထူးထူးအား ပစ္စတို ၁ လက်အား ငှားရမ်းပေးခဲ့သည့် ဖြစ်စဉ်တွင် တရားခံ ဝေယံ(ခ) အသေးလေးအား Glock  အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဇူလိုင်လ စတုတ္ထပါတ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၅ ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်ရန်အတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး ထံ ပစ္စတို ၁ လက်ထုတ်ပေးခဲ့ရာ ဩဂုတ်လ ၅ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ အမှတ်(၅၀)၊ မြိုင်မဟာလက်ဘက်ရည်ဆိုင်သို့ အကြမ်းဖက်သမား ၂ ဦးမှ လက်နက်ငယ်နှင့် လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ အပြစ်မဲ့ပြည်သူ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ ၁၇ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၇ ရပ်ကွက်၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ အဖွဲ့ဝင် ၁ ဦးအား  ပစ်ခတ်ရန်အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး ထံ ပစ္စတို ၁ လက် ထုတ်ပေးခဲ့ရာ မိုးကာဝတ်ထားသည့် အကြမ်းဖက်သမား ၄ ဦးမှ လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ၊ တတိယပတ်တွင် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်း လုံခြုံရေးရဲကင်းအား ပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင် ၁ ဦးထံ ပစ္စတို ၂ လက်ထုတ် ပေးခဲ့ရာ ဩဂုတ်လ ၂၂ ရက်တွင် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတား အဆင်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား ယာဉ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလ ၉ ရက်တွင် စမ်းချောင်းမြို့နယ်၊ လှည့်ကင်းဆောင်ရွက် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ရန်အတွက် Revolution Force အဖွဲ့ဝင် ၁ ဦးထံ လက်နက်ငယ်များ ထုတ်ပေးခဲ့ရာ စမ်းချောင်းမြို့နယ်၊ သံတံတား ရပ်ကွက်တွင် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား  အကြမ်းဖက်သမား များမှ ယာဉ်နောက်ခန်းအတွင်း လက်ပစ်ဗုံး ဖြင့်ပစ်ခတ်၍ လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြစ်မှု ကျူးလွန်ခဲ့သော တရားခံ ကျော်စိုးလင်းနှင့် ဝေယံပိုင်အပါ ကျား ၁၆ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၈ ဦးနှင့်အတူ လက်နက်ငယ်မျိုးစုံ ၅ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ကျည်မျိုးစုံ ၁၆၆ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၄ လုံး၊ လက်လုပ်ဗုံး ၃၀ လုံး၊ ဒရုန်း ၁ ခုနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်။

အောက်တိုဘာလ ဒုတိယပတ်တွင် ဗားကရာလမ်းနှင့် အောက်ကြည့်မြင်တိုင် လမ်းထောင့်ရှိ ယာဉ်ထိန်းရဲ ကင်းရုံအား ပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင် S-21 ထံ လက်နက်ငယ်များ ထုတ်ပေးခဲ့ရာ အောက်တိုဘာလ ၂၃ ရက်တွင် ကြည့်မြင်တိုင် မြို့နယ်၊ ဗားကရာမီးပွိုင့်ယာဉ်ထိန်းရုံး၌ လုံခြုံရေးတာဝန်ထမ်းဆောင် နေသော တပ်ဖွဲ့ဝင်များအား  အကြမ်းဖက်သမားများသည် မော်တော်ယာဉ် ၁ စီးပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တရားခံ အောင်ပိုင်ဖြိုး၊ ဆွေလင်းအောင်၊ စောဂယ်လ်ဇင်ထူး၊ ဟိန်းထက်အောင် တို့ ၄ ဦးအား လက်နက်ငယ်မျိုးစုံ ၈ လက်၊ ကျည်အိမ်မျိုးစုံ ၃၅ ခု ၊ကျည်မျိုးစုံ ၁၂၂၀ တောင့်၊ ၄၀ မမဗုံးသီး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့် (မီးခိုရောင်) ၇ ထုပ်၊ မှန်ပြောင်း ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အောက်တိုဘာလ ၂၃ ရက်တွင် ဗိုလ်တစ်ထောင်မြို့နယ်၊ ဈေးလမ်းမီးပွိုင့်အနီး ယာဉ်ထိန်းရဲကင်းရုံအား ပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင် ၂ ဦးထံ ပစ္စတို ၄ လက်ထုတ်ပေးခဲ့ရာ ဗိုလ်တထောင်မြို့နယ်၊ (၃)ရပ်ကွက်ရှိ ယာဉ်ထိန်းရုံးမီးပွိုင့်၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမား ၄ ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

အောက်တိုဘာလ တတိယပတ်တွင် ဒေါပုံမြို့နယ် ရဲစခန်းနှင့် လှိုင်မြို့နယ် ရဲစခန်းတို့အား ပစ်ခတ်ရန်အတွက် UG အဖွဲ့ဝင် 44-ST ထံ M-79 ဗုံးပစ် လောင်ချာ ၂ လက်၊ ဗုံးသီး ၇ လုံး ထုတ်ပေးခဲ့ရာ အောက်တိုဘာလ ၂၇ ရက်တွင် အကြမ်းဖက် သမားများမှ ဒေါပုံရဲစခန်းအား ဒေါပုံသင်္ဘောကျင်းအနီးမှ လည်းကောင်း၊ အောက်တိုဘာလ ၃၁ ရက်တွင် လှိုင်ရဲစခန်းအား လည်းကောင်း M-79 ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ တရားခံ ကျား ၁၁ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၃ ဦးအား FCG 9 သေနတ် ၆ လက်၊ ပွိုင့်-၄၅ COLT’s ပစ္စတို သေနတ် ၁ လက်၊ ၉ မမ ကျည် ၁၂ တောင့်၊ ပွိုင့် ၄၅ ကျည် ၅ တောင့်၊ ပွိုင့် ၃၈ ကျည် ၂၀ တောင့်၊ FCG 9 ကျည်အိမ် ၈ ခု၊ ပစ္စတို ကျည်အိမ် ၁ ခု၊  လက်လုပ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

နိုဝင်ဘာလ ၄ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ Mytel GM ဦးသိန်းအောင် အား ပစ်ခတ်ရန်အတွက် (YFA) အဖွဲ့ဝင် ၁ ဦးထံ ပစ္စတို ၁ လက်ဌားရမ်းပေးခဲ့ ကြောင်းနှင့် ပစ်ခတ်မှု ဖြစ်စဉ်တွင် တရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်းနှင့် ဗညားစိုးထက်(ခ) လီယို၊ ဖြိုးအိကျော်နှင့် စိုင်းစည်သူတို့ ၄ ဦးအား ဖမ်းဆီး ရမိခဲ့သည်။

                     အထက်ပါ တရားခံ မောင်ကျော်(ခ)  ဖြိုးဇေယျာသော်ထံမှ လက်နက်/ခဲယမ်း များရယူ၍ အကြမ်းဖက်မှုကျူးလွန်ခဲ့သော ဖြစ်စဉ်များတွင်  တာဝန်ရှိ လုံခြုံရေးအဖွဲ့ များနှင့် တာဝန်သိ ပြည်သူလူထု၏ ပူးပေါင်းဖော်ထုတ်မှုကြောင့် တရားခံ ကျား ၃၄ ဦး၊ မ ၅ ဦး ပေါင်း ၃၉ ဦးတို့အား လက်နက်ငယ် မျိုးစုံ ၂၁ လက်၊ ကျည်အိမ်မျိုးစုံ ၅၀ ခု၊  ကျည်မျိုးစုံ ၁၄၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၁၂ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၄ လုံး၊ လက် လုပ်ဗုံး ၃၂ လုံး၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့် (မီးခိုရောင်) ၇ ထုပ်၊ မှန်ပြောင်း ၁ ခုနှင့် ဒရုန်း ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသော တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

                        အဆိုပါ ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ အကြမ်းဖက် ဆောင်ရွက်မှုများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Post a Comment

0 Comments

Total Pageviews