ရွှေကူမြို့နယ်၊ အောက်(၄) လမ်းဆုံရှိ ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေးဂိတ်အား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်

ရွှေကူမြို့နယ်၊ အောက်(၄) လမ်းဆုံရှိ ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေးဂိတ်အား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ နိုဝင်ဘာ ၂၃    



ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်မြေလှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့စခန်းများအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ များက မြို့နယ်အချို့၌ လက်လုပ်မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ အောက်(၄)လမ်းဆုံရှိ ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက် ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၁၀ မိနစ်အကြာတွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။     

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူ၏ ကျန်းမာရေးလုပ်ငန်းများအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ အား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments

Total Pageviews