နမ့်ဆန်မြို့နယ်၊ မန်မိုင်မုန်းကွမ်းကျေးရွာရှိ နေအိမ်အတွင်းမှ သေနတ် ၅၀ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နမ့်ဆန်မြို့နယ်၊ မန်မိုင်မုန်းကွမ်းကျေးရွာရှိ နေအိမ်အတွင်းမှ သေနတ် ၅၀ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ 

နေပြည်တော်၊ နိုဝင်ဘာ -၂၃    

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများမရှိစေရေးအတွက် နယ်မြေ လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မန်မိုင်မုန်းကွမ်းကျေးရွာအတွင်း မန္တလေး၊ မကွေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးများရှိ အကြမ်းဖက်အုပ်စုများသို့ ရောင်းချရန် လက်နက်/ခဲယမ်း များ စုဆောင်းသိမ်းဆည်းထားကြောင်း တာဝန်သိပြည်သူအချို့၏ သတင်းပေး ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ဖော်ထုတ်ရှင်းလင်းခြင်းအား နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် ကျေးရွာအတွင်းရှိ ဉီးစိုးလွင်(ဘ)ဉီးစုန်ရွှင်ရွှင်း၏ နေအိမ် အတွင်း မြေအောက်ခန်းမှ Type-56 သေနတ် ၁ လက်၊ ကေ(၁၂)သေနတ် ၁ လက်၊ Type-81 သေနတ် ၃ လက်၊ ဘီအေ(၆၃)သေနတ် ၇ လက်၊ ဘီအေ(၉၄)သေနတ် ၄ လက်၊ အမ် ၂၂ ကျည်အိမ် ၂၀ ခု၊ ကျည်အိမ်အဝိုင်း ၁ ခု၊ ကျည်မျိုးစုံ ၁၉၄၅ တောင့်၊ ဒီတိုနေတာ ၁၃ ခုနှင့် ယမ်းကြိုးခွေ ၄ ခွေ ကိုလည်းကောင်း၊ ည ၁၁ နာရီခန့်တွင် ၎င်းနေအိမ်၏ မြင်းတင်းကုပ်အတွင်းမှ Type-56 သေနတ် ၃၄ လက်နှင့် အမ် ၂၂ ကျည်အိမ် ၁၀၅ ခုကိုလည်းကောင်း စုစုပေါင်း လက်နက်မျိုးစုံ ၅၀ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

    




တပ်မတော်စစ်ကြောင်းများအနေဖြင့် စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယခုဖော်ထုတ်ရှင်း လင်းရရှိသည့် မန်မိုင်မုန်းကွမ်းကျေးရွာ၏ မြောက်ဘက် ၇ ကီလိုမီတာအကွာရှိ ဟိုမိန်းကျေးရွာအတွင်းမှလည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် လေယာဉ်ပစ် ပခုံးထမ်းဒုံး (FN-6) တစ်လက်အပါအဝင် လက်နက်ကြီးနှင့် လက်နက်ငယ်မျိုးစုံ ၁၇၀ လက်နှင့် ခဲယမ်း၊ ဆက်စပ်ပစ္စည်းများကိုလည်း ယခုကဲ့သို့ ထာဝရငြိမ်းချမ်း ရေးကိုလိုလားနှစ်သက်ကြသည့် တိုင်းရင်းသားပြည်သူအချို့၏ သတင်းပေးမှု ကြောင့် ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။ 

    

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ဘဝလုံခြုံရေးအတွက် အကြမ်းဖက်လုပ်ရပ်များမဖြစ် ပေါ်စေရန် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့်ဆောင်ရွက် လျက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မြို့ရွာများအမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း သတင်းရရှိသည်။ 

Post a Comment

0 Comments

Total Pageviews