နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ အောက်တိုဘာ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ် မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမကြီးတွင် ဖောက်လုပ်ထားသည့် မြန်မာ နိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။






အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မြို့တော်ဝန်က မြေအောက်လမ်းကူး လူသွားဥမင် (Underpass) တည်ဆောက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ တိုးတက်လာသည့် မြို့ပြစနစ် များအပေါ်တွင် အခြေခံ၍ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန်နှင့် ယာဉ် အန္တရာယ်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ ခြင်းဖြစ်သည့် အခြေအနေများ၊ စက်လှေကားများ၊ ဓာတ်လှေကားများ ထည့်သွင်း တည်ဆောက်ထားသဖြင့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက်လည်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည့်အခြေအနေများ၊ ဈေးဆိုင်ခန်းများ ပါဝင် သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းအချို့ ရရှိစေမည်ဖြစ်ပြီး မြို့တော်အင်္ဂါရပ် နှင့်အညီ သန့်ရှင်းသပ်ရပ် လုံခြုံစိတ်ချရသည့် လမ်းကူးအဆောက်အဦတစ်ခုအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြေအောက်လမ်းကူး လူသွားဥမင် (Underpass) ဖွင့်ပွဲ အထိမ်း အမှတ် အဖြစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင်ပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့က မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦဝင်ပေါက်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြေအောက်လမ်းကူး လူသွားဥမင်အတွင်း လှည့်လည်ကြည့်ရှု ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်မြို့ အတွင်း လူဦးရေနှင့် ပို့ဆောင်ဆက်သွယ်ရေးယာဉ် အရေအတွက် တိုးပွားလာ လျက်ရှိပြီး လမ်းဧရိယာများကို တိုးချဲ့ရန် မဖြစ်နိုင်သည့်အတွက် နှစ်ထပ်လမ်း ကြောင်းများ၊ မြေအောက်ဥမင်လမ်းကြောင်းများကို မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်လာသည့် အခြေအနေများ၊ ယခု မြေအောက်လမ်းကူး လူသွားဥမင်သည် မြေအောက်ရထားလမ်းအကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းများ၏ ကနဦး ခြေလှမ်းအစဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားနိုင်မည့် အခြေအနေများနှင့် ပတ် သက်၍ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကာ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေကယ်ဆယ်ရေး၊ အသုံးပြုသွားလာသူများ၏ လုံခြုံရေးဆိုင်ရာများ နှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် ဈေးဆိုင်ခန်းများပါဝင်သည့် မြေအောက်လမ်းကူးလူသွားဥမင်(Underpass)အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၄၀ ပေ၊ မြေအောက်အနက် ၁၅ ပေ ၃ လက်မ ရှိကြောင်း၊ ပင်မဥမင်စုစုပေါင်းအလျား ၄၂၇ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခုပါဝင်ကာ တစ် နာရီလျှင် လူဦးရေ ၆၀၀၀ ခန့်ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း၊ မြေအောက် လမ်းကူးလူသွားဥမင်(Underpass)အတွင်းရွေ့လျားစက်လှေကား ၃ စင်း၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား ၂ စင်း ထည့်သွင်း တည်ဆောက်ထားပြီး ဈေးဆိုင်ခန်း စုစုပေါင်း ၁၈ ခန်း ထည့်သွင်းတည်ဆောက် ကြောင်း၊ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေကယ်ဆယ်ရေး၊ လုံခြုံရေးဆိုင်ရာ sensor များ၊ ကင်မရာများ တပ်ဆင်ထားရှိပြီး ယနေ့ဖွင့်လှစ်သည့် မြေအောက်လမ်းကူး လူသွားဥမင်သည် အများပြည်သူအတွက် အကျိုးကျေးဇူး များစွာရရှိစေနိုင်မည့်အဆောက်အဦတစ်ခုဖြစ်သည်သာမက ရန်ကုန်မြို့၏ တိုးတက် လာသည့် မြို့အင်္ဂါရပ်ပြယုဂ်တစ်ခုလည်း ဖြစ်ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments

Total Pageviews