NLD ပါတီဟာ အာဏာရရှိရေးအတွက် လက်နက်ကိုင် ပဋိပက္ခပြုလုပ်ပြီး နိုင်ငံပျက်သုဉ်းရေးကို ဦးတည်နေပြီလား...?

NLD ပါတီဟာ အာဏာရရှိရေးအတွက် လက်နက်ကိုင် ပဋိပက္ခပြုလုပ်ပြီး နိုင်ငံပျက်သုဉ်းရေးကို ဦးတည်နေပြီလား...?

စက်တင်ဘာ ၂၂ ၊  ရန်ကုန်

ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေကို ပြန်ကြည့်မယ်ဆိုရင် လက်ရှိ CRPH၊ NUG တို့ဆိုတာ NLD ပါတီကနေ ဆင်းသက် ပေါက်ဖွားလာတာဖြစ်ပါတယ်။ CRPH၊ NUG ဟာ လက်ရှိအနေ အထားမှာ NLD ပါတီ အာဏာပြန်ရဖို့အတွက် လက်နက်ကိုင် လမ်းစဉ်နောက်ကိုလိုက်ပြီး ပြည်တွင်းစစ်ဖြစ်ပွားအောင် ဦးတည်လုပ်ဆောင်နေတယ်လို့ ပြောလို့ရပါတယ်။ 

ဘာကြောင့်လဲဆိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာထိန်းမှုဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်း မြို့ပေါ် ဆန္ဒပြပွဲတွေ စတင်ချိန်မှာ NLD လွှတ်တော်အမတ်ဟောင်းတွေနဲ့ ဗဟိုကော်မတီဝင် တွေက လူငယ်၊ လူရွယ်တွေကို KIA၊ KNU စတဲ့ တောတွင်း လက်နက်ကိုင် သူပုန်တွေဆီကို ပို့ဆောင်ပေးခဲ့ပြီး စစ်ပညာသင်ကြားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆိုတဲ့ (PDF) အကြမ်းဖက်အဖွဲ့တွေ ပေါ်ပေါက်လာခဲ့တယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုပြီး အမည်ခံထားတဲ့ PDF အကြမ်းဖက်အဖွဲ့တွေဟာ ပြည်သူကို မကာကွယ်ဘဲ NUG အကြမ်းဖက် အဖွဲ့ရဲ့ စေခိုင်းညွှန်ကြားချက်အတိုင်း မြန်မာနိုင်ငံအနှံ့မှာ အစိုးရပိုင်၊ ပြည်သူပိုင် အဆောက်အအုံ တွေကို ဗုံးခွဲ၊ မီးရှို့ကာ ကိုယ်နဲ့အမြင်မတူတဲ့သူတွေကို ဒလန်လို့စွပ်စွဲပြီး လိုက်လံ သတ်ဖြတ်တာတွေ လုပ်ဆောင်နေခဲ့တယ်။ ဒီဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် NLD ရဲ့ မူလရည်ရွယ်ချက်ကိုက  လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ထားတာဖြစ်ပြီး ပြည်တွင်းစစ်အတွက် ကြိုတင်ပြင်ဆင် ထားတယ်ဆိုတာ အထင်အရှားပါပဲ။ 



NLD ခေါင်းဆောင်ဖြစ်သူကလည်း ဇွန်လ ၂၉ ရက်နေ့က “ပြည်သူတွေ စည်းလုံးကြဖို့ လိုတယ်” လို့ ပြည်သူတွေကို သတင်းစကား ပါးခဲ့ဖူးတယ်။ NLD ခေါင်းဆောင်ဖြစ်သူအနေနဲ့ ဒီလို ပြောတာ ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု မျိုးစုံလုပ်နေတဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို မသိချင်ယောင်ဆောင်နေတဲ့ သဘောမျိုးပါပဲ။ 

နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကြည့်မယ်ဆိုရင်လည်း ကုလသမဂ္ဂတို့၊ UN တို့ကလည်း NLD၊ CRPH၊ NUG နဲ့ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို ပေါ်တင် နီးပါး ထောက်ခံနေတာကို တွေ့ရတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း ဩဂုတ်လ ၁၀ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်မှာ သီးသန့်ပြုလုပ်တဲ့ သူမရဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲအတွင်းမှာ “အာဏာသိမ်းဖြစ်စဉ်က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ပဋိပက္ခဖြစ်သွားနိုင်တယ်” ဆိုပြီး ပြောဆိုခဲ့ဖူးတယ်။ Christine Schraner Burgener ရဲ့ အဲဒီလို ပြောကြားချက်ဟာ အကြမ်းဖက်သမားတွေရဲ့ ဘက်ကနေ သွယ်ဝိုက်ပြီး ထောက်ခံနေတဲ့ အနေအထားပါပဲ။ ဒါဟာ NLD နဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်အောင် ကြိုတင်ကြံစည်ထားတဲ့သဘောလို့ သုံးသပ်လို့ ရပါတယ်။ 

ဒါတွေကို ကြည့်ခြင်းအားဖြင့် NLD ပါတီအနေနဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်အောင် နိုင်ငံတကာနဲ့ပေါင်းပြီး ဟန်ချက်ညီညီ လုပ်ဆောင်နေတယ်လို့ ပြောလို့ရပါတယ်။ NLD ခေါင်းဆောင်ဖြစ်သူရဲ့ “ပြည်သူတွေ စည်းလုံးကြဖို့လိုတယ်” လို့ ပြောကြားချက်ဟာလည်း ပြည်သူတွေကို အကြမ်းဖက်မှုတွေ လုပ်ပါဆိုပြီး ပြောင်ပြောင်တင်းတင်း မြှောက်ပေးလိုက်တာနဲ့ အတူတူပါပဲ။ 

တကယ်တမ်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ရင် အဓိက နစ်နာဆုံးရှုံးရမှာက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ နိုင်ငံနစ်နာပြီး မြန်မာနိုင်ငံဟာ ဆီးရီးယားလို ဖြစ်သွားမှာ အသေ အချာပါပဲ။ ဒါကြောင့် နိုင်ငံနဲ့ ပြည်သူတွေ မနစ်နာ မဆုံးရှုံးရလေအောင် သတိချပ်ဖို့လိုပြီဆိုတဲ့ အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။


Post a Comment

0 Comments

Total Pageviews