ဦးနှောက်မရှိ၊ အသုံးမကျလို့ အဖမ်းခံပြီး သေမှာကြောက်လို့ CDM လုပ်တယ်လို့လိမ်ခဲ့တဲ့ သိန်းထိုက် ဆိုတဲ့ကောင် ကြီးကြီးကျယ်ကျယ်တွေပြောနေပြီ

 ဦးနှောက်မရှိ၊ အသုံးမကျလို့ အဖမ်းခံပြီး သေမှာကြောက်လို့ CDM လုပ်တယ်လို့လိမ်ခဲ့တဲ့ သိန်းထိုက် ဆိုတဲ့ကောင် ကြီးကြီးကျယ်ကျယ်တွေပြောနေပြီ

---------------------------

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မကွီအိမ်နူးရှေ့တန်းစခန်းကနေ အသုံးမကျလို့ အဖမ်းခံ လိုက်ရတဲ့ စစ်ဗိုလ်သိန်းထိုက် ဆိုသူက သေမှာကြောက်ပြီး ကြောက်အားလန့်အားနဲ့ CDM လုပ်လိုက်တယ်။ စစ်ဗိုလ် CDM ဆိုတာနဲ့ အနံ့ခံနေတဲ့ ခေတ်သစ်လို မီဒီညာမျိုးက တွေ့ဆုံပြီး သွားပုပ်လေလွင့် ကြီးကြီးကျယ်ကျယ် လျှောက်ပြောခိုင်းနေတာကို သိန်းထိုက် ဆိုတဲ့ကောင်က အရှက်မရှိပြောနေတာတွေ့ရတယ်။ 

သိန်းထိုက်ဆိုတဲ့ကောင် ဘယ်လိုဘယ်ပုံအဖမ်းခံရပြီးတော့ သေမှာကြောက်လို့ CDM ပါတယ်ဆိုပြီး ဖြစ်သွားတာလည်း သူကိုယ်တိုင်အသိဆုံးပဲ။ စစ်ဗိုလ်တစ်ယောက်လုပ်ပြီး ဘယ်လောက်တောင် အသုံးမကျလိုက်သလဲစဉ်းစားကြည့်…။ မသိရင်ဘဲ ညကြီးမိုးချုပ် မီးမရှိ၊ ဘာမရှိနဲ့ ကိုဗစ်အစည်းအဝေးတက်ဖို့ စခန်းကို လာခေါ်တာ ဦးနှောက်မရှိဘဲ လိုက်သွားတယ်။ ဘာစစ်ရေးအမြင်မှလည်းမရှိဘူး။ 



ဒီလိုအချိန်ကြီးမှာ ဖြစ်နိုင်မဖြစ်နိုင်မသုံးသပ်ဘူး၊ သင်ပေးထားတဲ့ စစ်သင်တန်းတွေမှာ အဆင့်အလိုက်သင်ယူရတဲ့ စစ်ရေးသုံးသပ်ချက်ဆိုတာ ကိုလည်း အသုံးမချဘူး။ မတွေးခေါ် ၊ မစဉ်းစားဘဲ လိုက်သွားတယ်ဆိုကတည်းက ဘယ်လောက် အသုံးမကျလဲ စဉ်းစားကြည့်ပေါ့။ သူအသုံးမကျတာက သူတစ်ယောက်တည်း ဒုက္ခရောက်ရတာမပြောလိုဘူး။

 အဲလောက်အသုံးမကျတာ နည်းတောင် နည်းသေး တယ်လို့ ပြောရဦးမယ်။ အခုတော့ သူအသုံးမကျတာက ရဲစခန်းများပါ ခေါ်ယူဒုက္ခပေးလိုက်သေးတယ်။ ဟိုကောင်တွေက ရွာထဲရောက်မှ ကျောချလို့ ဓားပြမှန်းသိပြီး သိက္ခာမဲ့စွာ အဖမ်းခံရတော့မှ မျက်ပြူးဆန်ပြာနဲ့ သေမှာကြောက်ပြီး CDM လုပ်ပါတယ်လေး…ဘာလေးနဲ့ ။ အဲဒါတွေကို မီဒီညာမှာ မပြောရဲဘဲ ကြီးကြီးကျယ်ကျယ်တွေပြောနေတယ်။ အသုံးမကျ၊ ပုံမလာဘဲ အမှု ၁၀၀ လောက်ရှိနေတဲ့ အရာရှိဆိုတဲ့ကောင် ကိုယ့်အဆင့်နဲ့မလျှော်ညီဘဲ တပ်မတော်ကို သစ္စာဖောက်တဲ့သူက CDM ဆိုတာတွေ၊ PDF ဆိုတာတွေနဲ့ ပူးပေါင်းလည်း မကြာပါဘူး။ 



ဦးနှောက်မရှိတဲ့သူ၊ အသုံးမကျတဲ့သူတွေ တူရာတူရာစုသွားရင်တော့ မင်းတို့သွားစရာတစ်လမ်းပဲ ရှိတော့တယ်။ အဲဒီလမ်းကိုသွားဖို့သာ ပြင်ထားပေတော့ သိန်းထိုက်ရေ...။

Post a Comment

0 Comments

Total Pageviews