ခပ်ပဲ့ပဲ့ စစ်ဗိုလ်တစ်ယောက်ရဲ့ လမ်းခွဲ

 ခပ်ပဲ့ပဲ့ စစ်ဗိုလ်တစ်ယောက်ရဲ့ လမ်းခွဲ


စစ်သားတစ်ယောက်ဖြစ်လာရင် ဆိုရတဲ့ သစ္စာ(၄)ချက်ဆိုတာရှိတယ်


အကျဉ်းချုပ်ပြောရရင် တပ်မတော်အပေါ် သစ္စာစောင့်သိပြီး

အထက်က ပေးတဲ့အမိန့်နဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မယ်လို့

စစ်သားတိုင်း နေ့တိုင်းဆိုရတာရှိတယ်... 



အသက်ပေးပါမယ်လို့ သစ္စာဆိုထားပေမယ့်

ရှေ့တန်းစခန်းကို လိုအပ်တဲ့ ရိက္ခာထောက်ပံ့မှု မပေးလို့ဆိုတဲ့

အကြောင်းပြချက်နဲ့ CDM လုပ်သွားတဲ့ ဗိုလ်ကြီး သိန်းထိုက်ရဲ့

လုပ်ရပ်ကတော့ ရှက်ဖွယ်ပါပဲ..

စစ်သား စကားနဲ့ ပြောရရင် ခပ်ပဲ့ပဲ့ ကောင်လို့ဆိုရမယ်....

ပြီးခဲ့တဲ့ ရက်ပိုင်း မင်းတပ်မှာရှိတဲ့ စခန်းကနေ စွန့်ခွဲပြီး

အကြမ်းဖက် PDF အဖွဲ့နဲ့ ပူးပေါင်းသွားတယ်လို့ ဖတ်ရတယ်...  


အသက်စွန့်ပြီး သစ္စာစောင့်သိသွားတဲ့ ဝိညာဉ်တွေကတော့ 

ခုချိန် တမလွန်ကနေ ဟားတိုက် ကျိန်ဆဲနေလောက်ပြီ....


လက်နက်ကိုင်ပြီး အုပ်ချု်ပနေရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့

အရာတိုင်းက ကတ္တီပါလမ်းခင်လို သာယာမယ်လို့ ထင်ခဲ့ပုံရတယ်...

အသက်ပေးလိုက်ရတဲ့ ရဲဘော်တွေအပေါ်မှ အားမနာ

အနေအစား ဆင်းရဲမှုတစ်ခုအတွက် တပ်မတော်အပေါ်

သစ္စာဖောက်လိုက်တာ မယုံနိုင်စရာပဲ...


စစ်ဗိုလ်တစ်ယောက်အတွက် ပေးထားတဲ့လစာ

ရေ၊ မီး နဲ့ နေစရာ အပြည့်အစုံ ပေးထားတာတောင်

သစ္စာဖောက်ပြီး ထွက်ပြေးသူတစ်ယောက်အတွက်

အကြမ်းဖက်တပ်ဖွဲ့ထဲမှာ ဘယ်လောက်ထိ နေနိုင်မလဲ

စဉ်းစားကြည့်လို့ရတယ်...


ဖုန်းလိုင်းကောင်းကောင်းမရတဲ့ နေရာတစ်ခုမှာနေပြီး 

နိုင်ငံရေးအကြောင်းတွေ အကြီးကြီးပြော

ခပ်ပဲ့ပဲ့ ထွက်ပြေး မီဒီယာမှာ အင်တာဗျူးလုပ်နေတာ

ဘာနဲ့တူလဲဆိုတော့.... 


"ခပ်ရိုင်းရိုင်းပြောရရင် ကျွန်မက ဖာသည်မပါ အပျိုစစ်ပါတယ်ရှင့်ဆိုပြီး

ဖောက်သည်ရှာနေတဲ့ ညငှက်တစ်ကောင်လိုပဲ.... " 


စစ်သားတစ်ယောက်အတွက် စခန်းစွန့်ခွာ ထွက်ပြေးမှုက 

သေဒဏ်ပဲ....


ဗိုလ်ကြီး သိန်းထိုက်လည်းက 

သေမှာလည်း ကြောက်...

ငတ်မှာလည်းကြောက်တော့

မီဒီယာမှာ စကားအကြီးကြီးတွေသုံး

လူပြိန်းကြိုက် စကားနဲ့ တပ်ကိုချနင်းသွားတဲ့အတွက်တော့

တစ်ချိန်ချိန်မှာ ပြန်ပေးဆပ်ရမှာ မလွဲပဲ.... 


အရှက်မရှိ တပ်ကို သစ္စာဖောက်

ကိုယ့်ဘဝ ရပ်တည်မှုအတွက် တပ်ကို ချနင်း

မီဒီယာကို အသုံးချပြီး လုပ်စားသွားတဲ့ 

ဗိုလ်ကြီး သိန်းထိုက်လို စစ်ဗိုလ်မျိုးကို

မွေးထုတ်မိတဲ့ တပ်မတော်ကြီးအတွက် ရင်နာစရာပဲ...... 




Post a Comment

0 Comments

Total Pageviews