တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါး ထိခိုက်လာမည့် လုပ်ဆောင်ချက်မှန်သမျှကို ပြတ်ပြတ်သားသား ကာကွယ်မည်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော

 တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါး ထိခိုက်လာမည့် လုပ်ဆောင်ချက်မှန်သမျှကို ပြတ်ပြတ်သားသား ကာကွယ်မည်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော

……………………………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ ၄ (People Media)

မည်သည့်နိုင်ငံရေးစနစ်နှင့် မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေမည်ဖြစ်ပြီး ဒို့တာဝန်အရေးသုံးပါကို ထိခိုက်လာမည့် လုပ် ဆောင်ချက်မှန်သမျှကို ပြတ်ပြတ်သားသားကာကွယ်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီကနေ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“နိုင်ငံရေးအရ တည်ငြိမ်မှုနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအရ တည်ငြိမ်မှုရှိစေရေးအတွက် တပ်မတော် အနေနဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေကြရမှာပါဖြစ်တယ် ဒါကြောင့် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာမယ့် လုပ်ဆောင်ချက်မှန်သမျှကို ပြတ်ပြတ်သားသား ကာကွယ်သွားရမှာ ဖြစ်တယ်” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံသားများ၏ သဘောဆန္ဒနဲ့အညီ မိမိတို့ ကိုယ်စား နိုင်ငံအကျိုးဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ပေးခဲ့ခြင်းသည် နိုင်ငံသားတွေရဲ့ အခွင့်အရေးဖြစ်သော်လည်း လူရွေးမှားပါက အခက် ကြုံလာနိုင်တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။

“ကိုယ်တိုင်ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေဟာ ကောင်းမွန်စွာ အကျိုးပြုနိုင်ဖို့လိုတယ်။ လူရွေးမှားရင် အ ခက်အခဲများစွာကြုံလာမယ် ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ရမယ် ရိုးသားမှန်ကန်စွာဆောင်ရွက်ရမယ် သမာသမတ်ရှိရမယ် မည်ကဲ့သို့ နည်းလမ်းမကျတဲ့ ဆောင်ရွက်မှုမျိုမဆို ယုံကြည်မှုကင်းမဲ့စေတယ်ဆိုတာကို သတိပြုရမယ်” လို့ ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းမှုသည် အစိုးရနှစ်ဆက်တိုင်တိုင် ဒီမိုကရေစီလမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းလာပြီး ဒီမိုကရေစီစနစ်သည် ပြည်သူ့က ရွေးချယ်သည့်စနစ်ဖြစ်တဲ့အတွက် နိုင်ငံသူနိုင်ငံသား များအနေနဲ့ ချမှတ်ထားတဲ့စည်းကမ်းများကို လိုက်နာနိုင်မှာသာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့လဲ ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ ပါတယ်။

Post a Comment

0 Comments

Total Pageviews