ကိုယ်ကျိုးအတွက်တပ်မတော်ကို ခုတုံးမလုပ်ပါနဲ့

 တပ်မတော်သားတွေ

ကောင်းတာလုပ်ရင် ချီးကျူးမခံရပေမယ့်

ဆိုးတာ တစ်ခုလုပ်ရင်တော့ အဖွဲ့အစည်းတစ်ခုလုံး

ပုတ်ခတ်ပြောခံနေရတဲ့အချိန် တပ်မတော်သားအယောင်ဆောင်ပြီး

ရပ်ကွက်ထဲမှာ ဆေး ဆရာဝန်လိုလုပ်နေတာ 

ပြည်သူတွေ အထင်မှားစေပါတယ်.......



စစ်ပစ္စည်းကိုအလွယ်တကူ ဝယ်လို့ရနေတော့

ယူနီဖောင်းဝတ်စုံတွေနဲ့ အသုံးအဆောင်တွေဝယ်ပြီး

စစ်ဆရာဝန် ယောင်ဆောင်ပြီး ဆေးလိုက်ကုနေတဲ့

အယောင်ဆောင် ဗိုလ်မှုးတစ်ယောက်ကို မုံရွာမှာ 

သက်ဆိုင်ရာက ဖမ်းဆီးမိတယ်လို့ သတင်းဖတ်မိပါတယ်... 


အရာရာကျပ်တည်းနေတဲ့ ကိုဗစ်ကာလမှာ 

ပိုက်ဆံရလိုမှုတစ်ခုအတွက် တပ်မတော်ကို ခုတုံးလုပ်ပြီး

ကိုယ်ကျိုးရှာတဲ့လုပ်ရပ်ဟာ အရမ်းအောက်တန်းကျလွန်းပါတယ်....

အဲလို ခုတုံးလုပ်ပြီးဆေးကုလို့ လူနာ သေဆုံးသွားခဲ့ရင်

အဲလူက အပြောမခံရဘူး... မဆီမဆိုင် တပ်မတော်သားဆရာဝန်ဆိုပြီး

မီဒီယာတွေက အပြစ်ပြောကြလိမ့်မှာမလွဲပဲ...



တပ်မတော် ယူနီဖောင်းကိုအရမ်းချစ်မြတ်နိုးပြီး ဝတ်ချင်တယ်ဆိုရင်

နီးစပ်ရာတပ်မှာ တပ်မတော်သားအဖြစ် ဝင်ပြီးဒဲ့လုပ်ပါ...

အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ တပ်မတော်ကို

ကိုယ်ကျိုးအဖြစ်အသုံးချတာမျိုးတော့ မလုပ်မိဖို့ ဒဲ့ပြောချင်ပါတယ်... 


Post a Comment

0 Comments

Total Pageviews