ထိုင်းထီပထမဆုပေါက်ခဲ့တဲ့ မြန်မာလုပ်သား ဇနီးမောင်နှံ ဆုငွေကို အဆင်ပြေပြေဖြင့် ထုတ်ယူနိုင်ခဲ့

 ထိုင်းထီပထမဆုပေါက်ခဲ့တဲ့ မြန်မာလုပ်သား ဇနီးမောင်နှံ ဆုငွေကို အဆင်ပြေပြေဖြင့် ထုတ်ယူနိုင်ခဲ့

----------------------------------

နိုဝင်ဘာ၊ ၁၈



ထိုင်းထီရဲ့ ပထမဆုဖြစ်တဲ့ ဘတ်ငွေ(၆)သန်းကို ကံထူးခဲ့တဲ့ မြန်မာလုပ်သား ကရင်တိုင်းသား ဇနီးမောင်နှံဟာ ယမန်နေ့က ယင်းတို့ကံထူးခဲ့တဲ့ ဆုငွေတွေကို အဆင်ပြေပြေနဲ့ ထုတ်ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ထိုင်းအခြေစိုက်အလုပ်သမားကူညီရေး (AAC မဟာမိတ်အဖွဲ့) ထံက သိရပါတယ်။

၄င်းတို့ ထီပေါက်တဲ့ ထီလက်မှတ်နောက်ကျောမှာ ထိုင်းအလုပ်ရှင်ရဲ့ လက်မှတ်ရေးထိုးထားတာကြောင့် အရှုပ်အရှင်းအနည်းငယ် ရှိခဲ့ပေမယ့် ထီဆုငွေ ထုတ်ယူပေးတဲ့အပိုင်းမှာ အဆိုပါထိုင်းအလုပ်ရှင်မှ ဝင်မရှုပ်တော့ပဲ ကူညီခဲ့တဲ့အတွက် အဆင်ပြေပြေနဲ့ ထုတ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဆုငွေများကို AAC မဟာမိတ်အဖွဲ့နဲ့အတူ သွားရောက်ထုတ်ယူခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရှိ မိသားစုများထံသို့ ဘဏ်မှတစ်ဆင့် မြန်မာကျပ်ငွေ သိန်းပေါင်း ၂၃၀၀ ကျပ်ကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဇနီးမောင်နှံဟာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်မှာ နေထိုင်ကြသူများဖြစ်ပြီး ဆုငွေထုတ်ယူပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

Post a Comment

0 Comments

Total Pageviews