ခံတွင်းသန့်စင်ဆေးရည်က ကိုရိုနာဗိုင်းရပ်စ်ကို စက္ကန့် ၃၀ အတွင်း သေစေနိုင်ကြောင်း လေ့လာတွေ့ရှိ

 ဓာတ်ခွဲခန်းအတွင်း ကိုရိုနာဗိုင်းရပ်စ်များသည် ခံတွင်းဆေးရည်နှင့် ထိတွေ့ပြီး စက္ကန့် ၃၀ အတွင်း သေဆုံးသွားသည်ကို လေ့လာတွေ့ရှိထားကြောင်း သိပ္ပံ ပညာဆိုင်ရာ လေ့လာမှုတစ်ရပ် က ဖော်ပြသည်။


ဆေးဆိုင်များ၌ အလွယ် တကူ ဝယ်ယူရရှိနိုင်သည့် ခံတွင်း သန့်စင်ဆေးရည်များက ဗိုင်းရပ်စ် ကို ဖျက်ဆီးပစ်ရန် အထောက်အ ကူပြုနိုင်ခြေရှိကြောင်း ကာဒစ် တက္ကသိုလ်မှ သုတေသီများက ပြောကြားသည်။



ဝေးလ်စ်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တွင် COVID-19 လူနာများနှင့် စမ်းသပ်မှုမတိုင်မီ ယခုလေ့လာမှုရလဒ် ထွက်ပေါ်လာ ခြင်းဖြစ်သည်။


 ခံတွင်းသန့်စင်ခြင်းသည် လူအများ၏ တစ်နေ့တာ သန့် စင်ရေး ဆောင်ရွက်မှုများ၏ အ ရေးကြီးသော အပိုင်းတစ်ခုဖြစ် လာနိုင်ကြောင်း ယင်းလေ့လာမှု တွင် ပါဝင်သည့် ဒေါက်တာနစ် က လေဒွန်က ပြောကြားသည်။


Cetypyridinium Chloride (CPC)အနည်းဆုံး ဝ ဒသမ ဝ၇ ရာခိုင်နှုန်းပါဝင်သော ခံတွင်းသန့် စင်ဆေးရည်များက ဗိုင်းရပ်စ်ကို စက္ကန့် ၃၀ အတွင်း သေဆုံးစေနိုင် သော အထောက်အထားကို လေ့လာတွေ့ရှိခဲ့ကြောင်း သုတေသီ များက ပြောကြားသည်။


သွားဖုံးရောဂါကို တိုက်ဖျက် ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ခံတွင်းသန့်စင်ဆေးရည်များက ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဗိုင်းရပ်စ်နှင့် အခြားဆက်စပ်ဗိုင်း ရပ်စ်များကို သေဆုံးနိုင်ကြောင်း သုတေသီများက ပြောသည်။


ယခုလေ့လာမှုကို အခြား ပညာရှင်များ ထပ်ဆင့်လေ့လာ နိုင်ရန် ဖော်ပြခြင်းမရှိသေးသော ကြောင့် လေ့လာမှုရလဒ်ကို အခြားသော အမှီအခိုကင်းသည့် ပညာရှင်များက စစ်ဆေးအတည် ပြုနိုင်ခြင်းမရှိသေးကြောင်း သိရ သည်။               —Ref: BBC

Post a Comment

0 Comments

Total Pageviews