ဒီနေ့မနက် ၇ နာရီကျော်အချိန်ထဲက ဘုရင့်နောင်လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ တပ်မတော်အမှတ်(၁)စစ်ကြောရေးနှင့်တည်းခိုရေးစခန်းကိုကျွန်မတို့ ရောက်ရှိခဲ့ပါတယ် ။
အဲဒီမှာဖွင့်လှစ်ထားတဲ့ Covidလူနာ ကုသရေးစခန်းကိုChannel K ကနေ ရိုက်ကူးထုတ်လွှင့်မယ့်အစီအစဉ်အတွက် ကူညီချိတ်ဆက်ပေးရင်းအတူတူ လိုက်ပါသွားဖြစ်တာပါ ။အစစတာဝန်ယူပြီး ကူညီချိတ်ဆက်ပေးတဲ့မြဝတီစာတည်းမှူးချုပ်ကြီးကို လေးစားစွာ ကျေးဇူးတင်ပါတယ်ရှင့် ။
ကျွန်မတို့ ရောက်ရှိချိန် မနက်ပိုင်းမှာလက်ခံကုသပေးနေတဲ့ Positive လူနာက၈၀၀ ကျော် ရှိနေခဲ့ပေမယ့် ကျွန်မတို့ရှိနေချိန်မှာလူနာ ၁၀၀ ကျော် ထပ်မံ ရောက်ရှိလာတာကြောင့်လူနာပေါင်း ၉၀၀ ကျော်ကိုလက်ခံကုသပေးနေပါတယ် ။
ဒီစခန်းမှာ လက်ခံကုသပေးနိုင်တာကလူနာ ၁၀၅၀ ဦးအထိ ဖြစ်ပါတယ် ။ဘာသာခြား လူနာ ၃၀ ဦးကိုလည်းလက်ခံကုသပေးထားတာ တွေ့ရပါတယ် ။အသက်အငယ်ဆုံးပိုးတွေ့လူနာက အသက် တစ်နှစ်ခွဲဖြစ်ပြီး အသက်အကြီးဆုံး ပိုးတွေ့လူနာက အသက် ၈၆ နှစ်အထိ ရှိတယ်လို့ သိရပါတယ် ။
တပ်မတော် Covid လူနာ ကုသရေးစခန်းတွေမှာတက်ရောက်ကုသလိုသူတွေအနေနဲ့ မြို့နယ်ကျန်းဦးစီးထံ တရားဝင် သတင်းပို့ရမှာဖြစ်ပြီးမြို့နယ်ကျန်းဦးစီးက တိုင်းကျန်းဦးစီးအထိအဆင့်ဆင့် ဆက်သွယ် သတင်းပို့ပေးပါတယ်တဲ့ ။
တိုင်းကျန်းဦးစီးက တရားဝင်လွှဲပြောင်းပေးတဲ့ပိုးတွေ့လူနာတွေနဲ့ Q ဝင်ရမယ့်သူတွေကိုသာတပ်မတော်က တာဝန်ယူ ကုသပေးခွင့် ရှိပါတယ် ။ဒါကြောင့် မြို့နယ်ကျန်းဦးစီးကို အရင်ဆုံး သတင်းပို့ပါ ။ phone , viber စတာတွေနဲ့ အမြန်ဆုံး အဆင့်ဆင့် ဆောင်ရွက်ပေးပါတယ်တဲ့ ။
အဲဒီအဆင့်တွေကို တပ်မတော်အနေနဲ့ဝင်ရောက်စွက်ဖက်ခွင့် လုံးဝ မရှိပါဘူး ။ပိုးတွေ့လူနာတွေကို အိမ်ပြန်ခွင့်အတွက်လည်းတိုင်းကျန်းဦးစီးကသာ စစ်ဆေးအတည်ပြုပေးပါတယ် ။
စခန်းမှာ ရှိနေတဲ့ Positive လူနာတွေကို မနက် နေ့လည် ညဆိုပြီး တစ်နေ့ကို သုံးကြိမ် အစားအစာ ကျွေးမွေးပါတယ် ။မနက်စာကို ပဲပြုတ်ထမင်းကြော်နဲ့ ကြက်ဥ ၊ အိုဗာတင်း ငှက်ပျောသီးဖီးကြမ်းစတာတို့ကို ပေးဝေပါတယ် ။
နေ့လည်စာနဲ့ ညနေစာကို လူမျိုးဘာသာမရွေးဘဲစားလို့ရအောင် ကြက်သား ၊ ငါး ၊ ပဲဟင်း ၊ ဘဲဥ ၊ဟင်းသီးဟင်းရွက်ကြော် ၊ ငပိချက် ၊ တို့စရာတို့ကိုတပ်မတော်က သတ်မှတ်ထားတဲ့ ဆေးရုံရိက္ခာအတိုင်းသန့်ရှင်းလတ်ဆတ်စွာ စီစဉ်ချက်ပြုတ်ပေးနေတာတွေ့ခဲ့ရပါတယ် ။
လူနာပေါင်း ၉၀၀ ကျော်အတွက် နေ့စဉ်ကုန်ကျနေတဲ့နေထိုင်စားသောက်မှုစရိတ်ကို တပ်မတော်ကသာအလုံးစုံ စိုက်ထုတ်ကျခံပေးလျက် ရှိပါတယ် ။ သန့်ရှင်းလတ်ဆတ်တဲ့ ရိက္ခာစတိုခန်း ၊စနစ်တကျ စီမံချက်ပြုတ်နေတဲ့ မီးဖိုခန်း ၊သေသပ်သန့်ရှင်းစွာ စီစဉ်ပြင်ဆင်ပေးနေတဲ့ အစားအသောက် ထည့်ပေးနေမှုတွေကစည်းကမ်းပြည့်ဝတဲ့ တပ်မတော်ရဲ့အစဉ်အလာကောင်းတွေကို မြင်တွေ့ရပါတယ် ။
Positive လူနာတွေအတွက်စနစ်ကျပြီး သန့်ရှင်းကျယ်ဝန်းတဲ့အိပ်ဆောင် ၊အေးမြလတ်ဆတ်နေတဲ့ လေကောင်းလေသန့်ရရှိမှု ၊အာဟာရပြည့်ဝပြီး အရသာရှိလှတဲ့ အစားအသောက် ၊နွေးထွေးပျူငှာပြီး လုံခြုံတဲ့ ကြိုဆိုဆက်ဆံမှုတွေကြောင့်အဖိတ်အစဉ်မရှိဘဲ အိမ်ပြန်သွားနိုင်ကြတာကို သိရလို့ဝမ်းသာကြည်နူးရပါတယ် ။
ဒါကြောင့် စီမံအုပ်ချုပ်မှုလုပ်ငန်းများကိုကောင်းမွန်စွာ တာဝန်ယူပေးနေတဲ့ တပ်မှူးကြီးနဲ့အရာရှိ အရာခံ အကြပ်စစ်သည်များအားလုံးနဲ့တကွကုသရေးလုပ်ငန်းများကို ကျေပွန်ထိရောက်စွာတာဝန်ယူကုသပေးနေတဲ့သမားဇာနည်အောင်စစ်သည်များကိုပါ လေးစားစွာ ကျေးဇူးတင်ရှိပါတယ် ။
ကမ်းလင့်နေတဲ့ ပြည်သူတွေရဲ့လက်တွေကိုလှမ်းချိတ်ကူညီပေးနေတဲ့ လက်အစုံတွေဖြစ်တဲ့တပ်မတော်အတွက် ဂုဏ်ယူချစ်ခင်မဆုံး ။
Credit:
0 Comments