ရွှေပြည်သာမြို့နယ်အတွင်းရှိ တပ်မတော်က Mask အခုရေ ၁၀၀၀၀ အခမဲ့လှူဒါန်း
အောက်တိုဘာလ၈ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ် (၁၀)ရပ်ကွက်၊ ဒညင်းကုန်းလမ်းဆုံ၊အုတ်စက်စက်ရုံအရှေ့နှင့်သီလရှင်စာသင်တိုက်အရှေ့တို့တွင်ရန်ကုန်တိုင်းစစ်ဌာနချုပ်၊နယ်မြေခံတပ်မတော်သားများက Mask ၁၀၀၀၀ ခုအား အခမဲ့ပေးဝေလှူဒါန်းကြောင်းသိရသည်။
ကမ္ဘာ့ကပ်ရောဂါCOVID-19ကာကွယ်ရေး၊ထိန်းချုပ်ရေး၊ကုသရေးနှင့်အခြားလိုအပ် ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၆ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က COVID-19 ရောဂါဟန့်တားမှုအပိုင်းတွင် ထိရောက်မှုရှိစေသည့် Mask များကို မဖြစ်မနေတပ်ဆင်ကြရန်လိုကြောင်း၊ ဝယ်ယူရန်မတတ်နိုင်သောသူများကို အခမဲ့ပေးဝေနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး တတ်နိုင်သမျှကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်အနေဖြင့်COVID-19ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင်လိုအပ်သည့်အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ကာကွယ်မှုအပိုင်းတွင် အခြေခံကျဆုံးအသုံးပြုသည့်Mask များကိုလည်း အခမဲ့ဖြန့်ဝေလှူဒါန်းခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
0 Comments