NLD သာ အာဏာဖက်တွယ်ထားမယ်ဆိုရင်…

 အာဏာဖက်တွယ်ထားမယ်ဆိုရင်…

၅ နှစ်တစ်ကြိမ် လုပ်ပိုင်ခွင့်အာဏာအတွက် အပြိုင်အဆိုင်လုပ်ရတော့မယ့် ရွေးကောက်ပွဲလည်း နီးကပ်လာပါပြီ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပါတီပေါင်းစုံရဲ့ ကတိကဝတ်တွေ၊ အာမခံချက်တွေ နဲ့ မဲဆွယ်မှုတွေကမက်လောက်စရာတွေချည်းပါပဲ။ ခက်တာက ရွေးကောက်ပွဲနိုင်လို့ အာဏာရပြီး တဲ့နောက် အပြောနဲ့အလုပ် တလွဲတွေဖြစ်ကုန်တော့တာပါပဲ။  အာဏာလည်းရပြီးရော လာဘ်စား တာတွေအပါအဝင် ရနိုင်သမျှအခွင့်အရေးတွေ အကုန်ယူတော့တာပဲ။ နီးစပ်ရာဆွေမျိုးကောင်းစား ရေးနဲ့ လုပ်ကွက်မျိုးစုံခေါင်းစဉ်တပ်ပြီး ကိုယ့်အိတ်ထဲကိုယ် ထည့်ကြသူပဲများတယ်။


လူတစ်ယောက်က အာဏာလုပ်ပိုင်ခွင့်နဲ့ နေရာရလာတဲ့အခါ ကြာလာတာနဲ့ မက်မောလာပြီး နေရာဖယ်ပေးဖို့ ကြောက်လာကြတယ်။ ဘာမှမရှိတဲ့ သူတောင်းစားတစ်ယောက်တောင် အိမ်ယာမဲ့ ဘဝကနေ တံတားအောက်မှာ နေရာလေးရလာရင် ဖယ်ပေးဖို့ပြောရင် စိတ်တိုတတ်ကြတယ်။ အဲတော့ အစိုးရလိုနေရာမှာ လစဉ်သိန်းပေါင်းများစွာရပြီး လုပ်ပိုင်ခွင့်အပြည့် ဇိမ်ခံပစ္စည်းတွေနဲ့ နေလာရတဲ့ အစိုးရအဖွဲ့ဝင်တွေအဖို့ လက်ရှိနေရာလေးကို ဖက်တွယ်ထားချင်တာ မဆန်းပါဘူး။



အဲတော့ ရွေးကောက်ပွဲအပြီးမှာ ကိုယ့်ပါတီကမနိုင်တဲ့အခါ နောက်လာမယ့်ပါတီအတွက် နေရာပေး ရတော့မယ်ဆိုရင် အသာတကြည် လွှဲပြောင်းပေးသူရှိသလို ဆူပူမှုတွေနဲ့ အာဏာသုံးဖယ်ထုတ်ရတဲ့ သာဓကတွေလည်းမနည်းပါဘူး။

အာဏာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ၂ ကြိမ်လုပ်ခဲ့ပြီး ပထမအကြိမ်မှာ ပြည်ခိုင်ဖြိုး နိုင်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ NLD က နိုင်ခဲ့ပါတယ်။ ခုလာမယ့် ရွေးကောက်ပွဲမှာလည်း NLD က အာဏာတည်မြဲဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြံစည်နေတာ မြင်လို့တောင်မကောင်းပါဘူး။ လက်ရှိ လူပြောများနေတဲ့ UDP ပါတီကို ဖယ်ထုတ်တာအပါအဝင် နေရာများစွာမှာ ရွေးကောက်ပွဲ မလုပ်ပေး တော့တာတွေပါပဲ။ အဲနေရာမှာအများစုက တိုင်းရင်းသားပါတီတွေ အားကောင်းပြီး NLD ပါတီ အနိုင်ရဖို့ခက်ခဲတဲ့နေရာတွေပါ။


အဲတော့ လက်ရှိအာဏာရှိနေတဲ့အခါမှာ နည်းလမ်းပေါင်းစုံနဲ့ အာဏာတည်ဖို့လုပ်နေတဲ့ NLD သာ လာမယ့်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး နေရာဖယ်ပေးဖို့အတွက် ငြင်းဆန်မှုတွေရှိလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးအစိုးရ အာဏာအချိန်းအပြောင်းမှာ သွေးထွက်သံယိုမရှိပဲ အသာတကြည်ပဲ NLD ကိုလွှဲပေးခဲ့တဲ့ ဦးသိန်းစိန် အစိုးရရဲ့ သဘောထားကို မြင်တွေ့ခဲ့ရတယ်။

NLD အစိုးရရဲ့ လုပ်ဆောင်ချက်ကိုတော့ များမကြာခင် ရွေးကောက်ပွဲအပြီးမှာ တရားမျှတမှုနဲ့ အာဏာအတွက် မြင်တွေ့ရတော့မှာပါ။ NLD အစိုးရ ရဲ့ရွေးကောက်ပွဲအနီး လှည့်ကွက်တွေကြောင့် နှင်းဆီပါတီရဲ့ကိုယ်စားလှယ်လောင်းများစွာ နစ်နာခဲ့ရပြီး အထိနာခဲ့ရပါတယ်။ အဲတော့ နှင်းဆီပါတီ ဝင်ပေါင်းများစွာ NLD အစိုးရကို စိတ်နာပြီး ပြည်ခိုင်ဖြိုးပါတီကို ပူးပေါင်းကြတယ်ဆိုတဲ့ သတင်း လည်းဖတ်မိတော့ လာမယ့်ရွေးကောက်ပွဲမှာ NLD အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မှာပါ။


NLD အစိုးရရဲ့ ပြည်သူအပေါ် လုပ်ဆောင်ချက်နဲ့ ဆုတ်ယုတ်လာတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကြောင့် ပြည်သူအများက စိတ်ပျက်နေကြလို့ လာမယ့်ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီ ကြံ့ခိုင်ရေးက အနိုင်ရဖို့ ရာခိုင်နှုန်းများနေပါတယ်။ ဦးသိန်းစိန် အစိုးရမှာ လူတိုင်းဖုန်းကိုင်နိုင်ပြီး ကားဈေးကွက်က အစ ပြည်သူတွေအတွက် ဝန်ထုပ်များစွာ လျော့ချနိုင်ခဲ့တာတွေနဲ့ ယှဉ်ကြည့်တဲ့အခါ NLD အစိုးရ အတွက် အာဏာတည်မြဲဖို့က အာမခံချက်မရှိပါဘူး။ နောက်တစ်ချက်က အသစ်တိုးလာတဲ့ ဒေါ်သက်သက်ခိုင်ရဲ့ PPP နဲ့ ဦးရွှေမန်းရဲ့ပါတီ အားကောင်းလာတဲ့အတွက်  NLD အစိုးရ အာဏာ တည်မြဲဖို့က မသေချာတော့ပါဘူး။

အဲတော့ NLD အစိုးရသာ ရွေးကောက်ပွဲရှုံးနိမ့်တဲ့နောက်ပိုင်း အာဏာလွှဲပြောင်းရေး ငြင်းဆန်ခဲ့မယ် ဆူပူမှုတွေဖြစ်လာမယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ အကျပ်အတည်း တွေဖြစ်လာနိုင်ပါတယ်။ ပြည်သူကို အသုံးချပြီး ဆူပူမှုတွေ၊ ဆန္ဒပြမှုတွေနဲ့ အင်အားပြမှုတွေလည်း ဖြစ်ပေါ်လာနိုင်မှာမလွဲပါပဲ။

Post a Comment

0 Comments

Total Pageviews