တပ်မတော်ဆန့်ကျင်ရေးဆိုတာ လုပ်ရမယ့်အချိန်လည်း မဟုတ်တော့ဘူး

 တပ်မတော်ဆန့်ကျင်ရေးဆိုတာ လုပ်ရမယ့်အချိန်လည်း မဟုတ်တော့ဘူး

နိုင်ငံရေးပါတီတစ်ခု သက်တမ်းက ၅ နှစ်ပဲ၊ နောက်ထပ် ၅ နှစ်နိုင်ဖို့ဆိုတာ မသေချာဘူး။ တပ်မတော်အဖွဲ့အစည်းဆိုတာက တစ်သက်လုံးတိုင်းပြည်မှာ ရှိနေရမှာ၊ သာသနာဆိုတာကလည်း မြန်မာပြည်ကြီး တည်ရှိနေသ၍ ရှိနေရမယ့် သာသနာ၊ ဒီနိုင်ငံတော်နဲ့ သာသနာကို စောင့်ထိန်းကာကွယ်နေတဲ့ တပ်မတော်အဖွဲ့အစည်းကိုတော့ ခင်ဗျားတို့ မတိုက်ခိုက်ဘဲ မဲဆွယ်ပါ။


ကိုယ့်ပါတီမဲရဖို့အတွက်တော့ တိုင်းပြည်နဲ့လူမျိုး ထိခိုက်မယ့်ကိစ္စတွေတော့ မတိုက်ခိုက်ပါနဲ့၊ ရွေးကောက်ပွဲကာလမှ ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးပါ။ သို့သော် ပြည်ထောင်စုပြိုကွဲမယ့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှု ပြိုကွဲမယ့် စကားလုံးတွေနဲ့တော့ မဲမဆွယ်သင့်ဘူး။ တစ်ချို့အနုပညာရှင်တွေကို ပြောချင်တာက မင်းတို့တွေ ဟန်းဖုန်း၊ မြေကွက်တောင်းနေချိန်မှာ ထောင်ထဲဝင်ခဲ့ရတာ ငါတို့ပါ။  မင်း တို့ပါလို့လား။ တပ်မတော်ဆန့်ကျင်ရေးဆိုတာ လုပ်ရမယ့်အချိန်လည်း မဟုတ်တော့ဘူး။

ကိုဝင်းမော် (ရွှေသံစဉ်)

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး

(ဦးအောင်မင်းနှင့်တွေ့ဆုံဆွေးနွေးခန်းဗီဒီယိုမှ)

Post a Comment

0 Comments

Total Pageviews