မန္တလေးမြို့တွင် တပ်မတော် COVID-19 လူနာများကုသရေးဌာန ပြင်ဆင်ဆောင်ရွက်ပြီးစီး

 မန္တလေးမြို့တွင် တပ်မတော် COVID-19 လူနာများကုသရေးဌာန ပြင်ဆင်ဆောင်ရွက်ပြီးစီး

နေပြည်တော်၊ အောက်တိုဘာ ၁၀

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၌ ကုတင်(၂၀၀)ဆံ့ တပ်မတော် COVID-19 လူနာများ ကုသရေးဌာန (မန္တလေး)အား တည်ဆောက်လျက်ရှိရာ ယခုအခါတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်ရေးသတ်မှတ် ချက်များနှင့်အညီ COVID-19 လူနာများထားရှိခြင်း၊ ကုသဆောင်များတွင်ရှိရမည့် သတ်မှတ်ချက် အင်္ဂါရပ်များဖြစ်သော ရဟန်းသံဃာနှင့် သီလရှင် သီးခြားကုသဆောင်၊ အမျိုးသား၊ အမျိုးသမီး ကုသဆောင်၊ ရေချိုးခန်း၊ ရေအိမ်များအပြင် စားသောက်ရေး အဆင်ပြေစေရေးအတွက် ထမင်းစားဆောင်များ၊ စားချက်ဆောင်နှင့် ပြင်ဆင်ဆောင်များအား ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

COVID-19 လူနာများ၏ ရောဂါအခြေအနေများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေး အတွက် Control Room များထားရှိကာ ဆရာဝန်များမှ CCTV ကင်မရာများဖြင့် နေ့ညမပြတ်စောင့်ကြည့်၍ လိုအပ်ပါက အရေးပေါ်ကုသနိုင်ရေးအတွက် အထူးကြပ်မတ်ဆောင် (ICU) အခန်းများ၊ အရေးပေါ် အသက်ရှူစက်များ၊ အောင်စီဂျင်ဘူးများကိုလည်း ပြည့်စုံစွာ ထည့်သွင်းစီမံပြင်ဆင် ဆောင်ရွက်ပြီးဖြစ်ပါသည်။
၎င်းအပြင် COVID-19 လူနာများ ကျန်းမာရေးပြုလုပ်နိုင်ရန် အားကစားကိရိယာများ ပြင်ဆင်ဆောင်ရွက် ထားရှိပြီးဖြစ်သည်။

Credit: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

0 Comments

Total Pageviews