ဘာသာအရေး အလေးပေးသင့်ပါပြီဘုရား

 ကိုလိုနီခေတ် ပါတော်မူတုန်းက ပထမ စုက အရှင်ဘုရား၊ တပည့်တော်တို့ သွားကြပါပြီဘုရားလို့ သံဃရာဇာကိုယ်တော်ကြီးကို အော်ဟစ်ပြီး လျှောက်တင်ခဲ့တာ သိ မှတ်ထားတယ်။ 

ဒီမိုကရေစီခေတ်မှာတော့ ဒုတိယ စုက ကိုယ့်ရဲ့ ဘာသာရေး နာတော်မူ နေတာကို ဘယ်လိုများ ပြောချင်ပါလိမ့်မလဲ၊ လျှောက်တင်ချင်လိမ့်မလဲလို့ သိချင်မိပါရဲ့။ ဘာလို့ ဒီလိုသိချင်လဲ။ ဒုတိယ စု တက်လာတဲ့ကာလကနေ စပြီး မှတ်မိတာတွေနဲ့ ယှဉ်ထိုး စဉ်းစားမိလို့ သိချင်တာ။ 


Creation ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘုရားရှင် ရုပ်တုခေါင်းမှာ ထမီစ ပတ်တယ်။ သာမာန်လိုက်ကာတစ်ခုပါပဲဆိုတဲ့ အပြောနဲ့ ဘုရားရှင်ရဲ့ဖြစ်စဉ်တော်တစ်ခုကို ထမီစ အောက်မှာ ပုံဆွဲတယ်။ ပြင်ဆွဲမှာပါလို့ အပြောချိုချိုနဲ့ ချွေးသိပ်ခဲ့ပြီး ယနေ့ အထိတော့ ဘုရားရှင်ရဲ့ ဓာတ်တော်ပုံဟာ ကြမ်းနဲ့အနီးဆုံးမှာပဲ ရှိနေဆဲပဲ။ အဲဒီဖြစ်စဉ် ဖြစ်ပြီး မကြာမတင်မှာ ဒုတိယ စုရဲ့ ပုံတစ်ချို့ ထပ်တက်လာပြန်ရဲ့။ 

သူ့ကို လာကန်တော့ တာကို မှတ်တမ်းပြုထားတာ။ သူထိုင်တဲ့ဘေးက စားပွဲပေါ်မှာတော့ ဘုရားနှစ်ဆူဟာ စံနေရရှာရဲ့။ ဘယ်မလဲ ရိုကျိုးပူဇော်တာ။ ဒါ့အပြင် သိပ်မကြာသေးတဲ့ ကာလမှာ အဆိုတော် ချစ်သုဝေရဲ့ဖခင်က ဥဏ္ဏလုံး မွေးရှင်တော်ကို ဒုတိယ စုရဲ့ နဖူးမှာ တပ်ပြီး ရေးဆွဲပြန်တယ်။ မလုပ်ကောင်း၊ မလုပ်အပ်တာ၊ မနှိုင်းအပ်တာကို နှိုင်းအပ်ပြတာအတွက် တစ်ခွန်းလေးသော်မျှ နှုတ်က ထွက်မလာဘူး။ 


ကျွန်တော်တို့ရဲ့ ဘုရားရှင်ဟာ ယခင် ထမီတန်းအောက်ကနေ အခု နဖူးထိ တက်လာပြီလို့တောင် ဖြေသိမ့်လိုက်ရမယ့် ဟန်ပဲ။ နီပေါတွေအတွက် အရိယာကြီးဆိုသူဟာ မိထွေးတော်ဂေါတမီတို့ထက်တောင် သာလွန် နေတယ်လို့ ယူဆနေလေသလား။ ကျွန်တော်ကတော့ ဧတဒဂ်တောင် ပေးလို့ရရင် ပေးချင်ပါရဲ့။ ဘာသာတရားအပေါ် ဥပက္ခာအပြုနိုင်ဆုံးဆိုတဲ့ ဧတဒဂ်ပေါ့လေ။ 


အခု လတ်တလောမှာ နောက်ထပ် ဘာသာရေးကို စော်ကားတာ ခံရပြန်ပြီ။ Project K ဆိုတဲ့အဖွဲ့က အက ပြိုင်တာ ရွှေတိဂုံစေတီပုံတော်ကို နင်းပြီး အကပြိုင်သတဲ့။ နာလိုက်တဲ့ ရင်ကွယ်။ သူတို့ အောင်မြင်မှုအတွက် ဘုရားရှင်ရဲ့ ကိုယ်စားတော် စေတီပုံရိပ်ကို နင်းချေ ရက်သတဲ့လား။ ဒီအဖွဲ့ကရော ဒုတိယစုနဲ့ ဘာများ ဆက်စပ်နေသလဲ။ တွေးစရာမလိုဘူး။ အမြင်ကို ပြနိုင်ပါရဲ့။ 


ဒီ Project K အဖွဲ့ကို အနုပညာအကြံပေးတာ လုပ်ခဲ့ဖူးတာ ဘယ်သူလို့ထင်လဲ။ ဒုတိယစုပါ။ နောက်ဆုံးပြိုင်တဲ့နေ့မှာတောင် ဒုတိယစုရဲ့ ရင်ထိုး ကိုယ်စီနဲ့ ပြိုင်ခဲ့ကြတာကလား။ စဉ်းစားတဲ့အပိုင်း ပြန်စရအောင်။ ဒုတိယ စုက အနုပညာ အကြံပေးတယ်ဆိုတာ ဒါလား။ ကိုယ်တွေအတွက် အတိတ်က အကြောင်းတွေနဲ့ ဆက်စပ်မိရင် ဟုတ်တယ်လို့ပဲ ကောက်ချက်ချမိတာ အမှန်ပဲ။


မနည်းလှတဲ့ အကြောင်းအရာတွေ၊ ထောက်ပြလိုတာတွေကို အသာထား။ အခု ကျွန်တော် ပြောခဲ့တာတွေအပေါ် မှန်၊ မမှန် မိတ်ဆွေတွေလဲ သိကြမယ်ထင်ပါတယ်။ အလားတူစွာပဲ ရဟန်း၊ သံဃာတော်တွေလဲ သိမှတ်ထားကြမယ်ထင်ပါရဲ့။ အဲဒီတော့ ဆရာတော် အရှင်သူမြတ်အပေါင်းကို လျှောက်ထားလိုတာကတော့ မိမိတို့ ဘာသာရဲ့ အထွတ်အမြတ်ထားရာ၊ အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ကိုယ်စားတော်၊ ကိုယ်ပွားတော် များကို အခုလို နှိမ့်ချစော်ကားနေမှုကို ဟောပြောညွှန်ပြဆုံးမတာ မလုပ်ကြတော့ဘူးလား။ 

သာသနာတော် အရှည်တည်တံ့ပါမဲ့အရေး မတွေးဆကြတော့ဘူးလား။ ဒကာ၊ ဒကာမတွေကိုရော ဟောပြောသွန်သင်၊ လမ်းမှန်မပြကြတော့ဘူးလားလို့ လျှောက်တင် အပ်ပါသည်ဘုရား။ လူပုဂ္ဂိုလ်များအနေနဲ့လဲ Libral ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာတရားကို အခုလို စော်ကားနေတာကို ခေါင်းငုံ့ခံကြတော့မလားလို့ မေးလိုက်ချင်ပါသဗျာ။

Credit: Wai Gyi


Post a Comment

0 Comments

Total Pageviews