ကိုဗစ်ရဲ့ နှိပ်စက်ချက်ကတော့ ကိုယ်တွေမှာ အိမ်ထဲကနေ အိမ်ပြင်တောင် ထွက်ခွင့်မရတဲ့ဘဝ။ ရုံးမှာ ဝိုင်ဖိုင်လေးရလို့ FB ကို အဝသုံးခဲ့ရတာကနေ အခုလို အိမ်မှာကိုယ့်ပိုက်ဆံနဲ့ကိုယ်သုံးရတော့ သိပ်မကိုက်တာအမှန်။
ဒါပေမဲ့လဲ အလုပ်မရှိတော့ FB ပေါ်ကလဲ မဆင်းနိုင်။ သံသရာကို လည်လို့။ FB ပေါ်မှာပဲ သတင်းရနိုင်တာမဟုတ်လား။ ကိုဗစ်ကာလမှာ မားသားကြီးရဲ့ ကြွားကြွားဝံ့ဝံ့ မိန့်ခွန်းကြီးကိုလဲ နားထောင်ဖြစ်ရဲ့။
မြန်မာ့စီးပွားရေး ကျမသွားအောင် ထိန်းထားနိုင်တယ်တဲ့။ ကိုဗစ်ကိစ္စလဲ မကြာခင်ထိန်းနိုင်တော့မယ်လို့ ပြောသွားသေးတယ်။ ပြောသာပြောတယ်။ မောစရာက ဒီနေ့ဆိုရင် လူကသောင်းဂဏန်းရောက်နေပြီ။ သေသူက တစ်ရာကျော်။
ဘယ်လိုထိန်းနေသလဲ ဆိုတော့ မြေပြင်မှာ ကြားသလောက် အိမ်တံခါးပိတ်၊ ဂျိတ်ဆိုတဲ့မူ။ တပ်က စပြီးဖြစ်ပါပြီဆိုကတည်းက mask တပ်ဖို့ သတိပေးတယ်။ ကျန်းမာရေးနဲ့မညီတဲ့ ပိတ်စ mask က လုံခြုံတယ်လို့ message အမှားနဲ့ ပြည်သူကို ဂျင်းထည့်တယ်။ တပ်က စစ်တဲ့စက်တွေ အသင့်ရှိတယ်။ ကူပါရစေဆိုတော့ သောက်ရေးမလုပ်။ Quaratine centre လုပ်ဖို့ ပြင်ထားပါတယ်။
ကူပါရစေပြောတယ်။ တပ်ကို ပြည်သူက ချစ်သွားလိမ့် မယ်လို့ ပေစုတ်စုတ်အတွေးနဲ့ အဖက်မလုပ်။ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သင့်ကြောင်းကို တပ်ချုပ်က ပြောတော့ ရွဲ့သလို၊ မဲ့သလိုနဲ့ ခရီးသွား လို့ရပါပြီလို့ လုပ်ပြန်ရော။ အနောက်တံခါးပွင့်နေတယ်။ သတိထားပါလို့ဆိုတော့လဲ အကြားမညပ်။
ဟော။ သိပ်မကြာပါဘူး။ ရခိုင်ကနေ ပိုးတွေပြန်တွေ့။ သိပ်တော်လွန်းတော့ပိုးတွေ့သူ၊ဆက်စပ်သူတွေကို ပြန်ပြီးမထိန်းချုပ်နိုင်။ ပိုးတွေက ဆက်ပြန့်။ ဒုတိယလှိုင်းဆိုတဲ့အပိုင်းမှာ လူတွေသေ။ အစိုးရဘယ်လဲ၊ ဘာလဲလို့ မေးခွန်းတောင် ပြန်ထုတ်လိုက်ချင်ပါရဲ့။ သူများနိုင်ငံက ကျန်းမာရေး ဝန်ကြီးတွေကတော့ တာဝန်ရှိတယ်။ တာဝန်ခံတယ်။ ကိုယ်အသုံးမကျဘူးဆိုတာသိတာနဲ့ ထွက်ခွင့် တင်တယ်။
ကိုယ်တွေ မြန်မာကတော့ စ လုပ် ကတည်းက ယိုင်ထိုးထိုး။ ကျန်းမာရေးဝန်ကြီးဆိုသူရဲ့လာကြည့်လိုက်၊ ဖျားသွားမယ်ဆိုတဲ့သမိုင်းဝင်စကားနဲ့ စ တယ်။ တကယ်လဲဖြစ်ရော ဘာမှအသင့်မရှိ။ ဘုန်းတော်ကြီး တွေနဲ့ စစ်တပ်ကလူတွေ၊ အရပ်ရပ်က ဗော်လံတီယာ တွေကူလို့သာ သက်သာရတယ်။ အခုထိလဲ ထိန်းနိုင် ပါတယ်။ အဆင်ပြေပါတယ်သာအော်နေတာ။ အဆင်မပြေမှုတွေကမနည်း။
အခုလို လူတွေရာကျော် သေတဲ့အချိန်အထိ အော်ကောင်းတုန်း။ တာဝန်ယူ၊ တာဝန်ခံမှုအနေနဲ့ လူဘယ်နှစ်ယောက် တိုးပါပြီ၊ ဘယ်နှစ်ယောက်တော့ သေပါပြီလို့ ကြေညာပေးနေတာနဲ့ တာဝန်ကျေတယ်ထင်နေလေသလားပဲ။ ကျွန်မသာဆိုတဲ့အတွေးဝင်ရင် နုတ်ထွက်ယုံမက သတ်တောင် သေမိမယ်ထင်တယ်။အခြားတစ်ဘက်တပ်ကလူတွေကတော့ သိပ်စကား မပြောဘူး။
လုပ်ဟေ့ဆိုတာနဲ့ ချက်ခြင်းအကောင် အထည်ပေါ်တယ်။ ဒါမျိုးကျတော့လဲ ကျန်းမာရေး ဝန်ကြီးဌာနက အတုယူရကောင်းမှန်းမသိ။ အပုပ်ချတိုက်ခိုက်ဖို့ဆို သိပ်ညီကြတဲ့ လဒတွေကလဲ အသံမထွက်။တော်တော်အားကိုးရပါပေရဲ့။ ရေးရင်းနဲ့ စိတ်တွေလဲ တိုလာလေတော့ အရိုင်းဆန်တာတွေလဲ ပါသွားတာတော့ သည်းခံကြ စေလိုပါတယ်။
အဖြေထုတ်ကြရအောင်။ ပြည်သူဆိုတာကို ပါးစပ်ကသာ ချစ်ပြပြီး လက်တွေ့ဘဝမှာ ပြည်သူကို ချစ်တဲ့အပြုအမူဆိုတာ လဒပါတီမှာ မူးလို့တောင် ရှုစရာ မရှိဘူး။

0 Comments