ငရဲမကြောက်တဲ့ အနီကြောင်များ
အခုတလော ဖေ့စဘုတ်ထက်မှာ သတင်းတွေတက်တာ အတော်များသား။ အများတကာ သတင်းထဲမှာမှ အင်းစိန်ရွာမကျောင်း ပိုးတွေ့တဲ့ကိစ္စ ပွထာလာတာတော့ သိသာပါရဲ့။ ထူးထွေသည့်အရာ NLD ဘက်က အော်သံတွေအတော်များသဗျ။ စ ဖြစ်စဉ်က ဝမ်းသာအားရဆိုသလို မှတ်ချက်တွေရေးကြ၊ အပြန်အလှန် မျှဝေကြနဲ့ ငရဲ ပြည်ကို နိဗ္ဗာန်အလား ထင်မှတ်မှားကြသကိုး။
အခုတစ်ဖန်ကျ ဒါဟာ အစိုးရကို ထိုးနှက်ပါမဲ့အကြောင်းပါလို့အသွင်တစ်မျိုးပြောင်းပြီး ထိုးနှက်ကြပြန်ပါရော့လား။ မဘသ ဆိုတဲ့အဖွဲ့ကြီးကနေ လက်ရှိကာလ ဖောင်ဒေးရှင်းအဖြစ် ပြောင်းပြီးဖွဲ့စည်းသည်အထိ သူတို့အနေနဲ့ ကြည့်မရခဲ့လေတော့ အခုလိုတစ်ဖန် ထိုးနှက်ပြန်တာ မထူးဆန်းပါဘူးလေ။
အစိုးရတက်ပြီးမကြာ ရန်ကုန်ဝန်ကြီးချုပ် ဖြိုးမင်းသိန်းက မဘသ မလိုတော့ဘူးလို့ ကြွေးကြော်ခဲ့တဲ့အဖွဲ့၊ စင်္ကာပူရောက် မြန်မာတွေနဲ့ တွေ့စဉ်မှာလဲ မဘသဆိုတာ မရှိအပ်တဲ့အဖွဲ့ပါလို့ ဆိုခဲ့တဲ့အဖွဲ့၊ ယဉ်ကျေးလိမ္မာလှတဲ့ သမီးရတာနာပိုင်ဆိုင်ထားတဲ့ သာဝန်ကိုယ်တိုင်က မဘသ ဖြစ်ဖြစ်၊ ဗုဒ္ဓ၊ဓမ္မပရဟိတဖောင်ဒေးရှင်းပဲဖြစ်ဖြစ် တရားမဝင်ဘူးလို့ ကြွေးကြော်ခဲ့တဲ့အဖွဲ့ စတဲ့အကြောင်းအရာတွေအရ သူတို့ပါတီဝင်တွေ ထိုးနှက်ကြတာ မဆန်းပေဘူးပေါ့။ ဆိုခဲ့ပါ အချက်တွေကို ခနထား သူတို့ပြောလာတဲ့ အစိုးရကို ထိုးနှက်ချင်လို့ ကိုယ်တိုင်လုပ်သလို စွပ်စွဲနေတာကို ပြန်ဆန်းစစ်ရအောင်။ မဘသ ဆိုတာကို စ ဖွဲ့စဉ်ကတည်းက ကြည့်မရသူတွေက ပိုးနဲ့တိုက်တယ်လို့ မြင်ကြည့်လို့ရော မရနိုင်ဘူးလား။ အဲဒီကောက်ချက်အတွက် အချက်အလက်တစ်ချို့ကို ပြန်ရှာစဉ်းစားကြည့်ရအောင်။ ဒီလ ၁၂ ရက်နေ့က ဒေါက်တာမေဝင်းမြင့်ဆိုတဲ့အမျိုးသမီးကြီးက NLD ဝတ်စုံဝတ်ပြီး အဖျက်အမှောင့်လုပ်နေတာ သတိထားကြဖို့၊ ပါတီဝင်မဟုတ်ပဲ ဝတ်စုံဝတ်လာရင် Video ရိုက်ထားဖို့ ပြောခဲ့တယ်။ ဒေါက်တာမေဝင်းမြင့်ဆိုတာ ငုံးဥသည်ကုလားအတွက် အလျှုငွေပေးစဉ်မှာ ဘာသာတစ်ခုတည်းက ကြီးစိုးဗိုလ်ကျနေတာ လက်မခံဘူးလို့ ပြောခဲ့တဲ့ အန်တီကြီး။ သူပြောခဲ့တဲ့စကားထဲမှာ အခရာအကျဆုံးက ၂၀၁၈ ဇူလိုင်လတုန်းကလုပ်ခဲ့တဲ့ ဗဟိုအမျိုးသမီးညီလာခံအပိတ်မိန့်ခွန်းမှာ လုပ်ငန်းအောင်မြင်ဖို့အဓိကထားပြီး သိုသိုသိပ်သိပ်လုပ်ပါလို့ ညွှန်ကြားခဲ့သေးတာ။ ပြန်ဆက်စပ်ကြည့်။ သိုသိုသိပ်သိပ် လုပ်ပါဆိုတာရယ်၊ ဝတ်စုံမဝတ်ဖို့ သွယ်ဝိုက်ပြောကြားချက်တွေဟာ သတိမထားသင့်ဘူးလား။ ဒါ့အပြင် လက်ရှိ ဆရာတော်တွေကို ကူညီဆေးကုနေတာက တပ်မတော်။ အန်တီကြီးက မေလ လွှတ်တော်မှာတုန်းက တပ်ရဲ့ဘတ်ဂျက်ဖြတ်တောက်ပေးဖို့ အဆိုတင်ခဲ့သူ။
ကိုင်း။ အိုင်ပီရေ။ တရားခံကတော့ တန်းနေအောင် မြင်ရပြီလို့ ဆိုရမယ်ထင်ပါရဲ့။ အစိုးရမဖြစ်ခင်ကနေ လက်ရှိကာလအထိ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ အသံမကြားချင်သူတွေ၊ နောက်ဆုံးဇာတိမာန်သီချင်းတောင် မဆိုသင့်ဘူးဆိုခဲ့တဲ့ပါတီ။ မဘသကိုဖျက်ခိုင်းပြီး အခြားဘာာသာဝင်ပွဲတွေကိုမှ တက်တက်ကြွကြွ လုပ်ပြပေးနေတဲ့ပါတီ။ မြန်မာတိုင်းရင်းသားတွေ ဒုက္ခရောက်နေတော့ ဇီးရိုးဘတ်ဂျက်လို့ပြောဆိုငြင်းပယ်ခဲ့ပြီး သူတို့ပထွေးတွေအတွက် အိမ်တစ်ဆောင်၊ မီးတစ်ပြောင်နဲ့ မြို့သစ်၊ ရွာသစ်တွေ တည်ပေးခဲ့တဲ့ပါတီ။ အကြောင်းအရာတွေ မနည်းလှတဲ့အထဲက အချက်တစ်ချို့နဲ့တင် အဖြေက လယ်ပြင်မှာ ဆင်သွားတာထက်တောင် ထင်ရှားနေပါသဗျာ။ မဘသ၊ တစ်နည်းအားဖြင့် ဗုဒ္ဓ၊ဓမ္မထောင်ဒေးရှင်းကို အမြစ်ပြတ်ချေမှုန်းရေးအတွက် Covid ရောဂါ လာဖြန့်သွားသူဟာ သူတို့ပါတီမှအပ လက်ညှိုးထိုးပြစရာ မရှိပါဗျား။ Credit: Win Myat Oo
  • Zawgyi Version
Post a Comment
0 Comments
Total Pageviews