အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်းမရှိသော ဆူပူဆန္ဒပြမှုများနှင့် စပ်လျဉ်းသည့် ဖမ်းဆီးထိန်းသိမ်းခဲ့သူ (၅၃၁၅)ဦးအား လွှတ်ပေးခဲ့ကြောင်းနှင့် သတင်းပို့ဆက်သွယ်လာသူ(၇၀၂)ဦးတို့၏ အမှုများကိုပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်

on Tue, 09/21/2021 - 17:35

အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်းမရှိသော ဆူပူဆန္ဒပြမှုများနှင့် စပ်လျဉ်းသည့် ဖမ်းဆီးထိန်းသိမ်းခဲ့သူ (၅၃၁၅)ဦးအား လွှတ်ပေးခဲ့ကြောင်းနှင့် သတင်းပို့ဆက်သွယ်လာသူ(၇၀၂)ဦးတို့၏ အမှုများကိုပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မက တာဝန်လွှဲပြောင်းရယူခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် လျက်ရှိရာ တည်ငြိမ်အေးချမ်းရေးကို မလိုလားသော နိုင်ငံရေးအစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကိုထောက်ခံသူများ၊ CRPH နှင့် NUG တို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူဆန္ဒပြ မှုများတွင် ပါဝင်ခဲ့သော်လည်း အကြမ်းဖက် လုပ်ရပ်များဖြစ်သည့် လူသတ်၊ လုယက်၊ မီးရှို့မှုများ၊ အများ ပြည်သူအား အုပ်စုဖွဲ့တိုက်ခိုက်မှု၊ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများဖျက်ဆီးမှုနှင့် အခြားပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိသူများ၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်း လမ်းဖြင့်ဖြစ်စေ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်မှုမရှိသူများအား ၎င်းတို့အပေါ် အရေးယူထားမှု များကို ဥပဒေနှင့်အညီ ပြန်လည်ဖြေလျှော့ပေးခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခဲ့သူ (၅၃၁၅)ဦးအား လွှတ်ပေး ခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများအား မိမိသဘောဆန္ဒအလျောက် ဆက်သွယ်သတင်းပို့ပါက အထက်တွင်ဖော်ပြခဲ့သည့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်းမရှိပါက ၎င်းတို့အ‌ပေါ် ရေးဖွင့်ထားသည့်အမှုများကိုလည်း ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် သတင်းပို့ဆက်သွယ်သူ (၇၀၂)ဦးတို့၏ အမှုများကိုပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။ 

Post a Comment

0 Comments

Total Pageviews