ရခိုင်ပြည်နယ် နှင့် ပြည်တွင်းဆဲလ်များအကြောင်း

 ရခိုင်ပြည်နယ် နှင့် ပြည်တွင်းဆဲလ်များအကြောင်း

မြန်မာနိုင်ငံရဲ့ အနောက်တံခါးအရေးဟာဆိုရင် မြန်မာပြည်သားတွေ အလေးအနက် ထားမှု လျော့နည်းလာပေမယ့် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းနေကြတဲ့ နိုင်ငံတကာ အတွက်တော့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် အမျိုးမျိုးကြိုးပမ်းနေကြဆဲပါပဲ။ ဒီလိုကြိုးပမ်းမှုတွေထဲမှာ နိုင်ငံတကာ တရားရေးတွေသာမက ၊ နိုင်ငံအတွင်းက ပြည်တွင်း လောက်ကောင်များကိုပါ ထိထိမိမိအသုံးပြုနေကြသလို ၊ သူတို့ရဲ့ သြဇာခံတွေကိုလည်း လွှတ်တော်ထဲမှာရောက်ပြီး သူတို့ရဲ့ လိုလားချက်တွေကို လွှတ်တော်အသံအဖြစ် ပုံဖော်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

အဲ့ဒီလိုအမျိုးမျိုးသော လုပ်ဆောင်ချက်တွေထဲကမှ အားလုံးသိကြတဲ့ ICC/ICJ ဆိုတဲ့ နိုင်ငံတကာ တရားရုံးတွေမှာ အမှုရင်ဆိုင်စေဖို့နဲ့၊ အဲ့ဒီက ဆုံးဖြတ်ချက်တွေနဲ့အတူ အနောက်တံခါးဖြစ်တဲ့ ရခိုင်ပြည်နယ်ကို  ကုလသမဂ္ဂအစီအမံနဲ့ safe zone အဖြစ် တောင်းခံပြီး ဦးထုပ်အပြာလို့ခေါ်တဲ့ ကုလသမဂ္ဂတပ်တွေ ဝင်နိုင်ရေး ကြိုးပမ်းကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဦးထုပ်အပြာလို့ ခေါ်တဲ့ ကုလတပ်ဖွဲ့ဝင်ဆိုတာကလည်း အခြားကုလအဖွဲ့ဝင်နိုင်ငံတွေက လာကြမှာမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်က ကုလတပ်ဖွဲ့ဝင် ဘင်္ဂလားနိုင်ငံသားတွေပဲ ဝင်လာကြမှာဖြစ်ပါတယ်။ တနည်းပြောရရင်တော့ နားလှည့် ပါးရိုက်မှာပဲဖြစ်ပါတယ်။

ဒီလိုဖြစ်အောင် ကြံဆောင်နေကြပေမယ့် သူတို့အတွက် ကြီးမားတဲ့ အဟန့်အတားကတော့ စစ်တပ်ပါပဲ။ ဒါကြောင့် စစ်တပ်ကို သူတို့သြဇာခံတဲ့ အစိုးရအောက်မှာ ရှိနေအောင် ကြိုးပမ်းနေသလို၊ အစိုးရလက်အောက်မှာ မရှိပဲ မားမားရပ်နိုင်နေရတဲ့ အကြောင်းအရင်း တွေကိုလည်း ရှာဖွေဖျက်ဆီးနေကြတာ အသိပါပဲ။ ဒါတွေကတော့ စစ်တပ် ပါဝင် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ဟန့်တားဖျက်ဆီးဖို့ပဲဖြစ်ပါတယ်။ ဒီလို ဝင်ငွေတွေ၊ လုပ်ငန်းတွေ မရှိမှသာ  စစ်တပ်ဟာ အစိုးရဘက်ဂျက်ကို မျှော်သုံးရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါ။ ဒီအခါမှသာ အစိုးရက ဘက်ဂျက်ကိုပေးချင်သလိုပေးမယ်၊ ဖြတ်ချင်သလို ဖြတ်ရင်း စစ်တပ်ကို ထိန်းကျောင်းသွားမယ်ပေါ့။ ဒါပေမယ့် လက်ရှိ ဗမာ့စစ်တပ်က ဒီလို မဟုတ်ဘူး။ အစိုးရပေးတဲ့ ဘက်ဂျက်ဟာ လစာပေးဖို့သာသာပဲရှိတယ်။ ကျန်တဲ့ လိုငွေကို စစ်တပ်က စီးပွားရေးလုပ်ငန်းနေကရနေတာကြောင့် ဘားမားယူကေ လိုအဖွဲ့တွေက စစ်တပ်ရဲ့ စီးပွားရေးအစုအဖွဲ့ဖြစ်တဲ့ ဦးပိုင်ကို ဦးတည်တိုက်ခိုက် နေသလို ၊ လုပ်ငန်း ဘက်တွေကိုတွေလည်း ရှာဖွေတိုက်ခိုက်နေတာဖြစ်တယ်။



ဒီလိုစစ်တပ်ကို အင်အားချိနဲ့အောင် အဘက်ဘက်က လုပ်နေသလို  စစ်တပ်ကို ဦးဆောင် နေတဲ့ လက်ရှိခေါင်းဆောင်တွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တာ ၊ ပြည်ဝင်ခွင့်ပိတ် တာတွေ လုပ်နေသလို ၊ ပုဂ္ဂိုလ်ရေးအရ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်နေကြတာ သိစေချင်တယ်။ ဒီအထဲမှာ ပြည်တွင်းက လောက်ကောင်တွေလဲပါတယ်။ ဟိုတနေ့က ဖတ်လိုက်ရတဲ့ သတင်းမှာဆိုရင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ် ၃ ဦးက ဗမာစစ်ခေါင်းဆောင်တွေကို ICC/ICJ က တရားစွဲဆိုတာကို ထောက်ခံ တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ သိလိုက်တယ်။ တကယ်တော့ သူတို့ရဲ့ နောက်ခံအကြောင်းတွေကိုသိရင် ဘာမှ အထင်ကြီးစရာမရှိပါဘူး။ တစ်ဦးမှ ဘွဲ့ရပညာ တတ်မပါသလို ၊ နိုင်ငံရေးသမိုင်းကြောင်း ရှိသူတွေလည်း မဟုတ်ဘူး။ ပြည်ပက လက်ဝေခံ ဆဲလ်တွေ အဆင့်ပဲရှိတယ်။ သူတို့ကို ဒေါ်လာပေးနေတဲ့လူတွေအကြိုက် လုပ်ရမှာက သူတို့တာဝန်ပဲ။ သူတို့ ဒေါ်လာရရေးလုပ်နေတာ သူတို့အသိဆုံးပဲ။ ဘာမှအထင်မကြီးဘူး။

ဒါပေမယ့် ဒါကို မသိနားမလည်တဲ့ ပြည်သူတွေအနေနဲ့ ဝင်မယောင်ကြနဲ့။ သူတို့က ဒီလို ယောင်သူတွေကို သူတို့က အသုံးချနေတာ။ သူတို့ ထောက်ခံလို့လဲ ဗမာစစ်ခေါင်းဆောင် တွေကို လေယာဉ်နဲ့ လာဖမ်းသွားမှာ မဟုတ်ဘူး။ သူတို့ပဲ ဒေါ်လာရမှာ။ ဒါပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေကတော့ သူတို့ရဲ့ သမိုင်းပဲ။ ဒါပေမယ့် ဒီလို နိုင်ငံရေးလုပ်စားတွေက တိုင်းပြည်ကို ဒေါ်လာနဲ့ရောင်းစားနေတယ်ဆိုတာကတော့ နောက်ဆောင်းပါးတွေမှာ ထပ်ပြောပြပါဦးမယ်။


Post a Comment

0 Comments

Total Pageviews